လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချယ်ဆီးကို ရှုံးခဲ့တဲ့ အက်ဖ်အေပွဲမှာ လီဗာပူးကစားသမားတွေက တိုက်စစ်သမား တာကုမိ မီနာမီနိုကို ဘောလုံး မပေးခဲ့ကြတဲ့ အပေါ် ဒေါသပေါက်ကွဲနေပါတယ်။ ရှုံးနိမ့်မှုအပေါ် ကလော့ပ်က ဖိအားလျော့အောင် လျှော့ပေါ့ ပြောခဲ့ပေမယ့် ဒီရာသီ ပထမဆုံးအကြိမ် နှစ်ပွဲဆက် ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။

ကလော့ပ်က အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို သဘောကျတယ် ဆိုနေပေမယ့် ဝေဖန်မှုတွေ ခံနေရတဲ့ မီနာမီနိုထက် ညာစွန်ခံစစ်မှူး နီကို ဝီလီယံကလည်း လူစားလဲခံရသင့်သူဖြစ်ပါတယ်။

” တာကုမိ (မီနာမီနို) က ပွဲကောင်း တစ်ကောင်း ကစားနိုင်ခဲ့တာ ဖြစ်တယ်။ သူ့ကို ဒိထက်ပိုပြီး များများ သုံးနိုင်ဖို့ လုပ်မှာပါ။ ၂-၀ နဲ့ ရှုံုးတဲ့ ဆိုတာကတော့ မမိုက်ဘူးပေါ့ဗျာ။ ဒါပေမယ့် လွယ်အောင် ရှင်းပြရရင်တော့ ဒီဂိုးတွေနဲ့ ပတ်သတ်ပြီး ကျနေ်ာတို့ အမှား နှစ်ခု ကျူးလွန်ခဲ့တယ်။

ဂိုးမပေးလိုက်ရခင်က အက်ဒရီယန် ကာကွယ်မှုကောင်း ပြုလုပ်ခဲ့သေးတယ် စက္ကန့်အနည်းငယ် အကြာမှာ ဝီလီယံရဲ့ ကန်ချက်ကောင်းကနေ ဂိုးပေးလိုက်ရတာကို သူ မကာကွယ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အဲဒါ မတိုင်ခင်မှာ ကျနေ်ာတို့ ဘောလုံး ဆုံးရှုံးခဲ့တယ်။ ဒါက ပြသနာပါ။ ဒါပေမယ့် အံ့အားသင့်မှုကြီးတော့ မဖြစ်ပါဘူး။ ဒါက ဘောလုံးပဲလေ။

ဂိုးပေးလိုက်ရပြီးနောက် တုန့်ပြန်ပုံ ပြန်ကစားပုံကို ကျနော် ကြိုက်ပါတယ်။ ကောင်းမွန်တဲ့ ကိစ္စတွေ မြင်ရတယ်။ နှစ်သင်းလုံးက အရူးအမူးကို ပြေးလွှား ကစားကြတဲ့ ခက်ခဲတဲ့ ပွဲပါ။ ဒီပွဲက ခက်ခဲမယ်ဆိုတာလည်း သိထားခဲ့တယ်။ ကျနေ်ာတို့ အခွင့်အရေးကောင်းတွေ ရရှိခဲ့တာလည်း ရှိပါတယ်။

ဒုတိယဂိုး ပေးလိုက်ရချိန်မှာတော့ ပိုခက်ခဲတယ် လက်ခံရလည်း ခက်တယ်။ ချယ်ဆီးက သူတို့ ရှိသမျှ အစွမ်းကုန် ဘော်ဒီချင်းလည်း တိုက်၊ ဝင်ခံပြီး ကာကွယ်ကြတယ်။ ကျနော်တို့လည်း ဂိုးမသွင်းနိုင်တော့ သူတို့လည်း ထပ်မသွင်းခဲ့တာကြောင့် ၂-၀ နဲ့ ပြီးသွားခဲ့တယ်။ ကျနေ်ာတို့ အလိုရှိခဲ့တာနဲ့တော့ ဆန့်ကျင်ဘက်ပါ။ ” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ခ်ယ္ဆီးကို ရွံဳးခဲ့တဲ့ အက္ဖ္ေအပြဲမွာ လီဗာပူးကစားသမားေတြက တိုက္စစ္သမား တာကုမိ မီနာမီနိုကို ေဘာလံုး မေပးခဲ့ၾကတဲ့ အေပၚ ေဒါသေပါက္ကြဲေနပါတယ္။ ရွံဳးနိမ့္မႈအေပၚ ကေလာ့ပ္က ဖိအားေလ်ာ့ေအာင္ ေလွ်ာ့ေပါ့ ေျပာခဲ့ေပမယ့္ ဒီရာသီ ပထမဆံုးအၾကိမ္ နွစ္ပြဲဆက္ ရွံုးနိမ့္မႈလည္း ျဖစ္ပါတယ္။

ကေလာ့ပ္က အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ကို သေဘာက်တယ္ ဆိုေနေပမယ့္ ေ၀ဖန္မႈေတြ ခံေနရတဲ့ မီနာမီနိုထက္ ညာစြန္ခံစစ္မွဴး နီကို ၀ီလီယံကလည္း လူစားလဲခံရသင့္သူျဖစ္ပါတယ္။

” တာကုမိ (မီနာမီနို) က ပြဲေကာင္း တစ္ေကာင္း ကစားနုိင္ခဲ့တာ ျဖစ္တယ္။ သူ႔ကို ဒိထက္ပိုျပီး မ်ားမ်ား သံုးနိုင္ဖို႔ လုပ္မွာပါ။ ၂-၀ နဲ႕ ရွံဳဳးတဲ့ ဆိုတာကေတာ့ မမိုက္ဘူးေပါ့ဗ်ာ။ ဒါေပမယ့္ လြယ္ေအာင္ ရွင္းျပရရင္ေတာ့ ဒီဂိုးေတြနဲ႕ ပတ္သတ္ျပီး က်ေန္ာတို႔ အမွား နွစ္ခု က်ဴးလြန္ခဲ့တယ္။

ဂိုးမေပးလိုက္ရခင္က အက္ဒရီယန္ ကာကြယ္မႈေကာင္း ျပဳလုပ္ခဲ့ေသးတယ္ စကၠန္႔အနည္းငယ္ အၾကာမွာ ၀ီလီယံရဲ႕ ကန္ခ်က္ေကာင္းကေန ဂိုးေပးလိုက္ရတာကို သူ မကာကြယ္နုိင္ခဲ့ဘူး။ ဒါေပမယ့္ အဲဒါ မတိုင္ခင္မွာ က်ေန္ာတုိ႔ ေဘာလံုး ဆံုးရွံဳးခဲ့တယ္။ ဒါက ျပသနာပါ။ ဒါေပမယ့္ အံ့အားသင့္မႈၾကီးေတာ့ မျဖစ္ပါဘူး။ ဒါက ေဘာလံုးပဲေလ။

ဂိုးေပးလိုက္ရျပီးေနာက္ တုန္႔ျပန္ပံု ျပန္ကစားပံုကို က်ေနာ္ ၾကိဳက္ပါတယ္။ ေကာင္းမြန္တဲ့ ကိစၥေတြ ျမင္ရတယ္။ နွစ္သင္းလံုးက အရူးအမူးကို ေျပးလႊား ကစားၾကတဲ့ ခက္ခဲတဲ့ ပြဲပါ။ ဒီပြဲက ခက္ခဲမယ္ဆိုတာလည္း သိထားခဲ့တယ္။ က်ေန္ာတို႔ အခြင့္အေရးေကာင္းေတြ ရရွိခဲ့တာလည္း ရွိပါတယ္။

ဒုတိယဂိုး ေပးလိုက္ရခ်ိန္မွာေတာ့ ပိုခက္ခဲတယ္ လက္ခံရလည္း ခက္တယ္။ ခ်ယ္ဆီးက သူတို႔ ရွိသမွ် အစြမ္းကုန္ ေဘာ္ဒီခ်င္းလည္း တိုက္၊ ၀င္ခံျပီး ကာကြယ္ၾကတယ္။ က်ေနာ္တို႔လည္း ဂိုးမသြင္းနုိင္ေတာ့ သူတို႔လည္း ထပ္မသြင္းခဲ့တာေၾကာင့္ ၂-၀ နဲ႕ ျပီးသြားခဲ့တယ္။ က်ေန္ာတို႔ အလိုရွိခဲ့တာနဲ႕ေတာ့ ဆန္႔က်င္ဘက္ပါ။ ” လုိ႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။