လီဗာပူးဟာ လာမယ့် ရာသီမှာတော့ ဂျာစီစပွန်ဆာအဖြစ် ကာလတစ်ခု လက်တွဲခဲ့တဲ့ New Balance နဲ့ လက်တွဲဖြုတ်ပြီဖြစ်ပြီး Nike နဲ့ ပြောင်းလဲ လက်တွဲသွားမှာဖြစ်ပါတယ်။

လီဗာပူးနဲ့ NIKE ကြား စီးပွားရေးဆိုင်ရာ စပွန်ဆာ စာချုပ်ကို ကလပ်အသင်းဘက်က အသေးစိတ် သတင်းတွေ ထုတ်ပြန်ပေးခြင်း မရှိတာကြောင့် ပရိသတ်တွေဘက်က ရှင်းရှင်းလင်းလင်း သိရှိထားခြင်း မရှိပါဘူး။ ဒါကြောင့် လီဗာပူးနဲ့ NIKE ကြား ချုပ်ဆိုထားတဲ့ ဂျာစီစာချုပ်မှာ ဘာတွေ ပါဝင်နေသလဲ၊ ဘယ်လို အကျိုးအမြတ်ရမလဲ ဆိုတာကို The Athletic မှ လီဗာပူးသတင်းထောက် James Pearce ရဲ့ ဖော်ပြမှုကို ပြန်လည် တင်ဆက်လိုက်ပါတယယ်။

လီဗာပူးနဲ့ အမေရိကန် အားကစားကုမ္ပဏီ New Balance တို့ကြား နောက်ဆုံး စာချုပ်သက်တမ်းတိုးထားမှုအရ ဒီရာသီကုန်ပြီးရင် စာချုပ်သက်တမ်းပြည့်ပြီဖြစ်ပါတယ်။ လီဗာပူးက New Balance နဲ့ပဲ သစ္စာရှိစွာ ဆက်လက် လက်တွဲလိုပေမယ့်လို့ နာမည်ကျော် အမှတ်တံဆိပ်တွေနည်းတူ အမေရိကန်ကုမ္ပဏီက မြင့်မားတဲ့စာချုပ် ပေးဖို့ မတတ်နိုင်ခဲ့ပါဘူး။ FSG က အခြားသော အားကစားကုမ္ပဏီတွေနဲ့ လက်တွဲဖို့ရာ တံခါးဖွင့်ခဲ့ရာက Nike ဟာ ဝင်ရောက်ညိနှိုင်းလာခဲ့တာဖြစ်ပါတယ်။

လီဗာပူးက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို Nike နဲ့ လက်တွဲမယ်လို့တော့ ကြေညာထားပါတယ်။ တကယ်တမ်း သက်တမ်းကတော့ ၅ နှသ်စာချုပ်ဖြစ်ပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ အသက်ဝင်မယ့် အဆိုပါ စာချုပ်ကနေ လီဗာပူူးက တစ်ရာသီ ပေါင် ၃၀ သန်း ရမှာဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချမှုအရ အမြတ်ရဲ့ ၂၀% ကို လီဗာပူးဘက်က ခံစားခွင့်ရပါမယ်။

ကမ္ဘာလုံးဆိုင်ရာ အနေအထားမှာ လီဗာပူးရဲ့ ပုံရိပ် တိုးတက်လာမှုအရ ဈေးကွက်မှာ ဘယ်လောက်ထိ တောင်းဆိုမှုအား များမလဲဆိုတာ မခန့်မှန်းနိုင်သေးပေမယ့် လီဗာပူးဘက်ကတော့ စာချုပ်သစ်အရ ကလပ်ဟာ Nike နဲ့ လက်တွဲမှုကနေ တစ်နှစ်ကို ပေါင် ၆၀-၇၀ သန်းကြား ရမယ်လို့ ခန့်မှန်းထားပါတယ်။ အချို့ကတော့ ပေါင် ၈၀ သန်းကို ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

တစ်နည်းအားဖြင့် အမြင့်ဆုံး ပမာဏကို ရမယ်ဆိုရင် New Balance နဲ့ တုန်းကရဲ့ နှစ်ဆလောက်ထိ ရမှာဖြစ်ပြီး Nike ဘက်ကလည်း ဂျာစီသစ်အတွက် အထူးဒီဇိုင်းအဖွဲ့ကို ပေးအပ်ထားခြင်းဆိုတဲ့ အခွင့်အရေးကို ပြန်ပေးထားပါသေးတယ်။

ZAWGYI

လီဗာပူးဟာ လာမယ့္ ရာသီမွာေတာ့ ဂ်ာစီစပြန္ဆာအျဖစ္ ကာလတစ္ခု လက္တြဲခဲ့တဲ့ New Balance နဲ႔ လက္တြဲျဖဳတ္ျပီျဖစ္ျပီး Nike နဲ႔ ေျပာင္းလဲ လက္တြဲသြားမွာျဖစ္ပါတယ္။

လီဗာပူးနဲ႔ NIKE ၾကား စီးပြားေရးဆုိင္ရာ စပြန္ဆာ စာခ်ဳပ္ကို ကလပ္အသင္းဘက္က အေသးစိတ္ သတင္းေတြ ထုတ္ျပန္ေပးျခင္း မရွိတာေၾကာင့္ ပရိသတ္ေတြဘက္က ရွင္းရွင္းလင္းလင္း သိရွိထားျခင္း မရွိပါဘူး။ ဒါေၾကာင့္ လီဗာပူးနဲ႔ NIKE ၾကား ခ်ဳပ္ဆိုထားတဲ့ ဂ်ာစီစာခ်ဳပ္မွာ ဘာေတြ ပါဝင္ေနသလဲ၊ ဘယ္လို အက်ိဳးအျမတ္ရမလဲ ဆိုတာကို The Athletic မွ လီဗာပူးသတင္းေထာက္ James Pearce ရဲ႕ ေဖာ္ျပမႈကို ျပန္လည္ တင္ဆက္လိုက္ပါတယယ္။

လီဗာပူးနဲ႔ အေမရိကန္ အားကစားကုမၸဏီ New Balance တို႔ၾကား ေနာက္ဆံုး စာခ်ဳပ္သက္တမ္းတိုးထားမႈအရ ဒီရာသီကုန္ျပီးရင္ စာခ်ဳပ္သက္တမ္းျပည့္ျပီျဖစ္ပါတယ္။ လီဗာပူးက New Balance နဲ႔ပဲ သစၥာရွိစြာ ဆက္လက္ လက္တြဲလိုေပမယ့္လို႔ နာမည္ေက်ာ္ အမွတ္တံဆိပ္ေတြနည္းတူ အေမရိကန္ကုမၸဏီက ျမင့္မားတဲ့စာခ်ဳပ္ ေပးဖို႔ မတတ္ႏုိင္ခဲ့ပါဘူး။ FSG က အျခားေသာ အားကစားကုမၸဏီေတြနဲ႔ လက္တြဲဖို႔ရာ တံခါးဖြင့္ခဲ့ရာက Nike ဟာ ဝင္ေရာက္ညိႏိႈင္းလာခဲ့တာျဖစ္ပါတယ္။

လီဗာပူးက ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီကို Nike နဲ႔ လက္တြဲမယ္လို႔ေတာ့ ေၾကညာထားပါတယ္။ တကယ္တမ္း သက္တမ္းကေတာ့ ၅ ႏွသ္စာခ်ဳပ္ျဖစ္ပါတယ္။ ဇြန္လ ၁ ရက္ေန႔မွာ အသက္ဝင္မယ့္ အဆိုပါ စာခ်ဳပ္ကေန လီဗာပူူးက တစ္ရာသီ ေပါင္ ၃၀ သန္း ရမွာျဖစ္ျပီး ေစ်းကြက္အတြင္း ေရာင္းခ်မႈအရ အျမတ္ရဲ႕ ၂၀% ကို လီဗာပူးဘက္က ခံစားခြင့္ရပါမယ္။

ကမၻာလံုးဆိုင္ရာ အေနအထားမွာ လီဗာပူးရဲ႕ ပံုရိပ္ တိုးတက္လာမႈအရ ေစ်းကြက္မွာ ဘယ္ေလာက္ထိ ေတာင္းဆိုမႈအား မ်ားမလဲဆိုတာ မခန္႔မွန္းႏုိင္ေသးေပမယ့္ လီဗာပူးဘက္ကေတာ့ စာခ်ဳပ္သစ္အရ ကလပ္ဟာ Nike နဲ႔ လက္တြဲမႈကေန တစ္ႏွစ္ကို ေပါင္ ၆၀-၇၀ သန္းၾကား ရမယ္လို႔ ခန္႔မွန္းထားပါတယ္။ အခ်ိဳ႕ကေတာ့ ေပါင္ ၈၀ သန္းကို ေက်ာ္လြန္ႏုိင္တယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

တစ္နည္းအားျဖင့္ အျမင့္ဆံုး ပမာဏကို ရမယ္ဆိုရင္ New Balance နဲ႔ တုန္းကရဲ႕ ႏွစ္ဆေလာက္ထိ ရမွာျဖစ္ျပီး Nike ဘက္ကလည္း ဂ်ာစီသစ္အတြက္ အထူးဒီဇိုင္းအဖြဲ႔ကို ေပးအပ္ထားျခင္းဆိုတဲ့ အခြင့္အေရးကို ျပန္ေပးထားပါေသးတယ္။