လီဗာပူးဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲစုံ ၃ ရပ်မှာ ရံှူးပွဲ ၃ ပွဲထိကို ရင်ဆိုင်ထားရပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ အဓိက ဆုဖလားပြိုင်ပွဲ နှစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်မှာကော ပရီးမီးယားလိဂ်မှာပါ အခွင့်အရေးတွေ ရှိနေသေးကာ ဆက်လက် ကြိုးစားရမှာပါ။

ကာလရှည် အနိုင်ယူမရတဲ့ အသင်းအဖြစ်ကနေ ဆက်တိုက်ဆိုသလို ရံှူးပွဲတွေ ရင်ဆိုင်လာရတာကြောင့် လီဗာပူးရဲ့ အနေအထားကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၄ ပွဲမှာဆိုရင် ပေးဂိုး ၈ ဂိုးထိ ရှိခဲ့သလို တိုက်စစ်က ဂိုးပေါက်မတွေ့တာ ၃ ပွဲထိ ရှိခဲ့တာဖြစ်တယ်။

“ ကိန်းဂဏန်းတွေကို ကျနော် သိပါတယ်။ အဲ့တာက အရမ်း မကောင်းပါဘူး။ နောက်ပြီး ကျနော်တို့ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတွေလည်း သိပ်မကျန်တော့ဘူး။ အမှားတွေ လုပ်ခဲ့မိနေတယ်။ နောက်ဆုံး လေးပွဲအတွင်း ခြားနားတဲ့ အနေအထားတွေကနေ သွင်းဂိုးတွေ အများအပြား ခွင့်ပြုနေရတယ် ” လို့ ကလော့ပ်က ဝန်ခံပါတယ်။

အလွန်အကျူး တုန့်ပြန်ခြင်းက အန္တရာယ်တွေ ပေပးလာနိုင်ပါတယ်။ ဆက်တိုက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲနှစ်ခုက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖြစ်ပြီး ဘုန်းမောက်နဲ့ အက်သလက်တီကိုတို့ကို အိမ်ကွင်းမှာပဲ ဧည့်ခံကစားရမှာပါ။ ဒီနှစ်ပွဲလုံးကို ရလဒ်ကောင်း ရယူနိုင်ရင် လီဗာပူးရဲ့ အခြေအနေက အကောင်းဘက်ကို ပြန်လည် ဦးတည်နိုင်မှာ ဖြစ်ပါတယ်။

ကလော့ပ်ကပဲ “ မင်း အရေးနိမ့်နေချိန်မှာထက် အနိုင်ရနေချိန်မှာတော့ ရှင်းပြမှုတွေ ပြုလုပ်ရတာ ပိုလွယ်ပါတယ်။ ဆင်ခြေတွေ အများကြီးလည်း မရှိပါဘူး။ ဝေဖန်မှုတွေကိုလည်း မင်းတို့ပြောနေတာ မမှန်ဘူးဆိုပြီး မပြောလိုပါဘူး။ လွတ်လပ်တဲ့ ကမ္ဘာကြီးမှာ အားလုံးက ကိုယ်ပိုင် အယူအဆတွေနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် မြင်တာကိုတော့ ပြောလိုရပါတယ်။

အသင်းရဲ့ အခြေအနေကို မြင်ပါတယ်။ ဒါက မကောင်းပါဘူး။ ဂိုးတွေ ပေးနေရတာကိုလည်း မကြိုက်သလို ဂိုးတွေ မသွင်းချင်တော့တာလည်း မဟုတ်ပါဘူး။ မန်နေဂျာနေရာမှာ ထိုင်ပြီး ပြီးခဲ့တဲ့ ဂိုးမပေးပဲ သွင်းဂိုးတွေရခဲ့တာက မိုင်တစ်ရာလောက် ဝေးခဲ့ပြီးလားဆိုပြီး စဉ်းစားနေဖို့လည်း မဟုတ်ပါဘူး။ ကိစ္စသေးတွေက ကိစ္စကြီးတွေ ဖြစ်လာခဲ့တာပါ။

အသင်းသားတွေက သန်မာပါတယ်။ အံ့အားသင့်လောက်တဲ့ တုန့်ပြန်မှုတွေကို သူတို့တွေ အကြိမ်တွေ အများကြီး ပြသခဲ့ပြီး ဖြစ်ပါတယ်။ အခု ဒီသန်မာမှုတွေကို နောပ်တစ်ကြိမ် ပြသရပါမယ်။ ဒါပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ေနာက္ဆံုးယွဥ္ျပိဳင္ထားတဲ့ ျပိဳင္ပြဲစံု ၃ ရပ္မွာ ရံွဴးပြဲ ၃ ပြဲထိကို ရင္ဆိုင္ထားရျပီျဖစ္ပါတယ္။ ဒါေပမယ့္လို႔ အဓိက ဆုဖလားျပိဳင္ပြဲ ႏွစ္ခုျဖစ္တဲ့ ခ်န္ပီယံလိဂ္မွာေကာ ပရီးမီးယားလိဂ္မွာပါ အခြင့္အေရးေတြ ရွိေနေသးကာ ဆက္လက္ ၾကိဳးစားရမွာပါ။

ကာလရွည္ အႏုိုင္ယူမရတဲ့ အသင္းအျဖစ္ကေန ဆက္တိုက္ဆိုသလို ရံွဴးပြဲေတြ ရင္ဆိုင္လာရတာေၾကာင့္ လီဗာပူးရဲ႕ အေနအထားကို ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့တယ္။ ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ ၄ ပြဲမွာဆိုရင္ ေပးဂိုး ၈ ဂိုးထိ ရွိခဲ့သလို တိုက္စစ္က ဂိုးေပါက္မေတြ႔တာ ၃ ပြဲထိ ရွိခဲ့တာျဖစ္တယ္။

“ ကိန္းဂဏန္းေတြကို က်ေနာ္ သိပါတယ္။ အဲ့တာက အရမ္း မေကာင္းပါဘူး။ ေနာက္ျပီး က်ေနာ္တုိ႔ ယွဥ္ျပိဳင္ရမယ့္ ျပိဳင္ပြဲေတြလည္း သိပ္မက်န္ေတာ့ဘူး။ အမွားေတြ လုပ္ခဲ့မိေနတယ္။ ေနာက္ဆံုး ေလးပြဲအတြင္း ျခားနားတဲ့ အေနအထားေတြကေန သြင္းဂိုးေတြ အမ်ားအျပား ခြင့္ျပဳေနရတယ္ ” လို႔ ကေလာ့ပ္က ဝန္ခံပါတယ္။

အလြန္အက်ဴး တုန္႔ျပန္ျခင္းက အႏၱရာယ္ေတြ ေပပးလာႏုိင္ပါတယ္။ ဆက္တိုက္ ယွဥ္ျပိဳင္ရမယ့္ ျပိဳင္ပြဲႏွစ္ခုက ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ျဖစ္ျပီး ဘုန္းေမာက္နဲ႔ အက္သလက္တီကိုတို႔ကို အိမ္ကြင္းမွာပဲ ဧည့္ခံကစားရမွာပါ။ ဒီႏွစ္ပြဲလံုးကို ရလဒ္ေကာင္း ရယူႏုိင္ရင္ လီဗာပူးရဲ႕ အေျခအေနက အေကာင္းဘက္ကို ျပန္လည္ ဦးတည္ႏုိင္မွာ ျဖစ္ပါတယ္။

ကေလာ့ပ္ကပဲ “ မင္း အေရးနိမ့္ေနခ်ိန္မွာထက္ အႏုိင္ရေနခ်ိန္မွာေတာ့ ရွင္းျပမႈေတြ ျပဳလုပ္ရတာ ပိုလြယ္ပါတယ္။ ဆင္ေျခေတြ အမ်ားၾကီးလည္း မရွိပါဘူး။ ေဝဖန္မႈေတြကိုလည္း မင္းတို႔ေျပာေနတာ မမွန္ဘူးဆိုျပီး မေျပာလိုပါဘူး။ လြတ္လပ္တဲ့ ကမၻာၾကီးမွာ အားလံုးက ကိုယ္ပိုင္ အယူအဆေတြနဲ႔ ျဖစ္ပါတယ္။ ဒါေပမယ့္ က်ေနာ္ ျမင္တာကိုေတာ့ ေျပာလိုရပါတယ္။

အသင္းရဲ႕ အေျခအေနကို ျမင္ပါတယ္။ ဒါက မေကာင္းပါဘူး။ ဂိုးေတြ ေပးေနရတာကိုလည္း မၾကိဳက္သလို ဂိုးေတြ မသြင္းခ်င္ေတာ့တာလည္း မဟုတ္ပါဘူး။ မန္ေနဂ်ာေနရာမွာ ထိုင္ျပီး ျပီးခဲ့တဲ့ ဂိုးမေပးပဲ သြင္းဂိုးေတြရခဲ့တာက မုိင္တစ္ရာေလာက္ ေဝးခဲ့ျပီးလားဆိုျပီး စဥ္းစားေနဖို႔လည္း မဟုတ္ပါဘူး။ ကိစၥေသးေတြက ကိစၥၾကီးေတြ ျဖစ္လာခဲ့တာပါ။

အသင္းသားေတြက သန္မာပါတယ္။ အံ့အားသင့္ေလာက္တဲ့ တုန္႔ျပန္မႈေတြကို သူတုိ႔ေတြ အၾကိမ္ေတြ အမ်ားၾကီး ျပသခဲ့ျပီး ျဖစ္ပါတယ္။ အခု ဒီသန္မာမႈေတြကို ေနာပ္တစ္ၾကိမ္ ျပသရပါမယ္။ ဒါပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။