မာဆေးဆိုဒ် ဒါဘီပွဲကြို မီဒီယာတွေ့ဆုံမှုကို လွန်ခဲ့တဲ့ နာရီပိုင်းကပဲ အဲဗာတန်ဘက်က ဖျက်သိမ်းလိုက်ပြီး ပရီးမီးယားလိဂ်ကလည်း ပြည်တွင်းပွဲတွေကို ဧပြီလ ၃ ရက်နေ့ထိ ဖျက်သိမ်းလိုက်ကြောင်း ကြေညာပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က နိုင်ရင် အသင်းလိုက်ဖြစ်သလို ရံှူးရင်လည်း အသင်းလိုက် အတူတကွ ဖြစ်ပါတယ်လို့ အက်သလက်တီကို အရံှူးအပေါ် ထုတ်ဖော် ပြောဆိုပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ လယ်လာနာလို ကစားသမားတွေဟာ စာချုပ် ကုန်ဆုံးခြင်း၊ ဝဲလ်ဆန်လို အသင်းသားတွေကက အငှားကာလ အပြီးသတ်ခြင်းတွေ ရှိလာမှာဖြစ်ပြီး အဆိုပါ အချိန်ထိ လိဂ်ပြိုင်ပွဲတွေ အဆုံးမသတ်သေးခဲ့ရင် သူတို့တွေ ကစားခွင့်ရဖွယ် မရှိပါဘူး။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယကျော့အဖြစ် တီကိုကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားအပြီး ၄၈ နာရီ အကြာမှာပဲ ယူအီးအက်ဖ်အေက လာမယ့်အပတ် ဥရောပပွဲတွေကို ရပ်နားထားကြောင်း အတည်ပြုလိုက်ပါတယ်။

အဲဗာတန်နဲ့ပွဲ မတိုင်ခင်တည်းက လီဗာပူးအသင်းက အယ်လီဆန်၊ ကလိုင်း၊ ရှာကွိရီ၊ လာရိုစီတို့ကို ဒဏ်ရာကြောင့် အသင်းလူစာရင်းကနေ ဖယ်ထုတ်ထားပြီး ဖြစ်ပါတယ်။

ဧပြီလ ၃ ရက်နေ့နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲတွေ ပြန်စတင်ခွင့်ရှိရင် လီဗာပူးဟာ ဧပြီလ ၅ ရက်နေ့ အီသီဟန်မှာ မန်စီးတီးနဲ့ အမှတ်ပေးပွဲ ကစားရပါမယ်။ အဆိုပါပွဲကို အနိုင်ရမယ်ဆိုရင် လက်ကျန်ပွဲတွေကို ယှဉ်ပြိုင်စရာ မလိုပဲ ဒီရာသီ ချန်ပီယံဖြစ်ပါမယ်။

မတ်လ ၂၈ ရက်နေ့ လီဗာပူး ဂန္တဝင်အသင်းနဲ့ ဘာစီလိုနာ ဂန္တဝင်အသင်းတို့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ရန်ပုံငွေပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ လက်စတာ၊ အာဆင်နယ်၊ ချယ်ဆီး၊ မန်စီးတီး၊ ဘုန်းမောက်၊ ဝတ်ဖိုဒ့်၊ အဲဗာတန်တို့ဟာ ကိုရိုနာ အန္တရာယ်ကို စတင်ကာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ ဒါဘီပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈကို လြန္ခဲ့တဲ့ နာရီပိုင္းကပဲ အဲဗာတန္ဘက္က ဖ်က္သိမ္းလိုက္ျပီး ပရီးမီးယားလိဂ္ကလည္း ျပည္တြင္းပြဲေတြကို ဧျပီလ ၃ ရက္ေန႔ထိ ဖ်က္သိမ္းလိုက္ေၾကာင္း ေၾကညာပါတယ္။

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ႏုိင္ရင္ အသင္းလိုက္ျဖစ္သလို ရံွဴးရင္လည္း အသင္းလိုက္ အတူတကြ ျဖစ္ပါတယ္လို႔ အက္သလက္တီကို အရံွဴးအေပၚ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ဇြန္လ ၃၀ ရက္ေန႔မွာ လယ္လာနာလို ကစားသမားေတြဟာ စာခ်ဳပ္ ကုန္ဆံုးျခင္း၊ ဝဲလ္ဆန္လို အသင္းသားေတြကက အငွားကာလ အျပီးသတ္ျခင္းေတြ ရွိလာမွာျဖစ္ျပီး အဆိုပါ အခ်ိန္ထိ လိဂ္ျပိဳင္ပြဲေတြ အဆံုးမသတ္ေသးခဲ့ရင္ သူတို႔ေတြ ကစားခြင့္ရဖြယ္ မရွိပါဘူး။

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယေက်ာ့အျဖစ္ တီကိုကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားအျပီး ၄၈ နာရီ အၾကာမွာပဲ ယူအီးအက္ဖ္ေအက လာမယ့္အပတ္ ဥေရာပပြဲေတြကို ရပ္နားထားေၾကာင္း အတည္ျပဳလိုက္ပါတယ္။

အဲဗာတန္နဲ႔ပြဲ မတိုင္ခင္တည္းက လီဗာပူးအသင္းက အယ္လီဆန္၊ ကလိုင္း၊ ရွာကိြရီ၊ လာရိုစီတုိ႔ကို ဒဏ္ရာေၾကာင့္ အသင္းလူစာရင္းကေန ဖယ္ထုတ္ထားျပီး ျဖစ္ပါတယ္။

ဧျပီလ ၃ ရက္ေန႔ေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲေတြ ျပန္စတင္ခြင့္ရွိရင္ လီဗာပူးဟာ ဧျပီလ ၅ ရက္ေန႔ အီသီဟန္မွာ မန္စီးတီးနဲ႔ အမွတ္ေပးပြဲ ကစားရပါမယ္။ အဆိုပါပြဲကို အႏုိင္ရမယ္ဆိုရင္ လက္က်န္ပြဲေတြကို ယွဥ္ျပိဳင္စရာ မလိုပဲ ဒီရာသီ ခ်န္ပီယံျဖစ္ပါမယ္။

မတ္လ ၂၈ ရက္ေန႔ လီဗာပူး ဂႏၱဝင္အသင္းနဲ႔ ဘာစီလိုနာ ဂႏၱဝင္အသင္းတို႔ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ရန္ပံုေငြပြဲကို ဖ်က္သိမ္းလုိက္ျပီ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္းေတြထဲမွာ လက္စတာ၊ အာဆင္နယ္၊ ခ်ယ္ဆီး၊ မန္စီးတီး၊ ဘုန္းေမာက္၊ ဝတ္ဖိုဒ့္၊ အဲဗာတန္တို႔ဟာ ကိုရိုနာ အႏၱရာယ္ကို စတင္ကာ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။