လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတာကြောင့် ငွေကြေး ဆုံးရံှူးမှု များမယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ချန်ပီယံလိဂ်ဟာ ကွာတားဖိုင်နယ် ရောက်တဲ့ အသင်းတွေကို ပေါင် ၈.၇ သန်း၊ ဆီမီးဖိုင်နယ် အဆင့်ကို ပေါင် ၁၀ သန်းနဲ့ ဖိုင်နယ်အဆင့်အတွက် ပေါင် ၁၂.၄ သန်း တို့ကို ပေးအပ်တာဖြစ်တယ်။ ဒါကြောင့် ဒီရာသီ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာကြောင့် လီဗာပူးဟာ ပေါင် သန်း ၃၀ လောက်ထိကို နစ်နာမျာဖြစ်ပါတယ်။

၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေကို တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးဟာ ဥရောပပြိုင်ပွဲတွေကနေ ဝင်ငွေကောင်းခဲ့သလို ဥရောပပြိုင်ပွဲ သမိုင်းမှာ ဝင်ငွေ အကောင်းဆုံး အသင်းတွေထဲကလည်း တစ်သင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ကလပ်အသင်းတိုင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေကို အမြဲတက်ရောက်နိုင်တာ မဟုတ်ခြင်းကြောင့် နှစ်ရာသီ တက်ရောက်နိုင်ခဲ့ခြင်းဟာ လီဗာပူးရဲ့ ဘဏ္ဍာရေးကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

၂၀၁၈ မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဗိုလ်လုခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ စပါးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုခဲ့တဲ့ လီဗာပူးဟာ ၂၀၂၀ ခုနှစ်မှာတော့ အိမ်ကွင်းမှာ တီကို ကို အရေးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်ဖြင့် ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

လောလောဆယ် ကိုရိုနာကြောင့် ဥရောပပြိုင်ပွဲတွေကို ရွှေ့ဆိုင်းထားရပြီး ပရီးမီးယားလိဂ်ကိုပါ ရပ်နားထားရတာပါ။ ပရီးမီးယားလိဂ်ကို ဆက်လက် ကျင်းပခြင်း မလုပ်ပဲ ရပ်ဆိုင်းလိုက်မယ်ဆိုရင် ကလပ်တွေဟာ ငွေကြေး များစွာ ဆုံးရံှူးဖို့ရှိနေတာကြောင့် အရေးပေါ် အစည်းအဝေးတွေ လုပ်ဆောင်ရဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ၁၆ သင္းအဆင့္ကေန လွည့္ျပန္ခဲ့ရတာေၾကာင့္ ေငြေၾကး ဆံုးရံွဴးမႈ မ်ားမယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ခ်န္ပီယံလိဂ္ဟာ ကြာတားဖိုင္နယ္ ေရာက္တဲ့ အသင္းေတြကို ေပါင္ ၈.၇ သန္း၊ ဆီမီးဖိုင္နယ္ အဆင့္ကို ေပါင္ ၁၀ သန္းနဲ႔ ဖိုင္နယ္အဆင့္အတြက္ ေပါင္ ၁၂.၄ သန္း တို႔ကို ေပးအပ္တာျဖစ္တယ္။ ဒါေၾကာင့္ ဒီရာသီ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရတာေၾကာင့္ လီဗာပူးဟာ ေပါင္ သန္း ၃၀ ေလာက္ထိကို နစ္နာမ်ာျဖစ္ပါတယ္။

၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္ေတြမွာ ခ်န္ပီယံလိဂ္ ဗုိလ္လုပြဲေတြကို တက္ေရာက္ႏုိင္ခဲ့တဲ့ လီဗာပူးဟာ ဥေရာပျပိဳင္ပြဲေတြကေန ဝင္ေငြေကာင္းခဲ့သလို ဥေရာပျပိဳင္ပြဲ သမိုင္းမွာ ဝင္ေငြ အေကာင္းဆံုး အသင္းေတြထဲကလည္း တစ္သင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။ ကလပ္အသင္းတိုင္းက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေတြကို အျမဲတက္ေရာက္ႏုိင္တာ မဟုတ္ျခင္းေၾကာင့္ ႏွစ္ရာသီ တက္ေရာက္ႏုိင္ခဲ့ျခင္းဟာ လီဗာပူးရဲ႕ ဘ႑ာေရးကို အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္။

၂၀၁၈ မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ဗိုလ္လုခဲ့ျပီး ၂၀၁၉ ခုႏွစ္မွာ စပါးနဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုခဲ့တဲ့ လီဗာပူးဟာ ၂၀၂၀ ခုႏွစ္မွာေတာ့ အိမ္ကြင္းမွာ တီကို ကို အေရးနိမ့္ခဲ့ျပီး ႏွစ္ေက်ာ့ေပါင္း ရလဒ္ျဖင့္ ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ေလာေလာဆယ္ ကိုရိုနာေၾကာင့္ ဥေရာပျပိဳင္ပြဲေတြကို ေရႊ႔ဆုိင္းထားရျပီး ပရီးမီးယားလိဂ္ကိုပါ ရပ္နားထားရတာပါ။ ပရီးမီးယားလိဂ္ကို ဆက္လက္ က်င္းပျခင္း မလုပ္ပဲ ရပ္ဆုိင္းလိုက္မယ္ဆိုရင္ ကလပ္ေတြဟာ ေငြေၾကး မ်ားစြာ ဆံုးရံွဴးဖို႔ရွိေနတာေၾကာင့္ အေရးေပၚ အစည္းအေဝးေတြ လုပ္ေဆာင္ရဖို႔ ရွိေနပါတယ္။