လီဗာပူးဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာတော့ ချယ်ဆီးကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဝီလီယမ်၊ ဘာကလေတို့ရဲ့ အဝေးကန်ချက်တွေကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပြီး အတ်ဒရီယန် ကာကွယ်မှု အချိူ့ လုပ်ခဲ့ရပါသေးတယ်။

ချယ်ဆီးနဲ့ ရံှူးပွဲအပြီး ကလော့ပ်က “ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ငါတို့ စိတ်ပျက်ခဲ့ရတယ်။ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အသင်းသားတွေ ကြိုးစားခဲ့ကြတာကို လူတိုင်းလည်း မြင်မှာပါ။ အားလုံးကောင်းခဲ့ပြီး လူတိုင်း ကြိုးစားခဲ့ကြတယ် ” လို့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် တုန့်ပြန်ပါတယ်။

ချယ်ဆီးကို ၂-၀ နဲ့ အရေးနိမ့်တာက ကောင်းမွန်တဲ့ ရလဒ် မဟုတ်ပါဘူးလို့ ဝန်ခံစကားဆိုတဲ့ ကလော့ပ်က ဒီကနေ့ မနက်ပွဲမှာ လူငယ်ကစားသမားလေး နစ်ကိုးရဲ့ ခြေစွမ်းကိုတော့ အားရမိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ကွင်းလယ်လူ လယ်လာနာက “ ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေ ရပေမယ့် မသွင်းနိုင်ခဲ့ဘူး။ ချယ်ဆီးလို အသင်းကို ကောင်တာတွေကနေ အခွင့်အရေး ပေးမယ်ဆိုရင် သူတို့က အဲ့ အခွင့်အရေးကို ယူသွားမှာပဲ။ ရလဒ်အတွက် စိတ်ပျက်ရပေမယ့် ချယ်ဆီးကိုလည်း အသိအမှတ် ပြုရပမယ် ” လို့ ဆိုသွားပါတယ်။

ချယ်ဆီးမန်နေဂျာလမ်းပတ်က လီဗာပူးက မယုံနိုင်လောက်တဲ့ အသင်းကောင်းဖြစ်ပြီး ဒါကို လိဂ်မှာလည်း မြင်နိုင်ကြောင်းနဲ့ ဒီလိုအသင်းကို အနိုင်ရတာအတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

ချယ်ဆီးကွင်းလယ်လူဖြစ်တဲ့ မာဆေးဆိုဒ်သား အဲဗာတန်အသင်းသားဟောင်း ဘာကလေက လီဗာပူးကို ဂိုးသွင်းဖို့ဆိုတာက အမြဲတမ်း အိပ်မက်ရတဲ့အရာဖြစ်ပြီး အခုလို သွင်းယူနိုင်တာအတွက် ကျေနပ်မိတယ်လို့ ပြောဆိုပါတယ်။

ဆောင်းရာသီအပြီး ဆက်တိုက်ကျဆင်းနေတဲ့ လီဗာပူးအသင်း ခြေစွမ်းကို ထောက်ပြမှုတွေ များနေသလို နောက်ဆုံး လေးပွဲအတွင်း ၃ ပွဲ အရေးနိမ့်ထားတဲ့ ကလပ်အသင်းဟာ ခေါင်းဆောင်းကင်းမဲ့နေတယ်ဆိုတဲ့ ယူဆချက်တွေလည်း ပိုမို ကျယ်ပြန့်လာပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ လူငယ်ချန်ပီယံလိဂ်ဖလားမှာ လီဗာပူးလူငယ်အသင်းက ဘင်ဖီကာလူငယ်အသင်းကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးဟာ အက္ဖ္ေအဖလား ပဥၥမအဆင့္မွာေတာ့ ခ်ယ္ဆီးကို ၂-၀ နဲ႔ အေရးနိမ့္ခဲ့ပါတယ္။ ဝီလီယမ္၊ ဘာကေလတို႔ရဲ႕ အေဝးကန္ခ်က္ေတြေၾကာင့္ အေရးနိမ့္ခဲ့တာျဖစ္ျပီး အတ္ဒရီယန္ ကာကြယ္မႈ အခ်ိဴ႕ လုပ္ခဲ့ရပါေသးတယ္။

ခ်ယ္ဆီးနဲ႔ ရံွဴးပြဲအျပီး ကေလာ့ပ္က “ အေကာင္းဆံုး ၾကိဳးစားခဲ့ေပမယ့္ ငါတို႔ စိတ္ပ်က္ခဲ့ရတယ္။ အစြမ္းကုန္ ၾကိဳးစားခဲ့ပါတယ္။ အသင္းသားေတြ ၾကိဳးစားခဲ့ၾကတာကို လူတိုင္းလည္း ျမင္မွာပါ။ အားလံုးေကာင္းခဲ့ျပီး လူတိုင္း ၾကိဳးစားခဲ့ၾကတယ္ ” လို႔ အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္အေပၚ တုန္႔ျပန္ပါတယ္။

ခ်ယ္ဆီးကို ၂-၀ နဲ႔ အေရးနိမ့္တာက ေကာင္းမြန္တဲ့ ရလဒ္ မဟုတ္ပါဘူးလို႔ ဝန္ခံစကားဆိုတဲ့ ကေလာ့ပ္က ဒီကေန႔ မနက္ပြဲမွာ လူငယ္ကစားသမားေလး နစ္ကိုးရဲ႕ ေျခစြမ္းကိုေတာ့ အားရမိတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ကြင္းလယ္လူ လယ္လာနာက “ ပထမပိုင္းမွာ ဂိုးသြင္းခြင့္ေတြ ရေပမယ့္ မသြင္းႏုိင္ခဲ့ဘူး။ ခ်ယ္ဆီးလို အသင္းကို ေကာင္တာေတြကေန အခြင့္အေရး ေပးမယ္ဆိုရင္ သူတုိ႔က အဲ့ အခြင့္အေရးကို ယူသြားမွာပဲ။ ရလဒ္အတြက္ စိတ္ပ်က္ရေပမယ့္ ခ်ယ္ဆီးကိုလည္း အသိအမွတ္ ျပဳရပမယ္ ” လို႔ ဆိုသြားပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က လီဗာပူးက မယံုႏုိင္ေလာက္တဲ့ အသင္းေကာင္းျဖစ္ျပီး ဒါကို လိဂ္မွာလည္း ျမင္ႏုိင္ေၾကာင္းနဲ႔ ဒီလိုအသင္းကို အႏုိင္ရတာအတြက္ ေက်နပ္မိတယ္လို႔ ဆိုပါတယ္။

ခ်ယ္ဆီးကြင္းလယ္လူျဖစ္တဲ့ မာေဆးဆိုဒ္သား အဲဗာတန္အသင္းသားေဟာင္း ဘာကေလက လီဗာပူးကို ဂိုးသြင္းဖို႔ဆိုတာက အျမဲတမ္း အိပ္မက္ရတဲ့အရာျဖစ္ျပီး အခုလို သြင္းယူႏုိင္တာအတြက္ ေက်နပ္မိတယ္လို႔ ေျပာဆိုပါတယ္။

ေဆာင္းရာသီအျပီး ဆက္တိုက္က်ဆင္းေနတဲ့ လီဗာပူးအသင္း ေျခစြမ္းကို ေထာက္ျပမႈေတြ မ်ားေနသလို ေနာက္ဆံုး ေလးပြဲအတြင္း ၃ ပြဲ အေရးနိမ့္ထားတဲ့ ကလပ္အသင္းဟာ ေခါင္းေဆာင္းကင္းမဲ့ေနတယ္ဆိုတဲ့ ယူဆခ်က္ေတြလည္း ပိုမို က်ယ္ျပန္႔လာပါတယ္။

မေန႔ညက ယွဥ္ျပိဳင္ကစားတဲ့ လူငယ္ခ်န္ပီယံလိဂ္ဖလားမွာ လီဗာပူးလူငယ္အသင္းက ဘင္ဖီကာလူငယ္အသင္းကို အေဝးကြင္းမွာ ၄-၁ ဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္ခဲ့ပါတယ္။