ဘောလုံးမန်နေဂျာတစ်ယောက်က အရေးပါတဲ့ အချိန်အခါကို ရောက်နေတာ မဟုတ်ဘူးလို့ ငါထင်ပါတယ်။ ဒါပေမယ့် ငါနဲ့ အသင်းသားတွေ ရှေ့ထွက်လာပြီး တစ်ခုခု ပြောပေးတာကို အသင်းပရိသတ်တွေ ကြားသိလိုနေကြမယ်လို့လည်း ထင်မိတယ်။
ပထမဆုံးနဲ့ အရိုးသားဆုံး ပြောရမယ်ဆိုရင် ငါတို့အားလုံးက တစ်ဦးကို တစ်ဦး ကာကွယ်မှုတွေ လုပ်ပေးရပါမယ်။ ဒါက ငါနားလည်တဲ့ လူမှုအဖွဲ့အစည်းပါပဲ။ ဘဝတစ်လျှောက်လုံးမှာ အဲ့လိုပဲ ကျင့်ကြံရမှာ ဖြစ်ပေမယ့် ဒီအခြေအနေမှာတော့ အခြား အချိန်တွေထက် ပိုပြီး ဂရုစိုက်ကြဖို့ လိုပါလိမ့်မယ်။
ဒီမတိုင်ခင်ကလည်း ငါပြောပြီးပါပြီ ဘောလုံးဆိုတာ အရေးကြီးဆုံး အရာတွေရဲ့ နောက်က အရေးပါတဲ့ ကိစ္စ တစ်ခုလောက်ပါပဲ။ ဒီကနေ့မှာ ဘောလုံးနဲ့ ဘောလုံးပွဲတွေက အရေးမပါတော့ပါဘူး။ လူမရှိတဲ့ ကွင်းထဲမှာလည်း ငါတို့ ဘောလုံး မကစားလိုသလို ပြိုင်ပွဲကို ရပ်တန့်လိုက်တာမျိုးလည်း မဖြစ်လိုပါဘူး။ ဒါပေမယ့် တစ်ဦးချင်း ကျန်းမာရေးအတွက် အကူအညီဖြစ်မယ်ဆိုရင် လုပ်ဆောင်သွားရမှာပါ။ ဒါအတွက် မေးခွန်းထုတ်နေမှာ မဟုတ်ပါဘူး။
ဘောလုံးနဲ့ ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းကြား ဘာကို ရွေးရမယ်ဆိုတဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒီကနေ့ ကြေညာချက်တွေက လူတွေကို လုံခြုံစေဖို့ ဖြစ်ပါတယ်။ ဒါကို ငါတို့ အပြည့်အဝ ထောက်ခံပါတယ်။ ပြိုင်ဘက်အသင်းတွေရဲ့ အဖွဲ့သားတွေ ဖျားနာမှုတွေကို ရင်ဆိုင်နေရတာ ငါတို့ မြင်နေရပါတယ်။ ပြိုင်ဘက် အသင်းတွေနဲ့ ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ငါတို့ မျှဝေတွေးပေးရမှာဖြစ်ပြီး ဆုတောင်းပေပးရမှာ ဖြစ်ပါတယ်။
ဒီအခြေအနေက နောက်ဆုံး အခြေအနေ ဖြစ်မလာဆိုတာ ငါတို့ ဘယ်သူမှ မသိနိုင်ပါဘူး။ ငါတို့ဟာ လူကျင့်ဝတ်ဆိုင်ရာ ရှုထောင်တွေ၊ ဆင်ခြင်တုံတရားတွေကို အခြေခံပြီး လုပ်ဆောင်တဲ့ ဆုံးဖြတ်ချက်တွေကနေ အကျိုးအမြတ် ရစေဖို့ပါပဲ။
ငါဟာ လီဗာပူးဘောလုံးအသင်းရဲ့ မန်နေဂျာဖြစ်ပြီး ကွင်းထဲက အနာဂတ်တွေအတွက် တာဝန်ယူမှုတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ှိ အခြေအနေမှာ ငါတို့ရဲ့မြို့၊ ငါတို့ရဲ့ ဒေသတွင်း၊ ငါတို့ တိုင်းပြည်နဲ့ ကမ္ဘာတစ်ဝန်းဟာ စိုးရိမ် ကြောင့်ကြမှုတွေနဲ့ မသေချာ မရေရာမှုတွေကို ရင်ဆိုင်နေရတာဖြစ်တယ်။ ဒီအခြေအနေမှာ တတ်ကျွမ်းနားလည်သူတွေထက် အခြားသူတွေက ထင်ရာမြင်ရာတွေ ပြောနေတာက မှားယွင်းတဲ့ ပြောဆိုမှုမျိုးပဲ ဖြစ်ပါတယ်။
အသင်းနဲ့ ပရိသတ်တွေအတွက် တိုက်တွန်းလိုတဲ့ မက်ဆေ့က ကိုယ်ဘာသာ ကောင်းဖို့ ဂရုစိုက်ကြပါ။ ကျန်းမာရေးက အဓိကပါပဲ။ ဘယ်လို စွန့်စားမှုမှ မလုပ်ပါနဲ့၊ တန်းဖိုးကြီးလှတဲ့ လူမှုအဖွဲ့အစည်းအတွက် ပိုမိုအရေးပါမှုတွေနဲ့ စဉ်းစားပါ၊ အားလုံးကို စာနာစိတ်တွေနဲ့ ဆက်ဆံပါ။
ကိုယ်ဘာသာဂရုစိုက်ပါ၊ ကိုယ်အချင်းချင်း ကူညီ ရိုင်းပင်းကြပါ။
You’ll Never Walk Alone,
ယာဂင်
ZAWGYI
You’ll Never Walk Alone,
ယာဂင်