လီဗာပူး ခံစစ်မှူးဟောင်းကြီ ဂျင်မီကာရေဂါက ကိုရိုနာအရေးကြောင့် ရပ်နားထားတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အေးဆေးသွားချိန်မှာ ဆက်လက် ကစားခြင်းကသာ မျှတတဲ့ ဖြေရှင်းမှု ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ ပရီးမီးယားလိဂ် အရေးပေါ် အစည်းအဝေးမှာ ဒီရာသီ ပြိုင်ပွဲကို ဖျက်သိမ်းလိုတဲ့ ကလပ်အသင်း အချို့ ရှိနေပြီး ဝက်စ်ဟမ်းအသင်း ဒုဥက္က္ဌဖြစ်သူ ကာရန် ဘရာဒီကတော့ ပြိုင်ပွဲဖျက်ဖို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် အပါအဝင် အင်္ဂလန်က ဘောလုံးပြိုင်ပွဲတွေကို ရပ်နားဖို့ သောကြာနေ့ကပဲ အက်ဖ်အေက ဆုံးဖြတ် ကြေငြာခဲ့ပါတယ်။ ထိုဆုံးဖြတ်ချက် အာဆင်နယ် နည်းပြ အာတီတာ၊ ချယ်ဆီး ကစားသမား အိုဒွိုင်းတို့ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြု သတင်း အပြီးမှာ ဖြစ်ပေါ်လာခဲ့တာပါ။

လက်ရှိ ဘောလုံးရာသီ ပြီးဆုံးဖို့ ပရီးမီးယားလိဂ် ပွဲက ၉ ပွဲ ကျန်ရှိသေးပြီး လောလောဆယ် ဧပြီ ၃ ထိ ရက်နားထားသည့်တိုင် ဘယ်တော့ ပြန်စနိုင်မယ် မသေချာသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဝက်စ်ဟမ် အသင်း ဒုဥက္ကဌ ဖြစ်သူ ကာရန် ဘရာဒီက တန်းဆင်းတဲ့ အသင်း တစ်သင်းမှ မရှိစေဘဲ ဒီရာသီကို ဖျက်သိမ်းစေလိုကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ လက်ရှိ အဆင့်က ၁၆ မှာ ဖြစ်ပြီး တန်းဆင်းဇုန်မှာ ရှိနေတာ ဖြစ်ပါတယ်။ ကာရေဂါကတော့ ဘရာဒီရဲ့ တောင်းဆိုမှုကို မအံ့သြဘဲ လီဗာပူးနည်းပြ ယာဂင်ကလော့ပ် သဘောထားနဲ့ တခြားစီပဲလို့ ချက်ကျလက်ကျ တုန့်ပြန်လိုက်ပါတယ်။ ကလော့ပ်က ပြိုင်ပွဲ ရွှေ့လိုက်တဲ့ ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဆိုခဲ့ပြီး ဘောလုံးထက် အရေးကြီးတဲ့ အရာတွေ ရှိကြောင်း နှစ်သိမ့်ပြောဆိုထားပါတယ်။

” ကာရန် ဘရာဒီ ပြောတာတွေနဲ့ ကလော့ပ် ပြောတာတွေ ယှဉ်ပဲ ကြည့်လိုက်စမ်းပါ။ ဘောလုံးပွဲတွေ ပြန် ကစားနိုင်တဲ့အချိန်မှာ လိဂ်တိုင်းက အသင်းတွေ အတွက် မျှမျှတတ ဖြစ်ဖို့ ဘယ်လို အဆုံးသတ်တာက ကောင်းမလဲ။ တာဝန်ရှိသူတွေ ဆိုတာ (ကလပ်) ကမ္ဘာ့ဖလားလို ပြိုင်ပွဲ တစ်ခုကိုတောင် ဘောလုံးရာသီ အလယ်မှာ ထည့် စီစဉ်တတ်သေးတာ သူတို့ နောက်ရာသီအတွက် ကောင်းကောင်း အကွက်ရွှေ့တတ် ပါလိမ့်မယ်။ ” လို့ ကာရေဂါက ခပ်ရွှတ်ရွှတ် ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူး ခံစစ္မွဴးေဟာင္းၾကီ ဂ်င္မီကာေရဂါက ကိုရိုနာအေရးေၾကာင့္ ရပ္နားထားတဲ့ ပရီးမီးယားလိဂ္ ျပိဳင္ပြဲကို ေအးေဆးသြားခ်ိန္မွာ ဆက္လက္ ကစားျခင္းကသာ မွ်တတဲ့ ေျဖရွင္းမႈ ျဖစ္မယ္လို႔ ယံုၾကည္ေနပါတယ္။ ပရီးမီးယားလိဂ္ အေရးေပၚ အစည္းအေ၀းမွာ ဒီရာသီ ျပိဳင္ပြဲကို ဖ်က္သိမ္းလိုတဲ့ ကလပ္အသင္း အခ်ိဳ႕ ရွိေနျပီး ၀က္စ္ဟမ္းအသင္း ဒုဥကၠၭျဖစ္သူ ကာရန္ ဘရာဒီကေတာ့ ျပိဳင္ပြဲဖ်က္ဖို႔ လူသိရွင္ၾကား ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ အပါအ၀င္ အဂၤလန္က ေဘာလံုးျပိဳင္ပြဲေတြကို ရပ္နားဖို႔ ေသာၾကာေန႔ကပဲ အက္ဖ္ေအက ဆံုးျဖတ္ ေၾကျငာခဲ့ပါတယ္။ ထိုဆံုးျဖတ္ခ်က္ အာဆင္နယ္ နည္းျပ အာတီတာ၊ ခ်ယ္ဆီး ကစားသမား အိုဒြိဳင္းတို႔ ဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း အတည္ျပဳ သတင္း အျပီးမွာ ျဖစ္ေပၚလာခဲ့တာပါ။

လက္ရွိ ေဘာလံုးရာသီ ျပီးဆံုးဖို႔ ပရီးမီးယားလိဂ္ ပြဲက ၉ ပြဲ က်န္ရွိေသးျပီး ေလာေလာဆယ္ ဧျပီ ၃ ထိ ရက္နားထားသည့္တိုင္ ဘယ္ေတာ့ ျပန္စနိုင္မယ္ မေသခ်ာေသးတဲ့ အေနအထားမွာ ရွိေနပါတယ္။ ၀က္စ္ဟမ္ အသင္း ဒုဥကၠဌ ျဖစ္သူ ကာရန္ ဘရာဒီက တန္းဆင္းတဲ့ အသင္း တစ္သင္းမွ မရွိေစဘဲ ဒီရာသီကို ဖ်က္သိမ္းေစလိုေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

၀က္စ္ဟမ္းအသင္းရဲ႕ လက္ရွိ အဆင့္က ၁၆ မွာ ျဖစ္ျပီး တန္းဆင္းဇုန္မွာ ရွိေနတာ ျဖစ္ပါတယ္။ ကာေရဂါကေတာ့ ဘရာဒီရဲ႕ ေတာင္းဆိုမႈကို မအံ့ၾသဘဲ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ သေဘာထားနဲ႕ တျခားစီပဲလို႔ ခ်က္က်လက္က် တုန္႔ျပန္လုိက္ပါတယ္။ ကေလာ့ပ္က ျပိဳင္ပြဲ ေရႊ႕လိုက္တဲ့ ပရီးမီးယားလိဂ္ရဲ႕ ဆံုးျဖတ္ခ်က္ကို ၾကိဳဆိုေၾကာင္း ဆိုခဲ့ျပီး ေဘာလံုးထက္ အေရးၾကီးတဲ့ အရာေတြ ရွိေၾကာင္း နွစ္သိမ့္ေျပာဆိုထားပါတယ္။

” ကာရန္ ဘရာဒီ ေျပာတာေတြနဲ႕ ကေလာ့ပ္ ေျပာတာေတြ ယွဥ္ပဲ ၾကည့္လိုက္စမ္းပါ။ ေဘာလံုးပြဲေတြ ျပန္ ကစားနုိင္တဲ့အခ်ိန္မွာ လိဂ္တိုင္းက အသင္းေတြ အတြက္ မွ်မွ်တတ ျဖစ္ဖို႔ ဘယ္လို အဆံုးသတ္တာက ေကာငး္မလဲ။ တာ၀န္ရွိသူေတြ ဆိုတာ (ကလပ္) ကမၻာ့ဖလားလို ျပိဳင္ပြဲ တစ္ခုကိုေတာင္ ေဘာလံုးရာသီ အလယ္မွာ ထည့္ စီစဥ္တတ္ေသးတာ သူတို႔ ေနာက္ရာသီအတြက္ ေကာင္းေကာင္း အကြက္ေရႊ႕တတ္ ပါလိမ့္မယ္။ ” လို႔ ကာေရဂါက ခပ္ရႊတ္ရႊတ္ ေျပာဆိုခဲ့ပါတယ္။