ပရီးမီးယားလိဂ်ကလပ် ဝက်ဟမ်းအသင်းရဲ့ ဒု-ဥက္ကဌဖြစ်သူ Karren Brady ကတော့ သူမဟာ ဒီရာသီ ပရီးမီးယားလိဂ်ကို ဆက်လက် ကျင်းပခြင်းတွေ မလုပ်ပဲ ဖြတ်သိမ်းလိုက်ဖို့ကို ပိုမို အလိုရှိတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်တွေ အားလုံးကို ဧပြီလ ၃ ရက်နေ့ထိ ရပ်နားထားဖို့ သဘောတူညီထားပေမယ့် အဆိုပါ နောက်ပိုင်းမှာ ပြန်လည် စတင်နိုင်ဖို့ မသေချာသေးပါဘူး။ သောကြာနေ့ကပဲ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးက ယာယီ ရပ်နားထားဖို့ သဘောတူညီ ထားခဲ့ကြတာဖြစ်ကာ နောက်ထပ်သော အသေးစိတ် အစီအစဉ်တွေကို လာမယ့် ကြာသပတေးနေ့မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သောကြာနေ့ အစည်းအဝေးတုန်းကတော့ ကလပ်အသင်းတွေက သဘောတူညီမှု အချိုကို လုပ်ခဲ့ကြပြီး လီဗာပူးကို အမှတ်ပေးချန်ပီယံဆုပေးဖို့လည်း ပါဝင်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရဖို့ ဒီရာသီမှာ ကြိုးစားလာတဲ့ လီဗာပူးဟာ အမှတ်ပေးဇယားကို ၂၅ မှတ်ထိ ဖြတ်ပြီး ဦးဆောင်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Karren Brady က ” ကစားသမားတွေ ဆက်ပြီး မကစားနိုင်သလို ရှေ့ဆက် လုပ်ဆောင်လို့လည်း မရဘူးဆိုရင် ဒီရာသီကို ပယ်ဖျက်ကြောင်း ကြေညာချက် ထုတ်ပြန်ရမှာပါ။ ပရီးမီးယားလိဂ်နဲ့ ဗြိတိန်ပြည်တွင်း အမှတ်ပေးလိဂ်တွေ အားလုံးကို အဲ့လို လုပ်ရမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

ပရီးမီးယားလိဂ်က သုံးပတ်ကြာရင် ပြန်စဖို့ ပြောနေပေမယ့် အဲ့တာက မဖြစ်နိုင်ပါဘူး။ ဒီတော့ ပရီးမီးယားလိဂ် အဆုံးမသတ်နိုင်ရင် ဘာဖြစ်သွားမှာလဲ? ပြိုင်ပွဲတွေ အားလုံးကို သက်ရောက်မှု ရှိလာမှာပဲလေ မျှမျှတတ လုပ်ဖို့ဆိုရင်တော့ ဘောလုံးရာသီ တစ်ခုလုံးကို ပျယ်ဖျက်လိုက်ဖို့ပါပဲ။

လက်ကျန်ပွဲတွေကို အပြည့် ကစားရမယ်ဆိုရင် အသင်းတွေက နေရာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တာပဲ မဟုတ်လား။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလား အနိုင်ရဖို့ လုပ်ဆောင်နေတဲ့ လီဗာပူးအတွက် အထိနာရင် နာမှာပေါ့။ ဒါကို နောက်အပတ် ပရီးမီးယားလိဂ်နဲ့ ကလပ်အသင်းတွေကြား ဆွေးနွေးမှုမှာ ထည့်သွင်း ဆွေးနွေးမှာပါ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝက်ဟမ်းအသင်းဟာ ဒီရာသီမှာ တန်းဆင်းဇုန် အန္တရာယ် ရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ပေးဂိုး ကွာခြားချက်ကြောင့် အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ ဝက္ဟမ္းအသင္းရဲ႕ ဒု-ဥကၠဌျဖစ္သူ Karren Brady ကေတာ့ သူမဟာ ဒီရာသီ ပရီးမီးယားလိဂ္ကို ဆက္လက္ က်င္းပျခင္းေတြ မလုပ္ပဲ ျဖတ္သိမ္းလိုက္ဖို႔ကို ပိုမို အလိုရွိတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ အားလံုးကို ဧျပီလ ၃ ရက္ေန႔ထိ ရပ္နားထားဖို႔ သေဘာတူညီထားေပမယ့္ အဆိုပါ ေနာက္ပိုင္းမွာ ျပန္လည္ စတင္ႏုိင္ဖို႔ မေသခ်ာေသးပါဘူး။ ေသာၾကာေန႔ကပဲ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးက ယာယီ ရပ္နားထားဖို႔ သေဘာတူညီ ထားခဲ့ၾကတာျဖစ္ကာ ေနာက္ထပ္ေသာ အေသးစိတ္ အစီအစဥ္ေတြကို လာမယ့္ ၾကာသပေတးေန႔မွာ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

ေသာၾကာေန႔ အစည္းအေဝးတုန္းကေတာ့ ကလပ္အသင္းေတြက သေဘာတူညီမႈ အခ်ိဳကို လုပ္ခဲ့ၾကျပီး လီဗာပူးကို အမွတ္ေပးခ်န္ပီယံဆုေပးဖို႔လည္း ပါဝင္ခဲ့ပါတယ္။ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ရဖို႔ ဒီရာသီမွာ ၾကိဳးစားလာတဲ့ လီဗာပူးဟာ အမွတ္ေပးဇယားကို ၂၅ မွတ္ထိ ျဖတ္ျပီး ဦးေဆာင္ထားတဲ့ အသင္းလည္း ျဖစ္ပါတယ္။

Karren Brady က ” ကစားသမားေတြ ဆက္ျပီး မကစားႏုိင္သလို ေရွ႔ဆက္ လုပ္ေဆာင္လုိ႔လည္း မရဘူးဆိုရင္ ဒီရာသီကို ပယ္ဖ်က္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ရမွာပါ။ ပရီးမီးယားလိဂ္နဲ႔ ျဗိတိန္ျပည္တြင္း အမွတ္ေပးလိဂ္ေတြ အားလံုးကို အဲ့လို လုပ္ရမယ္ဆိုတာ သံသယရွိစရာ မလိုပါဘူး။

ပရီးမီးယားလိဂ္က သံုးပတ္ၾကာရင္ ျပန္စဖို႔ ေျပာေနေပမယ့္ အဲ့တာက မျဖစ္ႏုိင္ပါဘူး။ ဒီေတာ့ ပရီးမီးယားလိဂ္ အဆံုးမသတ္ႏုိင္ရင္ ဘာျဖစ္သြားမွာလဲ? ျပိဳင္ပြဲေတြ အားလံုးကို သက္ေရာက္မႈ ရွိလာမွာပဲေလ မွ်မွ်တတ လုပ္ဖို႔ဆိုရင္ေတာ့ ေဘာလံုးရာသီ တစ္ခုလံုးကို ပ်ယ္ဖ်က္လုိက္ဖို႔ပါပဲ။

လက္က်န္ပြဲေတြကို အျပည့္ ကစားရမယ္ဆိုရင္ အသင္းေတြက ေနရာ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္တာပဲ မဟုတ္လား။ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္ အမွတ္ေပးဖလား အႏုိင္ရဖို႔ လုပ္ေဆာင္ေနတဲ့ လီဗာပူးအတြက္ အထိနာရင္ နာမွာေပါ့။ ဒါကို ေနာက္အပတ္ ပရီးမီးယားလိဂ္နဲ႔ ကလပ္အသင္းေတြၾကား ေဆြးေႏြးမႈမွာ ထည့္သြင္း ေဆြးေႏြးမွာပါ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဝက္ဟမ္းအသင္းဟာ ဒီရာသီမွာ တန္းဆင္းဇုန္ အႏၱရာယ္ ရွိေနတဲ့ အသင္းတစ္သင္းျဖစ္ျပီး ေပးဂိုး ကြာျခားခ်က္ေၾကာင့္ အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနတဲ့ အသင္းလည္း ျဖစ္ပါတယ္။