နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ ပွဲထိ အရေးနိမ့်ခဲ့ပြီဖြစ်လို့ လီဗာပူးဟာ နောက်ပြန်ဆုတ်နေတဲ့ အနေအထားတွေ မြင်နေရပြီဖြစ်ကြောင်း သုံးသပ်မှုတွေ များနေခဲ့ပြီဖြစ်တယ်။

ရာသီဝက် အားလပ်ရက်အပြီး သုံးပတ်တာ ကာလအတွင်းမှာ လီဗာပူးက အဆိုးရွားဆုံး အနေအထားတွေ ပိုင်ဆိုင်လာခဲ့ပေမယ့် လာမယ့် သုံးပတ်ကို ဒီရာသီ အကောင်းဆုံး သီတင်းပတ်တွေဖြစ်အောင် ကြိုးစားဖို့ ကလော့ပ်က တိုက်တွန်းခဲ့ပါတယ်။ ဒီအခြေအနေမှာ ဝေဖန်မှုတွေ ဆက်တိုက် ပေါ်ထွက်လာတော့မှာဖြစ်ပေမယ့် ကလပ်ဘက်ကတော့ ရလဒ်ကောင်းတွေ ပြန်ယူနိုင်ဖို့ကိုပဲ အာရုံစိုက်ရမှာဖြစ်တယ်။

ပရီးမီးယားလိဂ်မှာ ၄၄ ပွဲဆက်တိုက် အရေးမနိမ့်ခဲ့တဲ့ လီဗာပူးဟာ ဝတ်ဖိုဒ့်ကို အရေးနိမ့်တဲ့နောက် ကလပ်ရဲ့ တည်ငြိမ်မှု ပျက်ပြားခြင်းအပေါ် ထောက်ပြမှုတွေ များလာခဲ့ပါတယ်။ အဓိက ပြဿနာကြီး လေးရပ်အဖြစ် ခံစစ်ပိုင်း ချီတုံချတုံ ဖြစ်လာနေခြင်း၊ ကွင်းလယ်က ဖရိုဖရဲ ဖြစ်လာခြင်း၊ ကစားအား ကျဆင်းခြင်းနဲ့ တိုက်စစ်က ဂိုးပေါက်ပျောက်ခြင်း ဆိုတဲ့ ကဏ္ဍာတွေဖြစ်တယ်။

အရေးနိမ့်ခဲ့တဲ့ သုံးပွဲလုံးမှာ လီဗာပူးဟာ သွင်းဂိုး တစ်ဂိုးမှ ပြန်မသွင်းနိုင်သလို ကုန်ခဲ့တဲ့ ၁၂ လအတွင်း အဆိုးရွားဆုံး ခြေစွမ်း ပျောက်ဆုံးနေမှုလည်း ဖြစ်ပါတယ်။ ဒီအပတ်အကုန်မှာ ဘုန်းမောက်၊ ကြားရက်မှာ အက်သလက်တီကိုတို့နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့တွေ ကစားရဖို့ ရှိနေတာကြောင့် စွမ်းဆောင်ရည် ပြန်တက်လာဖို့က အရေးကြီးနေခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က အသင်းသားတွေရဲ့ အမူအကျင့်ကို ဝေဖန်ဖို့ လက်မခံခဲ့ပဲ အသင်းဟာ ပြည့်စုံမှုမရှိတာကြောင့် အရေးနိမ့်မှုတွေ ဖြစ်နေရတယ်လို့ ဆိုထားပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဖီးသွမ်ဆန်က ကလပ်ဟာ ကွင်းထဲမှာ စုစည်းပေးမယ့် ခေါင်းဆောင် ပျောက်ဆုံးနေပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန် ပြန်လာနိုင်ဖို့ လိုအပ်နေပြီလို့ ထောက်ပြထားပါတယ်။

ZAWGYI

ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ ျပိဳင္ပြဲစံု ၄ ပြဲမွာ ၃ ပြဲထိ အေရးနိမ့္ခဲ့ျပီျဖစ္လို႔ လီဗာပူးဟာ ေနာက္ျပန္ဆုတ္ေနတဲ့ အေနအထားေတြ ျမင္ေနရျပီျဖစ္ေၾကာင္း သံုးသပ္မႈေတြ မ်ားေနခဲ့ျပီျဖစ္တယ္။

ရာသီဝက္ အားလပ္ရက္အျပီး သံုးပတ္တာ ကာလအတြင္းမွာ လီဗာပူးက အဆိုးရြားဆံုး အေနအထားေတြ ပိုင္ဆုိင္လာခဲ့ေပမယ့္ လာမယ့္ သံုးပတ္ကို ဒီရာသီ အေကာင္းဆံုး သီတင္းပတ္ေတြျဖစ္ေအာင္ ၾကိဳးစားဖို႔ ကေလာ့ပ္က တိုက္တြန္းခဲ့ပါတယ္။ ဒီအေျခအေနမွာ ေဝဖန္မႈေတြ ဆက္တိုက္ ေပၚထြက္လာေတာ့မွာျဖစ္ေပမယ့္ ကလပ္ဘက္ကေတာ့ ရလဒ္ေကာင္းေတြ ျပန္ယူႏုိင္ဖို႔ကိုပဲ အာရံုစိုက္ရမွာျဖစ္တယ္။

ပရီးမီးယားလိဂ္မွာ ၄၄ ပြဲဆက္တိုက္ အေရးမနိမ့္ခဲ့တဲ့ လီဗာပူးဟာ ဝတ္ဖိုဒ့္ကို အေရးနိမ့္တဲ့ေနာက္ ကလပ္ရဲ႕ တည္ျငိမ္မႈ ပ်က္ျပားျခင္းအေပၚ ေထာက္ျပမႈေတြ မ်ားလာခဲ့ပါတယ္။ အဓိက ျပႆနာၾကီး ေလးရပ္အျဖစ္ ခံစစ္ပိုင္း ခ်ီတံုခ်တံု ျဖစ္လာေနျခင္း၊ ကြင္းလယ္က ဖရိုဖရဲ ျဖစ္လာျခင္း၊ ကစားအား က်ဆင္းျခင္းနဲ႔ တိုက္စစ္က ဂိုးေပါက္ေပ်ာက္ျခင္း ဆိုတဲ့ က႑ာေတြျဖစ္တယ္။

အေရးနိမ့္ခဲ့တဲ့ သံုးပြဲလံုးမွာ လီဗာပူးဟာ သြင္းဂိုး တစ္ဂိုးမွ ျပန္မသြင္းႏုိင္သလို ကုန္ခဲ့တဲ့ ၁၂ လအတြင္း အဆိုးရြားဆံုး ေျခစြမ္း ေပ်ာက္ဆံုးေနမႈလည္း ျဖစ္ပါတယ္။ ဒီအပတ္အကုန္မွာ ဘုန္းေမာက္၊ ၾကားရက္မွာ အက္သလက္တီကိုတို႔နဲ႔ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ေတြ ကစားရဖို႔ ရွိေနတာေၾကာင့္ စြမ္းေဆာင္ရည္ ျပန္တက္လာဖို႔က အေရးၾကီးေနခဲ့ျပီျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က အသင္းသားေတြရဲ႕ အမူအက်င့္ကို ေဝဖန္ဖို႔ လက္မခံခဲ့ပဲ အသင္းဟာ ျပည့္စံုမႈမရွိတာေၾကာင့္ အေရးနိမ့္မႈေတြ ျဖစ္ေနရတယ္လို႔ ဆိုထားပါတယ္။ လီဗာပူးအသင္းေခါင္းေဆာင္ ဖီးသြမ္ဆန္က ကလပ္ဟာ ကြင္းထဲမွာ စုစည္းေပးမယ့္ ေခါင္းေဆာင္ ေပ်ာက္ဆံုးေနျပီး အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ျပန္လာႏုိင္ဖို႔ လိုအပ္ေနျပီလို႔ ေထာက္ျပထားပါတယ္။