ယူအီးအက်ဖ်အေက ကိုရိုနာကိစ္စအပေါ် အလေးအနက်ထား စောင့်ကြည့်လေ့လာနေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက် ဒုတိယအကျော့အတွက် ဒီဖြစ်ရပ်ကို ဂရုစိုက်နေတယ်လို့ သိရပါတယ်။

ဂိုးမက်စ်က အင်္ဂလန်လက်ရွေးစင် အသင်းဖော် စတာလင်နဲ့ ပြဿနာဖြစ်ခဲ့တဲ့ အချိန်တွေက ရင်ဆိုင် ကျော်ဖြတ်ရ ခက်ခဲလွန်းခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့်လည်း အသင်းဘက်က ဒီကိစ္စကို ပြီးပြီလို့ ဆုံးဖြတ်လိုက်တာကြောင့် ခေါင်းထဲကနေ ထုတ်ခဲ့ရတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဒီကနေ့ညမှာတော့ အက်ဖ်အေပွဲအပြင် လူငယ် ယူအီးအက်ဖ်အေပွဲလည်း ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး လီဗာပူးက ဘင်ဖီကာကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီကနေ့ပွဲမှာ အီလီယော့၊ ဗန်ဒန်ဘယ်ရာနဲ့ ဟိုဗာတို့ ပါဝင်လာမယ်လို့ သိရပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ဖောင်လာဟာ သြစတျေးလျားမှာ အလားအလာကောင်းတွေ ပြသနေပြီး ဖေဖော်ဝါရီအတွင်း ရံှူးပွဲမရှိအောင် ကြိုစားနိုင်လို့ တစ်လတာ အကောင်းဆုံး မန်နေဂျာဆုအတွက်ပါ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ်။

စတီဗင်ဂျရတ်က သူဟာ ရိန်းဂျားအသင်းအတွက် အကုန်လုံးကို ပုံအောပြီး ဆက်လက် ယှဉ်ပြိုင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ စကော့ကလပ်မှာ ဟတ်အသင်းကို အရေးနိမ့်အပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်ခဲ့တဲ့ ဂျရတ်ဟာ ရိန်းဂျားကနေ ထွက်ခွာမယ့် စကားမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး မိုမို ဆစ်ဆိုခိုက သူ့အတွက် ကာရေဂါနဲ့ စတီဗင်ဂျရတ်တို့က စံပြကစားသမား ဖြစ်ခဲ့သလိုပဲ မီလ်နာက လူငယ်ကစားသမားတွေ သင်ယူလို့မကုန်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားကြီးအဖြစ် ချီးကျူးပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ဗြိတိန်မှာ အားကစားပွဲတွေ ရပ်ဆိုင်းရဖို့ ဖြစ်လာခဲ့ရင် ကွင်းပိတ်ပြီး ရုပ်သံကနေ ပြသခွင့်အတွက် ဆွေးနွေးမှုကို စတင်နေကြပြီ ဖြစ်ပါတယ်။

ချယ်ဆီးမန်နေဂျာလမ်းပတ်က အခြားသော ကလပ်အသင်းတွေနည်းတူ သူကလည်း လီဗာပူးအသင်းကို လေ့လာပြီး တိုးတက်လာအောင် တည်ဆောက်မှုတွေကို ပြုလုပ်လိုတယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးနဲ့ အက်ဖ်အေပွဲမှာ လီဗာပူးဂိုးပေါက်ကို အယ်လီဆန်အစား အတ်ဒရီယန် တာဝန်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအက ကိုရိုနာကိစၥအေပၚ အေလးအနက္ထား ေစာင့္ၾကည့္ေလ့လာေနျပီး ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ ဒုတိယအေက်ာ့အတြက္ ဒီျဖစ္ရပ္ကို ဂရုစိုက္ေနတယ္လို႔ သိရပါတယ္။

ဂိုးမက္စ္က အဂၤလန္လက္ေရြးစင္ အသင္းေဖာ္ စတာလင္နဲ႔ ျပႆနာျဖစ္ခဲ့တဲ့ အခ်ိန္ေတြက ရင္ဆိုင္ ေက်ာ္ျဖတ္ရ ခက္ခဲလြန္းခဲ့တယ္လို႔ ဝန္ခံလိုက္ပါတယ္။ ဒါေပမယ့္လည္း အသင္းဘက္က ဒီကိစၥကို ျပီးျပီလို႔ ဆံုးျဖတ္လိုက္တာေၾကာင့္ ေခါင္းထဲကေန ထုတ္ခဲ့ရတယ္လို႔ ဝန္ခံလိုက္ပါတယ္။

ဒီကေန႔ညမွာေတာ့ အက္ဖ္ေအပြဲအျပင္ လူငယ္ ယူအီးအက္ဖ္ေအပြဲလည္း ယွဥ္ျပိဳင္ကစားရဖို႔ ရွိေနျပီး လီဗာပူးက ဘင္ဖီကာကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ဒီကေန႔ပြဲမွာ အီလီေယာ့၊ ဗန္ဒန္ဘယ္ရာနဲ႔ ဟိုဗာတို႔ ပါဝင္လာမယ္လို႔ သိရပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္း ေဖာင္လာဟာ ၾသစေတ်းလ်ားမွာ အလားအလာေကာင္းေတြ ျပသေနျပီး ေဖေဖာ္ဝါရီအတြင္း ရံွဴးပြဲမရွိေအာင္ ၾကိဳစားႏိုင္လို႔ တစ္လတာ အေကာင္းဆံုး မန္ေနဂ်ာဆုအတြက္ပါ ဆန္ကာတင္စာရင္း ဝင္ခဲ့ပါတယ္။

စတီဗင္ဂ်ရတ္က သူဟာ ရိန္းဂ်ားအသင္းအတြက္ အကုန္လံုးကို ပံုေအာျပီး ဆက္လက္ ယွဥ္ျပိဳင္သြားမယ္လို႔ ေျပာဆိုလုိက္ပါတယ္။ စေကာ့ကလပ္မွာ ဟတ္အသင္းကို အေရးနိမ့္အျပီး အသင္းရဲ႕ စြမ္းေဆာင္ရည္ကို စိတ္ပ်က္ခဲ့တဲ့ ဂ်ရတ္ဟာ ရိန္းဂ်ားကေန ထြက္ခြာမယ့္ စကားမ်ိဳး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးကစားသမားေဟာင္းၾကီး မိုမို ဆစ္ဆိုခိုက သူ႔အတြက္ ကာေရဂါန႔ဲ စတီဗင္ဂ်ရတ္တို႔က စံျပကစားသမား ျဖစ္ခဲ့သလိုပဲ မီလ္နာက လူငယ္ကစားသမားေတြ သင္ယူလို႔မကုန္တဲ့ ပေရာ္ဖက္ရွင္နယ္ ကစားသမားၾကီးအျဖစ္ ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္တာဝန္ရွိသူေတြက ျဗိတိန္မွာ အားကစားပြဲေတြ ရပ္ဆုိင္းရဖို႔ ျဖစ္လာခဲ့ရင္ ကြင္းပိတ္ျပီး ရုပ္သံကေန ျပသခြင့္အတြက္ ေဆြးေႏြးမႈကို စတင္ေနၾကျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က အျခားေသာ ကလပ္အသင္းေတြနည္းတူ သူကလည္း လီဗာပူးအသင္းကို ေလ့လာျပီး တိုးတက္လာေအာင္ တည္ေဆာက္မႈေတြကို ျပဳလုပ္လိုတယ္လို႔ ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးနဲ႔ အက္ဖ္ေအပြဲမွာ လီဗာပူးဂိုးေပါက္ကို အယ္လီဆန္အစား အတ္ဒရီယန္ တာဝန္ယူသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။