ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲတွေကို ဆက်လက် ယှဉ်ပြိုင်ခြင်း မပြုတော့ရင်တောင်မှ လီဗာပူးအသင်းကို အမှတ်ပေးချန်ပီယံအဖြစ် ဆုဖလား ပေးအပ်သွားမှာဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ဧပြီလ ၄ ရက်နေ့ကနေ စတင်ကာ အမှတ်ပေးဖလား ပြန်လည် စတင်ဖို့ ရက်သက်မှတ်ထားပေမယ့် တကယ်တမ်းမှာ ပြိုင်ပွဲကို ပြန်စတင်ဖို့ဆိုတာက မဖြစ်နိုင်ဆဲ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီကို တန်းဆင်း၊ တန်းတက်စနစ်မပါပဲ ရပ်တန့်လိုက်ဖို့ကို ဆွေးနွေးမှု လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ပရော်ဖက်ရှင်နယ် ဘောလုံးရာသီကို ပယ်ဖျက်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အဲ့သည်လို မလုပ်ပဲ အမှတ်ပေးဇယားကို ၂၅ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ လီဗာပူးကို ချန်ပီယံအဖြစ် သက်မှတ်ပေးဖို့ ပြိုင်ဘက် ကလပ်တွေအားလုံးက ငြင်းဆန်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ စနစ်အနည်းငယ် အပြောင်းအလဲ ရှိလာမှာဖြစ်ပါတယ်။

လက်တလော ဧပြီလ ၃ ရက်နေ့ထိ ရပ်နားထားတဲ့ ပရီးမီးယားလိဂ်ကို သက်မှတ်ရက်မှာ ပြန်မစတင်နိုင်ခဲ့ရင် ဒီရာသီ ချန်ပီယံအဖြစ် လီဗာပူးကို ဆုဖလားပေးအပ်မှာပါ။ လိဂ်ကနေ တန်းဆင်းရမယ့် ကလပ်အသင်း သုံးသင်းကိုလည်း တန်းဆင်းစေမှာ မဟုတ်ပဲ လာမယ့်ရာသီမှာ ချန်ပီယံရှစ်မှ ထိပ်ဆုံး နှစ်သင်းဖြစ်တဲ့ ဝက်ဘရွန်းနဲ့ လိဒ်ကို ပရီးမီးယားလိဂ်ထံ တန်းတက်စေမှာဖြစ်ပါတယ်။

အခြေအနေတွေကိုတော့ ဆက်လက် စောင့်ကြည့်မှာဖြစ်ပြီး ဧပြီလ ၃ ရက်နေ့နောက်ပိုင်း လိဂ်ကို ပြန်လည် မစတင်နိုင်တဲ့အခါ ပြိုင်ပွဲကို ရပ်နားသွားဖို့ ဆုံးဖြတ်သွားကြမယ်လို့ သိရပါတယ်။

ZAWGYI

ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲေတြကို ဆက္လက္ ယွဥ္ျပိဳင္ျခင္း မျပဳေတာ့ရင္ေတာင္မွ လီဗာပူးအသင္းကို အမွတ္ေပးခ်န္ပီယံအျဖစ္ ဆုဖလား ေပးအပ္သြားမွာျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ဧျပီလ ၄ ရက္ေန႔ကေန စတင္ကာ အမွတ္ေပးဖလား ျပန္လည္ စတင္ဖို႔ ရက္သက္မွတ္ထားေပမယ့္ တကယ္တမ္းမွာ ျပိဳင္ပြဲကို ျပန္စတင္ဖို႔ဆိုတာက မျဖစ္ႏုိင္ဆဲ အေနအထား ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရာသီကို တန္းဆင္း၊ တန္းတက္စနစ္မပါပဲ ရပ္တန္႔လိုက္ဖို႔ကို ေဆြးေႏြးမႈ လုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒုတိယကမၻာစစ္တုန္းက ပေရာ္ဖက္ရွင္နယ္ ေဘာလံုးရာသီကို ပယ္ဖ်က္ခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ အဲ့သည္လို မလုပ္ပဲ အမွတ္ေပးဇယားကို ၂၅ မွတ္အသာနဲ႔ ဦးေဆာင္ေနတဲ့ လီဗာပူးကို ခ်န္ပီယံအျဖစ္ သက္မွတ္ေပးဖို႔ ျပိဳင္ဘက္ ကလပ္ေတြအားလံုးက ျငင္းဆန္သြားမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ စနစ္အနည္းငယ္ အေျပာင္းအလဲ ရွိလာမွာျဖစ္ပါတယ္။

လက္တေလာ ဧျပီလ ၃ ရက္ေန႔ထိ ရပ္နားထားတ့ဲ ပရီးမီးယားလိဂ္ကို သက္မွတ္ရက္မွာ ျပန္မစတင္ႏုိင္ခဲ့ရင္ ဒီရာသီ ခ်န္ပီယံအျဖစ္ လီဗာပူးကို ဆုဖလားေပးအပ္မွာပါ။ လိဂ္ကေန တန္းဆင္းရမယ့္ ကလပ္အသင္း သံုးသင္းကိုလည္း တန္းဆင္းေစမွာ မဟုတ္ပဲ လာမယ့္ရာသီမွာ ခ်န္ပီယံရွစ္မွ ထိပ္ဆံုး ႏွစ္သင္းျဖစ္တဲ့ ဝက္ဘရြန္းနဲ႔ လိဒ္ကို ပရီးမီးယားလိဂ္ထံ တန္းတက္ေစမွာျဖစ္ပါတယ္။

အေျခအေနေတြကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္မွာျဖစ္ျပီး ဧျပီလ ၃ ရက္ေန႔ေနာက္ပိုင္း လိဂ္ကို ျပန္လည္ မစတင္ႏုိင္တဲ့အခါ ျပိဳင္ပြဲကို ရပ္နားသြားဖို႔ ဆံုးျဖတ္သြားၾကမယ္လို႔ သိရပါတယ္။