ဒီရက်ပိုင်းမှာ ဝက်ဟမ်းအသင်း ဒု-ဥက္ကဌက ဒီရာသီ အမှတ်ပေးဖလားကို လီဗာပူးကို ပေးဖို့ သဘောမတူပဲ ကန့်ကွက်ကြောင်းနဲ့ သူမရဲ့ ကန့်ကွက်မှုကိုလည်း လာမယ့် ကြာသပတေးနေ့ အစည်းအဝေးမှာ အဆိုတင်သွင်းမယ်လို့ ဆိုထားပါတယ်။

ပရီးမီးယားလိဂ် တန်းဆင်းဇုန် အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ အသင်းတွေထဲမှာ ပါဝင်နေတဲ့ ဘရိုက်တန်းအသင်း စီအီးအိုကတော့ အဆိုပါ အချက်ကို လက်မခံခဲ့ပါဘူး။ သူကတော့ ပိုမို လက်တွေ့ကျတဲ့ ကိစ္စတွေကို စဉ်းစားဖို့ ထုတ်ပြောလာတာပါ။

ဘရိုက်တန် စီအီးအိုက ” နှစ်ပတ်၊ သုံးပတ်ကြာပြီးရင် ပရီးမီးယားလိဂ်က ဘာဖြစ်မလဲဆိုတာကို ခန့်မှန်းကြည့်ဖို့က ခက်ခဲလွန်းလှပါတယ်။ အကယ်လို့ လိဂ်ကို ရပ်နားလိုက်မယ်ဆိုရင် လီဗာပူးအတွက် မတရားဘူးလို့ ကျနော်ထင်တယ်။ သူတို့က အမှတ်ပေးချန်ပီယံဖြစ်ဖို့ ထိုက်တန်ရုံတင် မကပါဘူး ဒီရာသီတစ်ခုလုံး သူတို့ ထူးချွန်စွာ လုပ်ပြလာနိုင်မှုတွေအရ လူတိုင်းကလည်း သူတို့ကို အသိအမှတ်ပြုကြမှာပါ။

တူညီမှုအဖြစ် ပွဲတွေ ဆက်ကစားဖို့ ကျန်နေသေးချိန်မှာ ကလပ်အသင်းတွေ တန်းဆင်းဖို့ ကိစ္စကလည်း ဆုံးဖြတ်ဖို့ မတရားပါဘူး။ နောက်ပြီး ဘဏ္ဍာရေးဆိုင်ရာ အကျိုးဆက်တွေကလည်း ခက်ခဲလွန်းလှပါတယ်။ နောက်ပြီး ချန်ပီယံရှစ်မှာ အရမ်း ကြိုးစားထားတဲ့ လိဒ်နဲ့ ဝက်ဘရွန်း အသင်းတွေအတွက်လည်း ခက်ခဲလွန်းလှပါတယ်။ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ဖို့ သူတို့တွေ ဘယ်လောက်ထိ ကြိုးစားထားရလဲဆိုတာကို ကျနေ်ာတို့ သိပါတယ်။

ကျနေ်ာတို့ရဲ့ ဦးစားပေးနဲ့ ပရီးမီးယားလိဂ်ရဲ့ ဦးစားပေးက လက်ကျန် ဘောလုံးရာသီကို ဆက်လက် ကစားနိုင်ဖို့ပါပဲ။ ဒါကို ကျနေ်ာတို့ အားလုံး အလိုရှိပါတယ်၊ နောက်ပြီး ပရိသတ်တွေနဲ့ ကလပ်အသင်းတိုင်း အလိုရှိပါတယ်။ ဒါပေမယ့် လက်တွေ့မျာ ဗိုင်းရပ် အနေအထားကို ကျနေ်ာတို့ မသိပါဘူး။ ဘယ်အချိန်မှာ ကစားနိုင်မလဲ ဘယ်လို ကစားရမလဲ ကျနေ်ာတို့ မသိပါဘူး။

လူတိုင်း၊ ကစားသမားတိုင်း၊ မန်နေဂျာတိုင်းအတွက် ကျနေ်ာတို့ စဉ်းစားဖို့ လိုပါတယ်။ ပရိသတ်တွေကို ကွင်းထဲ လာခိုင်းဖို့၊ ကွင်းထဲဝင်ခိုင်းဖို့ သယ်ယူပို့ဆောင်ဖို့ ကိစ္စတွေကို ကျနေ်ာတို့ စဉ်းစားဖို့ လိုအပ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီရက္ပိုင္းမွာ ဝက္ဟမ္းအသင္း ဒု-ဥကၠဌက ဒီရာသီ အမွတ္ေပးဖလားကို လီဗာပူးကို ေပးဖို႔ သေဘာမတူပဲ ကန္႔ကြက္ေၾကာင္းနဲ႔ သူမရဲ႕ ကန္႔ကြက္မႈကိုလည္း လာမယ့္ ၾကာသပေတးေန႔ အစည္းအေဝးမွာ အဆိုတင္သြင္းမယ္လို႔ ဆိုထားပါတယ္။

ပရီးမီးယားလိဂ္ တန္းဆင္းဇုန္ အႏၱရာယ္ကို ရင္ဆိုင္ေနရတဲ့ အသင္းေတြထဲမွာ ပါဝင္ေနတဲ့ ဘရိုက္တန္းအသင္း စီအီးအိုကေတာ့ အဆိုပါ အခ်က္ကို လက္မခံခဲ့ပါဘူး။ သူကေတာ့ ပိုမို လက္ေတြ႔က်တဲ့ ကိစၥေတြကို စဥ္းစားဖို႔ ထုတ္ေျပာလာတာပါ။

ဘရိုက္တန္ စီအီးအိုက ” ႏွစ္ပတ္၊ သံုးပတ္ၾကာျပီးရင္ ပရီးမီးယားလိဂ္က ဘာျဖစ္မလဲဆိုတာကို ခန္႔မွန္းၾကည့္ဖို႔က ခက္ခဲလြန္းလွပါတယ္။ အကယ္လို႔ လိဂ္ကို ရပ္နားလိုက္မယ္ဆိုရင္ လီဗာပူးအတြက္ မတရားဘူးလို႔ က်ေနာ္ထင္တယ္။ သူတို႔က အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္ရံုတင္ မကပါဘူး ဒီရာသီတစ္ခုလံုး သူတို႔ ထူးခၽြန္စြာ လုပ္ျပလာႏုိင္မႈေတြအရ လူတိုင္းကလည္း သူတို႔ကို အသိအမွတ္ျပဳၾကမွာပါ။

တူညီမႈအျဖစ္ ပြဲေတြ ဆက္ကစားဖို႔ က်န္ေနေသးခ်ိန္မွာ ကလပ္အသင္းေတြ တန္းဆင္းဖို႔ ကိစၥကလည္း ဆံုးျဖတ္ဖို႔ မတရားပါဘူး။ ေနာက္ျပီး ဘ႑ာေရးဆိုင္ရာ အက်ိဳးဆက္ေတြကလည္း ခက္ခဲလြန္းလွပါတယ္။ ေနာက္ျပီး ခ်န္ပီယံရွစ္မွာ အရမ္း ၾကိဳးစားထားတဲ့ လိဒ္နဲ႔ ဝက္ဘရြန္း အသင္းေတြအတြက္လည္း ခက္ခဲလြန္းလွပါတယ္။ ပရီးမီးယားလိဂ္ကို တန္းတက္ႏုိင္ဖို႔ သူတို႔ေတြ ဘယ္ေလာက္ထိ ၾကိဳးစားထားရလဲဆိုတာကို က်ေန္ာတို႔ သိပါတယ္။

က်ေန္ာတို႔ရဲ႕ ဦးစားေပးနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဦးစားေပးက လက္က်န္ ေဘာလံုးရာသီကို ဆက္လက္ ကစားႏုိင္ဖို႔ပါပဲ။ ဒါကို က်ေန္ာတို႔ အားလံုး အလိုရွိပါတယ္၊ ေနာက္ျပီး ပရိသတ္ေတြနဲ႔ ကလပ္အသင္းတိုင္း အလိုရွိပါတယ္။ ဒါေပမယ့္ လက္ေတြ႔မ်ာ ဗိုင္းရပ္ အေနအထားကို က်ေန္ာတို႔ မသိပါဘူး။ ဘယ္အခ်ိန္မွာ ကစားႏုိင္မလဲ ဘယ္လို ကစားရမလဲ က်ေန္ာတို႔ မသိပါဘူး။

လူတိုင္း၊ ကစားသမားတိုင္း၊ မန္ေနဂ်ာတိုင္းအတြက္ က်ေန္ာတို႔ စဥ္းစားဖို႔ လိုပါတယ္။ ပရိသတ္ေတြကို ကြင္းထဲ လာခိုင္းဖို႔၊ ကြင္းထဲဝင္ခိုင္းဖို႔ သယ္ယူပို႔ေဆာင္ဖို႔ ကိစၥေတြကို က်ေန္ာတုိ႔ စဥ္းစားဖို႔ လိုအပ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။