လီဗာပူးက လိဂ်ကို အရမ်းစောစော အနိုင်ရဖို့ဖြစ်လာခဲ့တာက ယခုလို ရံှူးပွဲတွေ တွေ့လာရတဲ့ အကြောင်းရင်းလို့ အင်္ဂလန်မန်နေဂျာဟောင်း စတိဗ် မက္ကလာရင်က ထုတ်ပြောလိုက်ပါတယ်။ သူက လီဗာပူးအသင်းသားတွေ ပေါ့လျော့လာကြပြီး အာရုံစူးစိုက်မှု နည်းကုန်ကြတယ်လို့ ဆိုလိုလိုက်တာပါ။

ရော်ဘတ်ဆန်က “ လူတိုင်းက လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဆိုတဲ့ စကားတွေ ပြောနေကြပေမယ့် ချန်ပီယံ မဟုတ်သေးပါဘူး။ သေချာပေါက် ဖြစ်လာဖို့ နိုင်ပွဲလေးပွဲ လိုပါတယ်။ ကျနေ်ာတို့ ဆက်သွားဖို့ လိုပါတယ်။ စွမ်းဆောင်ရည် ပြန်ကောင်းဖို့လိုပါတယ်။ စနေနေ့မှာ ဒါကို အစပြုနိုင်ဖို့ မျှော်လင်ပါတယ် ” လို့ ပြောပါတယ်။

ဂျင်မီကာရေဂါက ချယ်ဆီးနဲ့ပွဲ အရေးနိမ့်ခဲ့တာက စိတ်ပျက်စရာ ရလဒ်ဖြစ်ပေမယ့် ဝတ်ဖိုဒ့်နဲ့ပွဲထက် အများကြီး ပိုကောင်းခဲ့ပြီး ပြိုင်ဘက်က ကောင်းလွန်းနေတာကြောင့် ထိုက်ထိုက်တန်တန် အရေးနိမ့်ခဲ့တာပါလို့ အသင်းကို အားပေးစကား ပြောဆိုပါတယ်။

ဂယ်ရီလင်ကာက တစ်ခါတစ်လေမှာ လူတိုင်းက ကိုယ်ရဲ့ အရေးအကြီးဆုံး ကစားသမားကို သတိမမှုမိတာတွေ ဖြစ်နိုင်ပေမယ့် လီဗာပူးအသင်းခေါင်းဆောင်ရဲ့ အရေးပါမှုက မြင်သာလှပါတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဒဏ်ရာက ပြန်သက်သာလာပြီး ဖာဘင်ညိုဟာ ခံစစ်ကာကွယ်မှုမှာ ခြေစွမ်း ကျဆင်းနေပြီး ချယ်ဆီးနဲ့ပွဲမှာ တစ်ဦးချင်း ဘောလုံး ယှဉ်လုမှုတွေမှာ ၃၀% ပဲ အောင်မြင်ခဲ့ပါတယ်။

လီဗာပူးနဲ့ လိုက်ဇစ်ကြား တိုက်စစ်မှူး ဝါနာအတွက် ချိတ်ဆက်မှုကို လာမယ့် အပတ်ထဲလောက်ကို စတင်သွားဖွယ် ရှိနေပါတယ်။ The Athletic သတင်းထောက် Simon Hughes က ဖော်ပြရာမှာ ဧပရယ်လအကုန်မှာတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၅၀ က အသက်ဝင်တော့မှာ မဟုတ်ဘူးလို့ ဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်မှာ လယ်လာနာ ထွက်ခွားသွားတော့မှာဖြစ်ပြီး ကီတာနဲ့ ချိန်ဘာလိန်တို့ နှစ်ဦးအပေါ် ကလော့ပ်က အများကြီး မျှော်လင့်ထားတယ်လို့ ပီယာ့စ်က ဆိုပါတယ်။ ဒါပေမယ့် ကွင်းလယ်လူသစ်ကို ထပ်ခေါ်မလားဆိုတာကို ရာသီကုန်မှ ဆုံးဖြတ်ဖို့ ကလော့ပ်က စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။

ဒီကနေ့ဟာ လီဗာပူးအတွက် ကစားသမားဘဝမှာကော မန်နေဂျာဘဝမှာပါ အောင်မြင်မှုတွေ အများကြီး ယူဆောင်ပေးခဲ့တဲ့ ကလပ် ဂန္တဝင်ကြီး ကင်နီ ဒဲလ်ဂလစ်ရဲ့ အသက် ၆၉ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက လိဂ္ကို အရမ္းေစာေစာ အႏုိင္ရဖို႔ျဖစ္လာခဲ့တာက ယခုလို ရံွဴးပြဲေတြ ေတြ႔လာရတဲ့ အေၾကာင္းရင္းလို႔ အဂၤလန္မန္ေနဂ်ာေဟာင္း စတိဗ္ မကၠလာရင္က ထုတ္ေျပာလိုက္ပါတယ္။ သူက လီဗာပူးအသင္းသားေတြ ေပါ့့ေလ်ာ့လာၾကျပီး အာရံုစူးစိုက္မႈ နည္းကုန္ၾကတယ္လို႔ ဆိုလိုလိုက္တာပါ။

ေရာ္ဘတ္ဆန္က “ လူတိုင္းက လီဗာပူးက ပရီးမီးယားလိဂ္ ခ်န္ပီယံဆိုတဲ့ စကားေတြ ေျပာေနၾကေပမယ့္ ခ်န္ပီယံ မဟုတ္ေသးပါဘူး။ ေသခ်ာေပါက္ ျဖစ္လာဖို႔ ႏုိင္ပြဲေလးပြဲ လိုပါတယ္။ က်ေန္ာတို႔ ဆက္သြားဖို႔ လိုပါတယ္။ စြမ္းေဆာင္ရည္ ျပန္ေကာင္းဖို႔လိုပါတယ္။ စေနေန႔မွာ ဒါကို အစျပဳႏုိင္ဖို႔ ေမွ်ာ္လင္ပါတယ္ ” လို႔ ေျပာပါတယ္။

ဂ်င္မီကာေရဂါက ခ်ယ္ဆီးနဲ႔ပြဲ အေရးနိမ့္ခဲ့တာက စိတ္ပ်က္စရာ ရလဒ္ျဖစ္ေပမယ့္ ဝတ္ဖိုဒ့္နဲ႔ပြဲထက္ အမ်ားၾကီး ပိုေကာင္းခဲ့ျပီး ျပိဳင္ဘက္က ေကာင္းလြန္းေနတာေၾကာင့္ ထိုက္ထိုက္တန္တန္ အေရးနိမ့္ခဲ့တာပါလို႔ အသင္းကို အားေပးစကား ေျပာဆိုပါတယ္။

ဂယ္ရီလင္ကာက တစ္ခါတစ္ေလမွာ လူတိုင္းက ကိုယ္ရဲ႕ အေရးအၾကီးဆံုး ကစားသမားကို သတိမမႈမိတာေတြ ျဖစ္ႏုိင္ေပမယ့္ လီဗာပူးအသင္းေခါင္းေဆာင္ရဲ႕ အေရးပါမႈက ျမင္သာလွပါတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ဒဏ္ရာက ျပန္သက္သာလာျပီး ဖာဘင္ညိဳဟာ ခံစစ္ကာကြယ္မႈမွာ ေျခစြမ္း က်ဆင္းေနျပီး ခ်ယ္ဆီးနဲ႔ပြဲမွာ တစ္ဦးခ်င္း ေဘာလံုး ယွဥ္လုမႈေတြမွာ ၃၀% ပဲ ေအာင္ျမင္ခဲ့ပါတယ္။

လီဗာပူးနဲ႔ လိုက္ဇစ္ၾကား တိုက္စစ္မွဴး ဝါနာအတြက္ ခ်ိတ္ဆက္မႈကို လာမယ့္ အပတ္ထဲေလာက္ကို စတင္သြားဖြယ္ ရွိေနပါတယ္။ The Athletic သတင္းေထာက္ Simon Hughes က ေဖာ္ျပရာမွာ ဧပရယ္လအကုန္မွာေတာ့ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ သန္း ၅၀ က အသက္ဝင္ေတာ့မွာ မဟုတ္ဘူးလို႔ ျဖစ္ပါတယ္။

လီဗာပူးကြင္းလယ္မွာ လယ္လာနာ ထြက္ခြားသြားေတာ့မွာျဖစ္ျပီး ကီတာနဲ႔ ခ်ိန္ဘာလိန္တို႔ ႏွစ္ဦးအေပၚ ကေလာ့ပ္က အမ်ားၾကီး ေမွ်ာ္လင့္ထားတယ္လို႔ ပီယာ့စ္က ဆိုပါတယ္။ ဒါေပမယ့္ ကြင္းလယ္လူသစ္ကို ထပ္ေခၚမလားဆိုတာကို ရာသီကုန္မွ ဆံုးျဖတ္ဖို႔ ကေလာ့ပ္က စီစဥ္ထားတယ္လုိ႔ သူက ေျပာပါတယ္။

ဒီကေန႔ဟာ လီဗာပူးအတြက္ ကစားသမားဘဝမွာေကာ မန္ေနဂ်ာဘဝမွာပါ ေအာင္ျမင္မႈေတြ အမ်ားၾကီး ယူေဆာင္ေပးခဲ့တဲ့ ကလပ္ ဂႏၱဝင္ၾကီး ကင္နီ ဒဲလ္ဂလစ္ရဲ႕ အသက္ ၆၉ ႏွစ္ျပည့္ ေမြးေန႔ပဲ ျဖစ္ပါတယ္။