လီဗာပူးကွင်းလယ်လူဟောင်း မာဖီက အသင်းဟောင်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းလာခဲ့ပြီးမှ အရေးကြီးဆုံး အချိန်မှာ ခြေချော်မှုတွေ ဖြစ်နေပေမယ့် အသင်းရဲ့ ဦးတည်ချက်က ပရီးမီးယားလိဂ်ပဲ ဖြစ်ပါတယ်လို့ သတိပေးစကား ပြေပာဆိုလိုက်ပါတယ်။

မယုံနိုင်လောက်အောင် ထူးချွန်ပြမှုတွေကြောင့် လီဗာပူးနဲ့ ပက်သက်ပြီး မြင့်မြင့်မားမား မျှော်လင့်မှုတွေထဲမှာ ချန်ပီယံလိဂ်ဖလားကို ကာကွယ်ဖို့၊ အာဆင်နယ်ရဲ့ ရွှေဖလားစံချိန်ကို လိုက်မှီဖို့နဲ့ ယူနိုက်တက်ရဲ့ ၁၉၉၉ ခုနှစ်တုန်းကလို ဖလားသုံးလုံးတွေ အနိုင်ရဖို့ဆိုတဲ့ နှိုင်းယှဉ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် ဒါတွေက လီဗာပူးအသင်းက ထားရှိတဲ့ ရည်မှန်းချက် မဟုတ်ပဲ အခြားသူတွေရဲ့ နှိုင်းယှဉ်မှုတွေပဲဖြစ်ပါတယ်။ မာဖီကတော့ လီဗာပူးအတွက် အရေးကြီးဆုံးက ပရီးမီးယားလိဂ်ဖလားဖြစ်ပြီး ဒီဖလားရရင်ကိုပဲ အရာရာ ပြည့်စုံပြီလို့ ပြောဆိုခဲ့တယ်။

မာဖီက “ မြင်ကွင်းတစ်ဆုံးကို ကြည့်ရအောင်ဗျာ။ လီဗာပူးက အမှတ်ပေးဖလားကို အနိုင်မရခဲ့တာ နှစ်ပေါင်း ၃၀ ရှိလာခဲ့ပြီး အခုချိန်မှာ လိဂ်ကို အနိုင်ရဖို့က ကြီးမားတဲ့ တောင်းဆိုဖြစ်လာတယ်။ အောင်မြင်ဖို့လည်း နီးနေပါပြီ။ အနိုင်ရနိုင်ချေ ရှိလာနေပြီဖြစ်ပါတယ်။

ကမ္ဘာပေါ်က လီဗာပူးပရိသတ်တိုင်းက ဖလားပြိုင်ပွဲတိုင်းကို ပျော်ရွှင်ကြပါလိမ့်မယ် ချန်ပီယံလိဂ် အပါအဝင်ပေါ့။ ပရီးမီးယားလိဂ်က ရလုလု ဖြစ်နေပြီလေ။ ဒါကြောင့်ပဲ သူတို့က အရမ်ကို သက်သောင့်သက်သာ ဖြစ်နေကြတယ်။ ပရိသတ်တွေကဆိုရင် ချန်ပီယံလိဂ်ဆုဖလားကို နောက်တစ်ကြိမ် တကယ်ကြီး အနိုင်ရနိုင်တယ်လို့ ဖြစ်နေကြပါတယ်။

ဒါပေမယ့် ရာသီစတုန်းကဆိုရင် ပရိသတ်တွေက ဒီရာသီမှာ အမှတ်ပေးဖလားကို အနိုင်ရလိုတယ်ဆိုတဲ့ ရည်မှန်းချက်ပဲ ရှိခဲ့တာပါ။ ဒီတော့ လက်ရှိ အနေအထားအပေါ် ပရိသတ်တွေက စိုးရိမ်နေကြမယ်လို့ မထင်ပါဘူး။ ဟုတ်ပါတယ်။ စွမ်းဆောင်ရည်က မကောင်းပါဘူး။ ဟန်ဒါဆန်ကို လွမ်းဆွတ်နေရပြီး ဖာဘင်ညိုက ကြံ့ခိုင်မှု ကောင်းခဲ့စဉ်က အနေအထားကို ပြန်မရပါဘူး။

အသင်းမှာ ပြဿနာတွေ အနည်းငယ် ရှိနေပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအတွက်က ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ပဲ လိုပါတယ်။ လီဗာပူးဘောလုံးအသင်းအတွက် ဒါကပဲ အကြီးကျယ်ဆုံး ဆုလာဘ်ပါပဲ ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူေဟာင္း မာဖီက အသင္းေဟာင္းဟာ ဒီရာသီမွာ စြမ္းေဆာင္ရည္ေကာင္းလာခဲ့ျပီးမွ အေရးၾကီးဆံုး အခ်ိန္မွာ ေျခေခ်ာ္မႈေတြ ျဖစ္ေနေပမယ့္ အသင္းရဲ႕ ဦးတည္ခ်က္က ပရီးမီးယားလိဂ္ပဲ ျဖစ္ပါတယ္လို႔ သတိေပးစကား ေျပပာဆိုလိုက္ပါတယ္။

မယံုႏုိင္ေလာက္ေအာင္ ထူးခၽြန္ျပမႈေတြေၾကာင့္ လီဗာပူးနဲ႔ ပက္သက္ျပီး ျမင့္ျမင့္မားမား ေမွ်ာ္လင့္မႈေတြထဲမွာ ခ်န္ပီယံလိဂ္ဖလားကို ကာကြယ္ဖို႔၊ အာဆင္နယ္ရဲ႕ ေရႊဖလားစံခ်ိန္ကို လိုက္မွီဖို႔နဲ႔ ယူႏုိက္တက္ရဲ႕ ၁၉၉၉ ခုႏွစ္တုန္းကလို ဖလားသံုးလံုးေတြ အႏုိင္ရဖို႔ဆိုတဲ့ ႏိႈင္းယွဥ္မႈေတြ ထြက္ေပၚလာခဲ့တာပါ။

ဒါေပမယ့္ ဒါေတြက လီဗာပူးအသင္းက ထားရွိတဲ့ ရည္မွန္းခ်က္ မဟုတ္ပဲ အျခားသူေတြရဲ႕ ႏိႈင္းယွဥ္မႈေတြပဲျဖစ္ပါတယ္။ မာဖီကေတာ့ လီဗာပူးအတြက္ အေရးၾကီးဆံုးက ပရီးမီးယားလိဂ္ဖလားျဖစ္ျပီး ဒီဖလားရရင္ကိုပဲ အရာရာ ျပည့္စံုျပီလို႔ ေျပာဆိုခဲ့တယ္။

မာဖီက “ ျမင္ကြင္းတစ္ဆံုးကို ၾကည့္ရေအာင္ဗ်ာ။ လီဗာပူးက အမွတ္ေပးဖလားကို အႏုိင္မရခဲ့တာ ႏွစ္ေပါင္း ၃၀ ရွိလာခဲ့ျပီး အခုခ်ိန္မွာ လိဂ္ကို အႏုိင္ရဖို႔က ၾကီးမားတဲ့ ေတာင္းဆိုျဖစ္လာတယ္။ ေအာင္ျမင္ဖို႔လည္း နီးေနပါျပီ။ အႏုိင္ရႏုိင္ေခ် ရွိလာေနျပီျဖစ္ပါတယ္။

ကမၻာေပၚက လီဗာပူးပရိသတ္တိုင္းက ဖလားျပိဳင္ပြဲတိုင္းကို ေပ်ာ္ရႊင္ၾကပါလိမ့္မယ္ ခ်န္ပီယံလိဂ္ အပါအဝင္ေပါ့။ ပရီးမီးယားလိဂ္က ရလုလု ျဖစ္ေနျပီေလ။ ဒါေၾကာင့္ပဲ သူတို႔က အရမ္ကို သက္ေသာင့္သက္သာ ျဖစ္ေနၾကတယ္။ ပရိသတ္ေတြကဆိုရင္ ခ်န္ပီယံလိဂ္ဆုဖလားကို ေနာက္တစ္ၾကိမ္ တကယ္ၾကီး အႏုိင္ရႏုိင္တယ္လို႔ ျဖစ္ေနၾကပါတယ္။

ဒါေပမယ့္ ရာသီစတုန္းကဆိုရင္ ပရိသတ္ေတြက ဒီရာသီမွာ အမွတ္ေပးဖလားကို အႏုိင္ရလိုတယ္ဆိုတဲ့ ရည္မွန္းခ်က္ပဲ ရွိခဲ့တာပါ။ ဒီေတာ့ လက္ရွိ အေနအထားအေပၚ ပရိသတ္ေတြက စိုးရိမ္ေနၾကမယ္လို႔ မထင္ပါဘူး။ ဟုတ္ပါတယ္။ စြမ္းေဆာင္ရည္က မေကာင္းပါဘူး။ ဟန္ဒါဆန္ကို လြမ္းဆြတ္ေနရျပီး ဖာဘင္ညိဳက ၾကံ႕ခိုင္မႈ ေကာင္းခဲ့စဥ္က အေနအထားကို ျပန္မရပါဘူး။

အသင္းမွာ ျပႆနာေတြ အနည္းငယ္ ရွိေနပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးအတြက္က ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရဖို႔ပဲ လိုပါတယ္။ လီဗာပူးေဘာလံုးအသင္းအတြက္ ဒါကပဲ အၾကီးက်ယ္ဆံုး ဆုလာဘ္ပါပဲ ” လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။