လီဗာပူးဟာ ဒီဘက်နှစ်တွေမှာ အောင်မြင်မှုတွေ ပြန်ရလာပြီး တိုးတက်မှုတွေ ပြန်ရှာလာနိုင်ပေမယ့် ထိပ်တန်းအသင်းအဖြစ် အခြေခိုင်ခိုင် ရပ်တည်နိုင်ဖို့အတွက်ကတော့ နှစ်အနည်းငယ် ဆက်လက်ပြီး ကြိုးစားရဦးမှာပါ။

၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ လီဗာပူးအသင်းဟာ ဝင်ငွေ ပေါင် ၅၃၃ သန်း ရှိခဲ့ပေမယ့် အသာတင် အကျိုးအမြတ်ကတော့ ပေါင် ၄၂ သန်းပဲ ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုတွေ အပါအဝင် ကစားသမား ရောင်းချမှုတွေကနေ အကျိုးအမြတ်ကြီး ရခဲ့ခြင်းတွေလည်း ပါဝင်ပေမယ့် တစ်ဘက်မှာ လီဗာပူးဟာ လိုအပ်ချက်တွေကို ဖြည့်စွက်နေရတာကလည်း များပြားလွန်းခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလား ပြန်လည်အနိုင်ရဖို့အတွက် လီဗာပူးက အယ်လီဆန်၊ ကီတာ၊ ဖာဘင်ညိုနဲ့ ရှာကွီရီတို့အတွက် ပေါင် သန်း ၁၆၀ လောက် အသုံးပြုခဲ့ရတယ်။ ဒီလူစာရင်းကို တည်ဆောက်ဖို့အတွက် ကစားသမားသစ်တွေအပြင် ဟန်ဒါဆန်၊ ဖာမင်နို၊ ဆာလက်၊ မာနေး၊ ရော်ဘတ်ဆန်၊ ထရန့် အစရှိတဲ့ အဓိက ကစားသမား ၁၁ ဦးကိုလည်း စာချုပ်သစ်တွေ ပေးခဲ့ရတာဖြစ်တယ်။

လီဗာပူးဟာ ဒန်နီဝတ်၊ အင့်နဲ့ ဆိုလန်ကီတို့ကို ပေါင် သန်း ၅၀ လောက် ပမာဏနဲ့လည်း ရောင်းထုတ်မှုတွေ လုပ်ခဲ့သေးတာဖြစ်တယ်။ ဝင်ငွေကောင်းသလို ပြန်လည် ရင်းနှီးမြုပ်နှံမှုလည်း များတဲ့ လီဗာပူးဟာ မနှစ်ကရာသီအတွက် ကစားသမားခေါ်ယူမှုတွေ၊ သက်တမ်းတိုး စာချုပ်တွေအတွက် ပေါင် ၂၂၃ သန်းကို ပြန်လည် ရင်းနှီးမြုပ်နှံထားရပါတယ်။

ဒီနေရာမှာ လူတိုင်းက ကော်တင်ညို့ရဲ့ ပေါင် ၁၄၂ သန်းကို ထည့်ပြောနေကြပေမယ့် ဘရာဇီး တိုက်စစ်သမားကြောင့် ရတဲ့ ဝင်ငွေကလည်း သက်ဆိုင်ရာ ခုနှစ်အလိုက် ဘဏ္ဍာရေးစာရင်း ထုတ်ပြန်မှုမှာ ဘယ်လို သုံးစွဲခဲ့တယ်ဆိုတာကို ဖော်ပြထားပြီး ဖြစ်ပါတယ်။

ဒါတင်မကပါဘူး လီဗာပူးဟာ ပရီးမီးယားလိဂ်မှာတော့ မန်စီးတီး၊ ယူနိုက်တက်တို့နောက် လုပ်ခ ပေးချေမှု တတိယအမြင့်ဆုံး ကလပ်အသင်း ဖြစ်လာပြီး ကလပ်အသင်း ဝင်ငွေ စုစုပေါင်းရဲ့ ၅၈% ကို ကလပ်အသင်း တစ်သင်းလုံးရဲ့ လုပ်ခအဖြစ် ပေးချေနေရတာပါ။ ဒါဟာ မနှစ်ကထက်စာရင် ၁၈% မြင့်တက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

လီဗာပူးဟာ ဒီနှစ်နှစ်အတွင်း ငွေကြေးဆိုင်ရာ အကျိုးအမြတ်ကြီးတွေ အများကြီး ရလာတာကိုတော့ လူတိုင်း သိပါတယ်။ ဒါပေမယ့် ကလပ်အသင်းရဲ့ ဘဏ္ဍာရေစာရင်းမှာ အကျိုးအမြတ်က အရမ်းကြီး တက်မလာခဲ့ဘူး။ ဒါအတွက် အဓိက အချက်ကတော့ လီဗာပူးဟာ အသင်းပိုင်ရှင်တွေထံ တင်ရှိထားတဲ့ ကြွေးမြီတွေနဲ့ ပြင်ပ ကြွေးမြီတွေကို အရင် လျော့ချနေရသေးတာဖြစ်ပါတယ်။

ဒီနှစ်တွေအတွင်း လီဗာပူးက ဘာတွေများ လုပ်နေလို့ ဒီလို တိုးတက်မှုကြီးတွေကို ချက်ခြင်း မတွေ့ရသလဲဆိုရင် အဓိကအားဖြင့်ကတော့ ကြွေးမှီးတွေကို ပြန်ဆပ်နေရလို့ဖြစ်တယ်။ ဒါပေမယ့် သတင်းကောင်းကတော့ လီဗာပူးရဲ့ ပွဲနေ့ ဝင်ငွေ စုစုပေါင်း ဟာဆိုရင် ယခင်ကလို မဟုတ်တော့ပဲ ပေါင် ၈၄ သန်းထိ ရောက်လာခဲ့ပြီဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ကွင်းသစ်တိုးချဲ့မှု ထပ်မံ အောင်မြင်ပြီးရင်တော့ သန်း ၁၀၀ ထိ တိုးတက်သွားမှာဖြစ်ပါတယ်။

အောင်မြင်လာမှုအတွက် တိုက်ရိုက် အချိုးကျတဲ့ စီပွားရေးပိုင်းကတော့ ကလပ်ဟာ လေ့ကျင့်ရေးဂျာစီ စပွန်ဆာအပါအဝင် စပွန်ဆာ ၉ ခုအတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး Nike နဲ့လည်း စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်။ ဇွန်လ ၁ ရက်နေ့မှာ အသက်ဝင်မယ့် အဆိုပါ Nike နဲ့ စာချုပ်ကနေ လီဗာပူူးက တစ်ရာသီ ပေါင် ၃၀ သန်း ရမှာဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချမှုအရ အမြတ်ရဲ့ ၂၀% ကို လီဗာပူးဘက်က ခံစားခွင့်ရပါမယ်။

ယခင်က စီးပွားရေးပိုင်းမှာ ဝင်ငွေ နည်းပါခဲ့ပေမယ့် ယခုအခါမှာ ကမ္ဘာလုံးဆိုင်ရာ ပါတနာတွေနဲ့အတူ အွန်လိုင်း စီပွားရေးစနစ်တွေမှာလည်း တိုးတက်လုပ်ဆောင်နိုင်မှုက မြင့်မားနေပါပြီ။ ဒါတွေက အနာဂတ်မှာတော့ ကလပ်ရဲ့ ဘဏ္ဍာရေး အခြေခိုင်စေဖို့ကို ကြီးကြီးမားမား အပေါင်းလက္ခဏာ ပြသလာစေမှာပါ။

အားလုံးသိကြတဲ့အတိုင်း ယခင်တုန်းကဆိုရင် လီဗာပူးဟာ ကစားသမားတွေကို လုပ်ခ မြင့်မြင့်မားမား မပေးချနိုင်သလို ကစားသမားသစ်ရဖို့ ကိုယ်ကစားသမားကို ပြန်ရောင်းရတဲ့ အနေအထားပါ။ လက်ရှိမှာတော့ အသင်းက ကစားသမားတွေကို ဆက်ထိန်းထားနိုင်ပြီး ကစားသမားသစ်တွေကိုလည်း ခေါ်ယူလာနိုင်ပါပြီ။ ဒါဟာ ယခင်က ခြေလှမ်းပေါင်းများစွာ ပြတ်ကျန်ခဲ့မှုကို ပြန်လိုက်မှီဖို့ အရှိန်ရလာခြင်းရဲ့ အစဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့လို ကမ္ဘာလုံးဆိုင်ရာ အဆင့်ကို ရောက်ဖို့နဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေရဲ့ ဘဏ္ဍာရေးအင်အားကို ယှဉ်ပြိုင်ဖို့ကတော့ ကြိုးစားဆဲဖြစ်ပြီး လက်ရှိ အောင်မြင်မှုတွေကို နှစ်အနည်းငယ် ဆက်လက် ဆုပ်ကိုင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ဒီဘက္ႏွစ္ေတြမွာ ေအာင္ျမင္မႈေတြ ျပန္ရလာျပီး တိုးတက္မႈေတြ ျပန္ရွာလာႏုိင္ေပမယ့္ ထိပ္တန္းအသင္းအျဖစ္ အေျခခိုင္ခိုင္ ရပ္တည္ႏုိင္ဖို႔အတြက္ကေတာ့ ႏွစ္အနည္းငယ္ ဆက္လက္ျပီး ၾကိဳးစားရဦးမွာပါ။

၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာ လီဗာပူးအသင္းဟာ ဝင္ေငြ ေပါင္ ၅၃၃ သန္း ရွိခဲ့ေပမယ့္ အသာတင္ အက်ိဳးအျမတ္ကေတာ့ ေပါင္ ၄၂ သန္းပဲ ရွိခဲ့တာျဖစ္ပါတယ္။ ဒါဟာ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္မႈေတြ အပါအဝင္ ကစားသမား ေရာင္းခ်မႈေတြကေန အက်ိဳးအျမတ္ၾကီး ရခဲ့ျခင္းေတြလည္း ပါဝင္ေပမယ့္ တစ္ဘက္မွာ လီဗာပူးဟာ လိုအပ္ခ်က္ေတြကို ျဖည့္စြက္ေနရတာကလည္း မ်ားျပားလြန္းခဲ့ပါတယ္။

ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္ အမွတ္ေပးဖလား ျပန္လည္အႏုိင္ရဖို႔အတြက္ လီဗာပူးက အယ္လီဆန္၊ ကီတာ၊ ဖာဘင္ညိဳနဲ႔ ရွာကီြရီတို႔အတြက္ ေပါင္ သန္း ၁၆၀ ေလာက္ အသံုးျပဳခဲ့ရတယ္။ ဒီလူစာရင္းကို တည္ေဆာက္ဖို႔အတြက္ ကစားသမားသစ္ေတြအျပင္ ဟန္ဒါဆန္၊ ဖာမင္ႏို၊ ဆာလက္၊ မာေနး၊ ေရာ္ဘတ္ဆန္၊ ထရန္႔ အစရွိတဲ့ အဓိက ကစားသမား ၁၁ ဦးကိုလည္း စာခ်ဳပ္သစ္ေတြ ေပးခဲ့ရတာျဖစ္တယ္။

လီဗာပူးဟာ ဒန္နီဝတ္၊ အင့္နဲ႔ ဆိုလန္ကီတို႔ကို ေပါင္ သန္း ၅၀ ေလာက္ ပမာဏနဲ႔လည္း ေရာင္းထုတ္မႈေတြ လုပ္ခဲ့ေသးတာျဖစ္တယ္။ ဝင္ေငြေကာင္းသလို ျပန္လည္ ရင္းႏွီးျမဳပ္ႏွံမႈလည္း မ်ားတဲ့ လီဗာပူးဟာ မႏွစ္ကရာသီအတြက္ ကစားသမားေခၚယူမႈေတြ၊ သက္တမ္းတိုး စာခ်ဳပ္ေတြအတြက္ ေပါင္ ၂၂၃ သန္းကို ျပန္လည္ ရင္းႏွီးျမဳပ္ႏွံထားရပါတယ္။

ဒီေနရာမွာ လူတိုင္းက ေကာ္တင္ညိဳ႕ရဲ႕ ေပါင္ ၁၄၂ သန္းကို ထည့္ေျပာေနၾကေပမယ့္ ဘရာဇီး တိုက္စစ္သမားေၾကာင့္ ရတဲ့ ဝင္ေငြကလည္း သက္ဆိုင္ရာ ခုႏွစ္အလိုက္ ဘ႑ာေရးစာရင္း ထုတ္ျပန္မႈမွာ ဘယ္လို သံုးစြဲခဲ့တယ္ဆိုတာကို ေဖာ္ျပထားျပီး ျဖစ္ပါတယ္။

ဒါတင္မကပါဘူး လီဗာပူးဟာ ပရီးမီးယားလိဂ္မွာေတာ့ မန္စီးတီး၊ ယူႏုိက္တက္တို႔ေနာက္ လုပ္ခ ေပးေခ်မႈ တတိယအျမင့္ဆံုး ကလပ္အသင္း ျဖစ္လာျပီး ကလပ္အသင္း ဝင္ေငြ စုစုေပါင္းရဲ႕ ၅၈% ကို ကလပ္အသင္း တစ္သင္းလံုးရဲ႕ လုပ္ခအျဖစ္ ေပးေခ်ေနရတာပါ။ ဒါဟာ မႏွစ္ကထက္စာရင္ ၁၈% ျမင့္တက္လာခဲ့ျခင္းလည္းျဖစ္ပါတယ္။

လီဗာပူးဟာ ဒီႏွစ္ႏွစ္အတြင္း ေငြေၾကးဆိုင္ရာ အက်ိဳးအျမတ္ၾကီးေတြ အမ်ားၾကီး ရလာတာကိုေတာ့ လူတိုင္း သိပါတယ္။ ဒါေပမယ့္ ကလပ္အသင္းရဲ႕ ဘ႑ာေရစာရင္းမွာ အက်ိဳးအျမတ္က အရမ္းၾကီး တက္မလာခဲ့ဘူး။ ဒါအတြက္ အဓိက အခ်က္ကေတာ့ လီဗာပူးဟာ အသင္းပိုင္ရွင္ေတြထံ တင္ရွိထားတဲ့ ေၾကြးျမီေတြနဲ႔ ျပင္ပ ေၾကြးျမီေတြကို အရင္ ေလ်ာ့ခ်ေနရေသးတာျဖစ္ပါတယ္။

ဒီႏွစ္ေတြအတြင္း လီဗာပူးက ဘာေတြမ်ား လုပ္ေနလို႔ ဒီလို တိုးတက္မႈၾကီးေတြကို ခ်က္ျခင္း မေတြ႔ရသလဲဆိုရင္ အဓိကအားျဖင့္ကေတာ့ ေၾကြးမွီးေတြကို ျပန္ဆပ္ေနရလို႔ျဖစ္တယ္။ ဒါေပမယ့္ သတင္းေကာင္းကေတာ့ လီဗာပူးရဲ႕ ပြဲေန႔ ဝင္ေငြ စုစုေပါင္း ဟာဆိုရင္ ယခင္ကလို မဟုတ္ေတာ့ပဲ ေပါင္ ၈၄ သန္းထိ ေရာက္လာခဲ့ျပီျဖစ္ျပီး ၂၀၂၂-၂၀၂၃ ေဘာလံုးရာသီမွာ ကြင္းသစ္တိုးခ်ဲ႔မႈ ထပ္မံ ေအာင္ျမင္ျပီးရင္ေတာ့ သန္း ၁၀၀ ထိ တိုးတက္သြားမွာျဖစ္ပါတယ္။

ေအာင္ျမင္လာမႈအတြက္ တိုက္ရိုက္ အခ်ိဳးက်တဲ့ စီပြားေရးပိုင္းကေတာ့ ကလပ္ဟာ ေလ့က်င့္ေရးဂ်ာစီ စပြန္ဆာအပါအဝင္ စပြန္ဆာ ၉ ခုအတြက္ သေဘာတူညီမႈ ရယူႏုိင္ခဲ့ျပီး Nike နဲ႔လည္း စာခ်ဳပ္ ခ်ဳပ္ဆိုႏုိင္ခဲ့ျပီျဖစ္တယ္။ ဇြန္လ ၁ ရက္ေန႔မွာ အသက္ဝင္မယ့္ အဆိုပါ Nike နဲ႔ စာခ်ဳပ္ကေန လီဗာပူူးက တစ္ရာသီ ေပါင္ ၃၀ သန္း ရမွာျဖစ္ျပီး ေစ်းကြက္အတြင္း ေရာင္းခ်မႈအရ အျမတ္ရဲ႕ ၂၀% ကို လီဗာပူးဘက္က ခံစားခြင့္ရပါမယ္။

ယခင္က စီးပြားေရးပိုင္းမွာ ဝင္ေငြ နည္းပါခဲ့ေပမယ့္ ယခုအခါမွာ ကမၻာလံုးဆုိင္ရာ ပါတနာေတြနဲ႔အတူ အြန္လိုင္း စီပြားေရးစနစ္ေတြမွာလည္း တိုးတက္လုပ္ေဆာင္ႏိုင္မႈက ျမင့္မားေနပါျပီ။ ဒါေတြက အနာဂတ္မွာေတာ့ ကလပ္ရဲ႔ ဘ႑ာေရး အေျခခိုင္ေစဖို႔ကို ၾကီးၾကီးမားမား အေပါင္းလကၡဏာ ျပသလာေစမွာပါ။

အားလံုးသိၾကတဲ့အတိုင္း ယခင္တုန္းကဆိုရင္ လီဗာပူးဟာ ကစားသမားေတြကို လုပ္ခ ျမင့္ျမင့္မားမား မေပးခ်ႏုိင္သလို ကစားသမားသစ္ရဖို႔ ကိုယ္ကစားသမားကို ျပန္ေရာင္းရတဲ့ အေနအထားပါ။ လက္ရွိမွာေတာ့ အသင္းက ကစားသမားေတြကို ဆက္ထိန္းထားႏုိင္ျပီး ကစားသမားသစ္ေတြကိုလည္း ေခၚယူလာႏုိင္ပါျပီ။ ဒါဟာ ယခင္က ေျခလွမ္းေပါင္းမ်ားစြာ ျပတ္က်န္ခဲ့မႈကို ျပန္လိုက္မွီဖို႔ အရွိန္ရလာျခင္းရဲ႕ အစျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔လို ကမၻာလံုးဆိုင္ရာ အဆင့္ကို ေရာက္ဖို႔နဲ႔ ပရီးမီးယားလိဂ္ျပိဳင္ဘက္ေတြရဲ႕ ဘ႑ာေရးအင္အားကို ယွဥ္ျပိဳင္ဖို႔ကေတာ့ ၾကိဳးစားဆဲျဖစ္ျပီး လက္ရွိ ေအာင္ျမင္မႈေတြကို ႏွစ္အနည္းငယ္ ဆက္လက္ ဆုပ္ကိုင္ထားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။