ချယ်ဆီးမန်နေဂျာ လမ်းပတ်က သူဟာ လီဗာပူးရဲ့ တည်ဆာက်မှု ပုံစံတွေကို အထင်ကြီးပြီး စံပြအနေနဲ့ သင်ယူမှုကောင်းတွေ ပြုလုပ်ပါတယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ညမှာ အက်ဖ်အေဖလား ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့မယ့် နှစ်သင်းဟာ ရာသီစောတုန်းကလည်း စူပါဖလားမှာ ထိပ်တိုက်တွေ့ခဲ့ကြသေးတာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ မန်နေဂျာလမ်းပတ် လက်အောက်မှာ တည်ဆောက်မှုတွေကို ပြန်လုပ်နေပြီး လူငယ်သွေးသစ်တွေနဲ့အတူ အလားအလာကောင်းတွေ ပြသနေတဲ့ အသင်းကောင်း တစ်သင်းလည်း ဖြစ်ပါတယ်။

လမ်းပတ်က သူ့အမြင်ကို ပြောရာမှာ “ လီဗာပူးရဲ့ ခရီးလမ်းက မယုံနိုင်လောက်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ သူတို့အသင်း သွားခဲ့တဲ့ အနေအထားကို ကျနေ်ာတို့ မြင်ခဲ့ရပြီး အခုချိန်မှာဆိုရင် တကယ်ကို စက်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ အားလုံးကိုလည်း အနိုင်ယူနိုင်စွမ်း ရှိနေပါတယ်။

အဲ့အတွက် အချိန်ယူရနိုင်ပါတယ်။ အသင်းရဲ့ နောက်ကွယ်မှာ လူတိုင်းကလည်း ပြင်းပြင်းထန်ထန် ကြိုးစားကြရတာပါ။ ကျနေ်ာတို့ ချယ်ဆီးအတွက် ကြိုးစားနေသလိုပေါ့ဗျာ။ လီဗာပူး ကျော်ဖြတ်လာရတဲ့ နည်းလမ်းအတိုင်း ကျနေ်ာတို့ ဒီမှာ ကြိုးစားနေတာဖြစ်ပြီး သူတို့နည်းတူ ကျနေ်ာတို့ကို မေးခွန်းထုတ်လာတဲ့ ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။

ကျနော်တို့ ရပ်တန့်နေလို့ မရပါဘူး။ လီဗာပူးက အောင်မြင်တဲ့ အသင်းအဖြစ် တည်ဆောက်မှုမှာ မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာလည်း ပါပါတယ်။ ဗန်ဒိုက်၊ အယ်လီဆန်လို ကစားသမားတွေကို အချိန်မှန် အင်အားဖြည့်နိုင်ခဲ့တယ်။

သူတို့ လုပ်ပြခဲ့တဲ့ မယုံနိုင်လောက်တဲ့ ကိစ္စတွေအတွက် လီဗာပူးက အားလုံးရဲ့ စံပြ ဖြစ်နေဦးမှာပါ။ ကျနေ်ာတို့ အနေအထားကို သူတို့နဲ့ နှိုင်းယှဉ်မပြောလိုသလို ကျနော်ကလည်း စိတ်ကူးယဉ်တတ်တဲ့သူ မဟုတ်ဘူး။ လီဗာပူး ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာကို နးလည်တယ်လို့ပဲ ပြောပြလိုတာ ဖြစ်ပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAwGYI

ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က သူဟာ လီဗာပူးရဲ႕ တည္ဆာက္မႈ ပံုစံေတြကို အထင္ၾကီးျပီး စံျပအေနနဲ႔ သင္ယူမႈေကာင္းေတြ ျပဳလုပ္ပါတယ္လို႔ ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။

ဒီကေန႔ညမွာ အက္ဖ္ေအဖလား ျပိဳင္ဘက္ေတြအျဖစ္ ထိပ္တိုက္ေတြ႔မယ့္ ႏွစ္သင္းဟာ ရာသီေစာတုန္းကလည္း စူပါဖလားမွာ ထိပ္တိုက္ေတြ႔ခဲ့ၾကေသးတာ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ မန္ေနဂ်ာလမ္းပတ္ လက္ေအာက္မွာ တည္ေဆာက္မႈေတြကို ျပန္လုပ္ေနျပီး လူငယ္ေသြးသစ္ေတြနဲ႔အတူ အလားအလာေကာင္းေတြ ျပသေနတဲ့ အသင္းေကာင္း တစ္သင္းလည္း ျဖစ္ပါတယ္။

လမ္းပတ္က သူ႔အျမင္ကို ေျပာရာမွာ “ လီဗာပူးရဲ႕ ခရီးလမ္းက မယံုနုိင္ေလာက္တဲ့ ဇာတ္လမ္းတစ္ခုပါပဲ။ သူတို႔အသင္း သြားခဲ့တဲ့ အေနအထားကို က်ေန္ာတုိ႔ ျမင္ခဲ့ရျပီး အခုခ်ိန္မွာဆိုရင္ တကယ္ကို စက္ၾကီးတစ္ခုလို ျဖစ္ေနပါျပီ။ အားလံုးကိုလည္း အႏုိင္ယူႏုိင္စြမ္း ရွိေနပါတယ္။

အဲ့အတြက္ အခ်ိန္ယူရႏုိင္ပါတယ္။ အသင္းရဲ႕ ေနာက္ကြယ္မွာ လူတိုင္းကလည္း ျပင္းျပင္းထန္ထန္ ၾကိဳးစားၾကရတာပါ။ က်ေန္ာတို႔ ခ်ယ္ဆီးအတြက္ ၾကိဳးစားေနသလိုေပါ့ဗ်ာ။ လီဗာပူး ေက်ာ္ျဖတ္လာရတဲ့ နည္းလမ္းအတုိင္း က်ေန္ာတို႔ ဒီမွာ ၾကိဳးစားေနတာျဖစ္ျပီး သူတို႔နည္းတူ က်ေန္ာတို႔ကို ေမးခြန္းထုတ္လာတဲ့ ခက္ခဲတ့ဲ အခ်ိန္ေတြကို ရင္ဆိုင္ရဦးမွာပဲ ျဖစ္ပါတယ္။

က်ေနာ္တုိ႔ ရပ္တန္႔ေနလို႔ မရပါဘူး။ လီဗာပူးက ေအာင္ျမင္တဲ့ အသင္းအျဖစ္ တည္ေဆာက္မႈမွာ မွန္ကန္တဲ့ ကစားသမားေတြကို ေခၚယူႏုိင္ခ့ဲတာလည္း ပါပါတယ္။ ဗန္ဒိုက္၊ အယ္လီဆန္လို ကစားသမားေတြကို အခ်ိန္မွန္ အင္အားျဖည့္ႏုိင္ခဲ့တယ္။

သူတို႔ လုပ္ျပခဲ့တဲ့ မယံုႏုိင္ေလာက္တဲ့ ကိစၥေတြအတြက္ လီဗာပူးက အားလံုးရဲ႕ စံျပ ျဖစ္ေနဦးမွာပါ။ က်ေန္ာတို႔ အေနအထားကို သူတို႔နဲ႔ ႏိႈင္းယွဥ္မေျပာလိုသလို က်ေနာ္ကလည္း စိတ္ကူးယဥ္တတ္တဲ့သူ မဟုတ္ဘူး။ လီဗာပူး ဘယ္လို ၾကိဳးစားခဲ့ရသလဲဆိုတာကို နးလည္တယ္လို႔ပဲ ေျပာျပလိုတာ ျဖစ္ပါတယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။