ဆီနီဂေါလက်ရွေးစင် မာနေးက အက်ဖ်အေဖလားမှာ ချယ်ဆီးက ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ခြင်းဖြစ်ကာ အသင်းဟာ အရံှူးရလဒ်တွေကနေ တုန့်ပြန်လာနိုင်စွမ်း ရှိရပါမယ်လို့ တိုက်တွန်းစကား ပြောဆိုပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ တစ်ရာသီလုံး ခြေစွမ်း တောက်ပလာခဲ့ပေမယ့် ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ရံှူးပွဲဆက်မှုကို ရင်ဆိုင်ခဲ့ရတာပါ။ အမှတ်ပေးပွဲ ၄၄ ပွဲဆက်တိုက် အရေးမနိမ့်ခဲ့ပေမယ့် ဝတ်ဖိုဒ့်နဲ့ပွဲမှာ ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့သလို အက်ဖ်အေဖလားမှာပါ ချယ်ဆီးကို အရေးနိမ့်ခဲ့တာဖြစ်တယ်။

မာနေးကတော့ “ ဒီကနေ့ပွဲမှာ အကောင်းဆုံးအသင်းက အနိုင်ရသွားတာပါ။ ပထမပိုင်းမှာ ကစားပုံကောင်းပြီး အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ချယ်ဆီးက အခွင့်အရေး နည်းပေမယ့် သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့ပါတယ်။ ပွဲက ပြီးသွားပါပြီ။

အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေး ဖန်တီးနိုင်မှုကို လုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဂိုးသွင်းနိုင်ဖို့ ပိုပြီး အဆုံးသတ်နိုင်ဖို့ လိုပါတယ်။ ဒါကပဲ အရေးကြီးတာ မဟုတ်ပေမယ့် ဘောလုံးမှာတော့ အရေးပါတဲ့ အစိတ်အပိုင်းပါပဲ။

ဒီအခြေအနေမျိုးတွေကပဲ ချန်ပီယံဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကို ဆုံးဖြတ်ပေးတာဖြစ်ပြီး ကျနေ်ာတို့အတွက် ဒီလိုအနေအထားကို င်ဆိုင်ရတာက ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်နိုင်ပါဘူး။

စနေနေ့မှာ ဘုန်းမောက်နဲ့ နောက်ထပ် အရေးကြီးတဲ့ပွဲ ကစားရဖို့ ရှိနေပြီး ပြီးရင်တော့ အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ တုန့်ပြန်မှုတွေ ပြသဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ ဘောလုံးမှာ ဒါမျိုးက ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ရင်ဆိုင်နိုင်ရပါမယ်။ ဆက်လက်ပြီး ကြိုးစားရမှာဖြစ်ကာ ချန်ပီယုံဖစ်လိုရင် ဆက်သွားရပါမယ်။

အရံှူးတွေကနေ သင်ယူရမှာဖြစ်ပြီး ဆက်သွားဖို့ အဆင်သင့်ဖြစ်နေရမယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်က ခြားနားတဲ့ ပြိုင်ပွဲတွေဖြစ်ပေမယ့် ကျနော်တို့အတွက် အရေးကြီးပါတယ်။ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ပျော်ရွှင်စွာ ကစားကြရအောင်ပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဆီနီေဂါလက္ေရြးစင္ မာေနးက အက္ဖ္ေအဖလားမွာ ခ်ယ္ဆီးက ထိုက္ထိုက္တန္တန္ အႏုိင္ရခဲ့ျခင္းျဖစ္ကာ အသင္းဟာ အရံွဴးရလဒ္ေတြကေန တုန္႔ျပန္လာႏိုင္စြမ္း ရွိရပါမယ္လို႔ တိုက္တြန္းစကား ေျပာဆိုပါတယ္။

လီဗာပူးဟာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဖို႔ တစ္ရာသီလံုး ေျခစြမ္း ေတာက္ပလာခဲ့ေပမယ့္ ဒီရာသီမွာ ပထမဆံုးအၾကိမ္အျဖစ္ ရံွဴးပြဲဆက္မႈကို ရင္ဆိုင္ခဲ့ရတာပါ။ အမွတ္ေပးပြဲ ၄၄ ပြဲဆက္တိုက္ အေရးမနိမ့္ခဲ့ေပမယ့္ ဝတ္ဖုိဒ့္နဲ႔ပြဲမွာ ပထမဆံုးအၾကိမ္ အေရးနိမ့္ခဲ့သလို အက္ဖ္ေအဖလားမွာပါ ခ်ယ္ဆီးကို အေရးနိမ့္ခဲ့တာျဖစ္တယ္။

မာေနးကေတာ့ “ ဒီကေန႔ပြဲမွာ အေကာင္းဆံုးအသင္းက အႏုိင္ရသြားတာပါ။ ပထမပိုင္းမွာ ကစားပံုေကာင္းျပီး အခြင့္အေရးေတြလည္း ရခဲ့ေပမယ့္ ဂိုးမသြင္းႏုိင္ခဲ့ပါဘူး။ ခ်ယ္ဆီးက အခြင့္အေရး နည္းေပမယ့္ သြင္းဂိုး ၂ ဂိုး ရယူႏုိင္ခဲ့ပါတယ္။ ပြဲက ျပီးသြားပါျပီ။

အႏုိုင္ရဖို႔ လံုေလာက္တဲ့ အခြင့္အေရး ဖန္တီးႏုိင္မႈကို လုပ္ႏုိင္ခဲ့ေပမယ့္ တိုက္စစ္ပိုင္းက ဂိုးသြင္းႏုိင္ဖို႔ ပိုျပီး အဆံုးသတ္ႏုိင္ဖို႔ လိုပါတယ္။ ဒါကပဲ အေရးၾကီးတာ မဟုတ္ေပမယ့္ ေဘာလံုးမွာေတာ့ အေရးပါတဲ့ အစိတ္အပိုင္းပါပဲ။

ဒီအေျခအေနမ်ိဳးေတြကပဲ ခ်န္ပီယံျဖစ္မလား၊ မျဖစ္ဘူးလားဆိုတာကို ဆံုးျဖတ္ေပးတာျဖစ္ျပီး က်ေန္ာတုိ႔အတြက္ ဒီလိုအေနအထားကို င္ဆိုင္ရတာက ပထမဆံုးအၾကိမ္ မဟုတ္သလို ေနာက္ဆံုးအၾကိမ္လည္း မဟုတ္ႏုိင္ပါဘူး။

စေနေန႔မွာ ဘုန္းေမာက္နဲ႔ ေနာက္ထပ္ အေရးၾကီးတဲ့ပြဲ ကစားရဖို႔ ရွိေနျပီး ျပီးရင္ေတာ့ အက္သလက္တီကိုနဲ႔ ယွဥ္ျပိဳင္ကစားရပါမယ္။ တုန္႔ျပန္မႈေတြ ျပသဖို႔ အဆင္သင့္ျဖစ္ေနရပါမယ္။ ေဘာလံုးမွာ ဒါမ်ိဳးက ျဖစ္ႏုိင္ပါတယ္။ က်ေနာ္တုိ႔ ရင္ဆိုင္ႏုိင္ရပါမယ္။ ဆက္လက္ျပီး ၾကိဳးစားရမွာျဖစ္ကာ ခ်န္ပီယံုဖစ္လိုရင္ ဆက္သြားရပါမယ္။

အရံွဴးေတြကေန သင္ယူရမွာျဖစ္ျပီး ဆက္သြားဖို႔ အဆင္သင့္ျဖစ္ေနရမယ္။ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္က ျခားနားတဲ့ ျပိဳင္ပြဲေတြျဖစ္ေပမယ့္ က်ေနာ္တုိ႔အတြက္ အေရးၾကီးပါတယ္။ အိမ္ကြင္းမွာ ကစားရမွာျဖစ္ျပီး ေပ်ာ္ရႊင္စြာ ကစားၾကရေအာင္ပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။