လီဗာပူးဟာ မနက်တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးနဲ့ပွဲကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး ဒီရာသီမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးဟာ နောက်ဆုံး လေးပွဲမှာ သုံးပွဲထိ အရေးနိမ့်ထားကာ ရလဒ်တွေမကောင်း ဖြစ်နေတာပါ။ မန်နေဂျာကလော့ပ်ကတော့ ဒီအခြေအနေမှာ ရလဒ်ပြန်ကောင်းလာဖို့ကိုပဲ အာရုံစိုက်ရမှာဖြစ်ကာ ချန်ပီယံလိဂ်ပွဲထက် အနီးကပ်ပွဲဖြစ်တဲ့ ဘုန်းမောက်နဲ့ပွဲကို အနိုင်သေချာအောင် လုပ်ဖို့ လိုအပ်ကြောင်း အသင်းသားတွေကို သတိပေးစကား ပြောဆိုလိုက်ပါတယ်။

မန်နေဂျာ ယာဂ်ကလော့ပ်က ” ပွဲရဲ့ အစိတ်အပိုင်း အများအပြားက စွမ်းဆောင်ရည်ကို ငါတို့ သဘောကျပါတယ်။ တိုးတက်လာဖို့ လိုတယ်ဆိုတာကို နားလည်တယ်။ ဒါက ကံတရားလည်း မဟုတ်ဘူး၊ ဟိုလုပ်ဒီလုပ် လျှောက်လုပ်နေရမှာလည်း မဟုတ်ဘူး။ ဒါက ငါတို့အပေါ်ပဲ မူတည်တယ်၊ မှန်ကန်တဲ့ လမ်းကြောင်းတွေကို ပြန်ရောက်နိုင်အောင် ကြိုးစားရမယ်။

တစ်ရာသီလုံးမှာ သိပ်မကောင်းတဲ့ သုံးပတ်ပါပဲ။ ဒါပေမယ့်လို့ အကောင်းဆုံးသုံးပတ်ကို ဖန်တီးဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ ဒါက ငါတို့လုပ်ရမယ့် ပလန်ပါ။ အက်သလက်တီကိုနဲ့ ပွဲအကြောင်းကို စိတ်မဝင်စားပါဘူး။ အခုချိန်မှာ အရေးကြီးတာ ဘုန်းမောက်နဲ့ပွဲပါ။ သူတို့ကလည်း သူတို့မှာ ရှိတာနဲ့ အစွမ်းကုန် ကြိုးစားမှာဖြစ်ပြီး ချယ်ဆီးကိုလည်း သူတို့ အဲ့လို ရင်ဆိုင်ခဲ့ပါတယ်။

ဘယ်သူကမှ ငါတို့ကို သနားပြီး ခံစားပေးနေမှာ မဟုတ်ဘူး။ ငါတို့ ဘောလုံးပွဲတွေကို နိုင်ရမယ်။ ဒါကိုပဲ စနေနေ့မှာ ငါတို့ လုပ်ချင်ပါတယ် ” လို့ ချယ်ဆီးအရံှူးအပေါ် တုန့်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ မနက္တုန္းက ယွဥ္ျပိဳင္ကစားခဲ့တဲ့ ခ်ယ္ဆီးနဲ႔ပြဲကို ၂-၀ နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ အက္ဖ္ေအဖလားကေန ထြက္ခြာခဲ့ရျပီျဖစ္ျပီး ဒီရာသီမွာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ကိုပဲ အာရံုစိုက္ရေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးဟာ ေနာက္ဆံုး ေလးပြဲမွာ သံုးပြဲထိ အေရးနိမ့္ထားကာ ရလဒ္ေတြမေကာင္း ျဖစ္ေနတာပါ။ မန္ေနဂ်ာကေလာ့ပ္ကေတာ့ ဒီအေျခအေနမွာ ရလဒ္ျပန္ေကာင္းလာဖို႔ကိုပဲ အာရံုစိုက္ရမွာျဖစ္ကာ ခ်န္ပီယံလိဂ္ပြဲထက္ အနီးကပ္ပြဲျဖစ္တဲ့ ဘုန္းေမာက္နဲ႔ပြဲကို အႏုိင္ေသခ်ာေအာင္ လုပ္ဖို႔ လိုအပ္ေၾကာင္း အသင္းသားေတြကို သတိေပးစကား ေျပာဆိုလိုက္ပါတယ္။

မန္ေနဂ်ာ ယာဂ္ကေလာ့ပ္က ” ပြဲရဲ႕ အစိတ္အပိုင္း အမ်ားအျပားက စြမ္းေဆာင္ရည္ကို ငါတို႔ သေဘာက်ပါတယ္။ တိုးတက္လာဖို႔ လိုတယ္ဆိုတာကို နားလည္တယ္။ ဒါက ကံတရားလည္း မဟုတ္ဘူး၊ ဟိုလုပ္ဒီလုပ္ ေလွ်ာက္လုပ္ေနရမွာလည္း မဟုတ္ဘူး။ ဒါက ငါတို႔အေပၚပဲ မူတည္တယ္၊ မွန္ကန္တဲ့ လမ္းေၾကာင္းေတြကို ျပန္ေရာက္ႏုိင္ေအာင္ ၾကိဳးစားရမယ္။

တစ္ရာသီလံုးမွာ သိပ္မေကာင္းတဲ့ သံုးပတ္ပါပဲ။ ဒါေပမယ့္လို႔ အေကာင္းဆံုးသံုးပတ္ကို ဖန္တီးဖို႔ အခြင့္အေရး ရွိေနပါေသးတယ္။ ဒါက ငါတို႔လုပ္ရမယ့္ ပလန္ပါ။ အက္သလက္တီကိုနဲ႔ ပြဲအေၾကာင္းကို စိတ္မဝင္စားပါဘူး။ အခုခ်ိန္မွာ အေရးၾကီးတာ ဘုန္းေမာက္နဲ႔ပြဲပါ။ သူတို႔ကလည္း သူတို႔မွာ ရွိတာနဲ႔ အစြမ္းကုန္ ၾကိဳးစားမွာျဖစ္ျပီး ခ်ယ္ဆီးကိုလည္း သူတို႔ အဲ့လို ရင္ဆိုင္ခဲ့ပါတယ္။

ဘယ္သူကမွ ငါတို႔ကို သနားျပီး ခံစားေပးေနမွာ မဟုတ္ဘူး။ ငါတို႔ ေဘာလံုးပြဲေတြကို ႏုိင္ရမယ္။ ဒါကိုပဲ စေနေန႔မွာ ငါတုိ႔ လုပ္ခ်င္ပါတယ္ ” လို႔ ခ်ယ္ဆီးအရံွဴးအေပၚ တုန္႔ျပန္လိုက္တာပဲ ျဖစ္ပါတယ္။