လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဖီးသွမ်ဆန်က ကလပ်အသင်းဟာ ကိုယ်ဘာသာ သာယာကျေနပ်နေပြီး ဝတ်ဖိုဒ့်နဲ့ပွဲမှာဆိုရင် မြင်သာခဲ့တယ်လို့ ဝေဖန်သွားပါတယ်။

သွမ်ဆန်က ကလပ်အသင်းသားတွေ ကွင်းထဲမှာ အာရုံစိုက်ဖို့ ဟန်ဒါဆန်လို ခေါင်းဆောင်ကို လိုအပ်နေပြီး အက်သလက်တီကိုနဲ့ ပထမအကျော့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူရဲ့ အသင်းဖော်တွေကို စည်းလုံးစေမှုတွေ လိုအပ်နေတယ်လို့ ဆိုတယ်။ သူက ကလပ်အသင်းဟာ ဒီနောက်ပိုင်းပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေမှာ ရှိမနေတာကိုလည်း သတိပေးခဲ့ပါတယ်။

ဖီး သွမ်ဆန် ” လီဗာပူးရဲ့ နောက်ဆုံး နှစ်ပွဲက ဂျော်ဒန်ဟန်ဒါဆန်က ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာ ပြသလိုက်တာပါပဲ။ သူက ကွင်းလယ်လူအဖြစ်ပဲ အသင်းကို ကူညီပေးတာ မဟုတ်ပါဘူး။ ကွင်းထဲမှာ အသင်းဖော်တွေထံက ပိုမိုတဲ့ စွမ်းဆောင်ရည်တွေရဖို့ အများကြီး တောင်းဆိုသူဖြစ်ပါတယ်။ အသင်းဖော်တွေကို ညွှန်ကြားမှုတွေနဲ့ ထိန်းချုပ်ပြီး စွမ်းဆောင်ရည်တွေ ပိုရဖို့ တိုက်တွန်းနေသူပါ။

ဟန်ဒါဆန်က ခေါင်းဆောင်ပါ။ ကွင်းထဲမှာ ဦးဆောင်မှုကောင်းတွေ ပြနေပြီး လီဗာပူးက သူ့ကို တကယ်ကို လိုအပ်နေခဲ့ပါတယ်။ ဝတ်ဖိုဒ့်နဲ့ပွဲကို လူတိုင်း ကြည့်ခဲ့ကြမှာဖြစ်ပြီး လီဗာပူးက ကိုယ်ဘာသာ အားရကျေနပ်နေကြတာကို မြင်ခဲ့ကြမှာပါ။ ပြိုင်ပွဲတွေကို အဲ့လိုစိတ်နဲ့ သွားရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် တန်းဆင်းဇုန် အန္တရာယ်ကနေ ကင်းလွတ်ဖို့ အစွမ်းကုန် တိုက်ခိုက်နေတဲ့ အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ချိန်မှာပေါ့။

ဆောင်းရာသီ အားလပ်ရက်ကနေ ပြန်လာကတည်းက လီဗာပူးဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေမှာ ရှိမနေတော့ပါဘူး။ ဒီလိုဖြစ်လာနိုင်တယ်လို့ လီဗာပူးပရိသတ်တွေ အများအပြားကလည်း ကြိုတင်ပြောဆိုထားခဲ့ကြတာ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

လီဗာပူးဟာ ဒီညမှာတော့ ချယ်ဆီးနဲ့ အက်ဖ်အေပွဲ ကစားရမှာဖြစ်ပြီး ဟန်ဒါဆန်ကတော့ ပါဝင်လာနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အက်သလက်တီကို ကို အန်ဖီးကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး အဆိုပါပွဲမှာ ပါဝင်လာနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဖီးသြမ္ဆန္က ကလပ္အသင္းဟာ ကိုယ္ဘာသာ သာယာေက်နပ္ေနျပီး ဝတ္ဖိုဒ့္နဲ႔ပြဲမွာဆိုရင္ ျမင္သာခဲ့တယ္လို႔ ေဝဖန္သြားပါတယ္။

သြမ္ဆန္က ကလပ္အသင္းသားေတြ ကြင္းထဲမွာ အာရံုစိုက္ဖို႔ ဟန္ဒါဆန္လို ေခါင္းေဆာင္ကို လိုအပ္ေနျပီး အက္သလက္တီကိုနဲ႔ ပထမအေက်ာ့ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ကြင္းလယ္လူရဲ႕ အသင္းေဖာ္ေတြကို စည္းလံုးေစမႈေတြ လိုအပ္ေနတယ္လို႔ ဆိုတယ္။ သူက ကလပ္အသင္းဟာ ဒီေနာက္ပိုင္းပြဲေတြမွာ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြမွာ ရွိမေနတာကိုလည္း သတိေပးခဲ့ပါတယ္။

ဖီး သြမ္ဆန္ ” လီဗာပူးရဲ႕ ေနာက္ဆံုး ႏွစ္ပြဲက ေဂ်ာ္ဒန္ဟန္ဒါဆန္က ဘယ္ေလာက္ေတာင္ အေရးၾကီးသလဲဆိုတာ ျပသလိုက္တာပါပဲ။ သူက ကြင္းလယ္လူအျဖစ္ပဲ အသင္းကို ကူညီေပးတာ မဟုတ္ပါဘူး။ ကြင္းထဲမွာ အသင္းေဖာ္ေတြထံက ပိုမိုတဲ့ စြမ္းေဆာင္ရည္ေတြရဖို႔ အမ်ားၾကီး ေတာင္းဆိုသူျဖစ္ပါတယ္။ အသင္းေဖာ္ေတြကို ညႊန္ၾကားမႈေတြနဲ႔ ထိန္းခ်ဳပ္ျပီး စြမ္းေဆာင္ရည္ေတြ ပိုရဖို႔ တိုက္တြန္းေနသူပါ။

ဟန္ဒါဆန္က ေခါင္းေဆာင္ပါ။ ကြင္းထဲမွာ ဦးေဆာင္မႈေကာင္းေတြ ျပေနျပီး လီဗာပူးက သူ႔ကို တကယ္ကို လိုအပ္ေနခဲ့ပါတယ္။ ဝတ္ဖိုဒ့္နဲ႔ပြဲကို လူတိုင္း ၾကည့္ခဲ့ၾကမွာျဖစ္ျပီး လီဗာပူးက ကိုယ္ဘာသာ အားရေက်နပ္ေနၾကတာကို ျမင္ခဲ့ၾကမွာပါ။ ျပိဳင္ပြဲေတြကို အဲ့လိုစိတ္နဲ႔ သြားရမွာ မဟုတ္ပါဘူး။ အထူးသျဖင့္ တန္းဆင္းဇုန္ အႏၱရာယ္ကေန ကင္းလြတ္ဖို႔ အစြမ္းကုန္ တိုက္ခိုက္ေနတဲ့ အသင္းတစ္သင္းနဲ႔ ယွဥ္ျပိဳင္ခ်ိန္မွာေပါ့။

ေဆာင္းရာသီ အားလပ္ရက္ကေန ျပန္လာကတည္းက လီဗာပူးဟာ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြမွာ ရွိမေနေတာ့ပါဘူး။ ဒီလိုျဖစ္လာႏုိင္တယ္လို႔ လီဗာပူးပရိသတ္ေတြ အမ်ားအျပားကလည္း ၾကိဳတင္ေျပာဆိုထားခဲ့ၾကတာ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။

လီဗာပူးဟာ ဒီညမွာေတာ့ ခ်ယ္ဆီးနဲ႔ အက္ဖ္ေအပြဲ ကစားရမွာျဖစ္ျပီး ဟန္ဒါဆန္ကေတာ့ ပါဝင္လာႏုိင္ဦးမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အက္သလက္တီကို ကို အန္ဖီးကြင္းမွာ ဧည့္ခံကစားရဖို႔ ရွိေနျပီး အဆိုပါပြဲမွာ ပါဝင္လာနုိင္ဖြယ္ ရွိေနတာ ျဖစ္ပါတယ္။