ဒီကနေ့ ပြုလုပ်တဲ့ ရှယ်ယာရှင်များ အစည်းအဝေးကနေပြီး ပရီးမီးယားလိဂ် အပါအဝင် ဗြိတိန်ပြည်တွင်း ပရော်ဖက်ရှင်နယ်ဆိုင်ရာ ဘောလုံးပွဲစဉ်တွေကို ဧပြီလ ၃ ရက်နေ့ထိ ရက်နားမှာဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မတိုင်ခင်မှာ EFL ကလပ်တွေဖြစ်တဲ့ ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူး အစရှိတဲ့ ပြိုင်ပွဲတွေက ကနဦး စတင် ညိနှိုင်းကြပြီး ဧပြီလ ၃ ရက်နေ့ထိ ပွဲတွေကို ရပ်နားဖို့ သဘောတူညီခဲ့ကြတာပါ။ ၎င်းပြိုင်ပွဲတွေအပြီးမှာ ပရီးမီးယားလိဂ်နဲ့ သက်ဆိုင်တဲ့ ညိနှိုင်းမှုတွေကို စတင်ခဲ့ကြတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် စည်းမျဉ်းအရ အနည်းဆုံး ကလပ်အသင်း ၁၄ သင်း (သို့) ပရီးမီးယားလိဂ်ရဲ့ သုံးချိုးနှစ်ချိုးသော ကလပ်အသင်းတွေက လိဂ်ကို ရပ်နားလိုကြောင်း ထောက်ခံမယ်ဆိုရင် ရပ်နားခွင့်ရဖို့ ရှိနေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ကို ရပ်နားဖို့ မဲပေးကြမလားဆိုတာက လူသိလိုတဲ့ သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ရှယ်ယာရှင် အစည်းအဝေးမှာတော့ ကလပ်အသင်း အနည်းငယ် (နည်းပါးတဲ့ အရည်အတွက်) က ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ပယ်ဖျက်ဖို့ မဲပေးခဲ့ကြပါသေးတယ်။ ဒါပေမယ့်လို့ ကလပ်အများအပြားက ရှေ့ဆက် ဘာတွေလုပ်ရမလဲဆိုတာကို စောင့်ကြည့်ဖို့ ရပ်နားဖို့ကိုပဲ ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

စိတ်ဝင်စားစရာ ကိစ္စကတော့ ဧပြီလ ၅ ရက်နေ့ အီသီဟတ်မှာ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ အမှတ်ပေးပွဲ ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်တယ်။ အဆိုပါပွဲကို အနိုင်ရမယ်ဆိုရင် သင်္ချာနည်းအရ လီဗာပူးက လက်ကျန်ပွဲတွေကို တစ်ပွဲမှ ကစားဖို့ မလိုပဲကို ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ ရမှတ်ရသွားမှာ ဖြစ်တယ်လို့ TheAthletic UK သတင်းထောက် ဂျိမ်းပီယာ့စ်က ဖော်ပြသွားပါတယ်။

ZAWGYI

ဒီကေန႔ ျပဳလုပ္တဲ့ ရွယ္ယာရွင္မ်ား အစည္းအေဝးကေနျပီး ပရီးမီးယားလိဂ္ အပါအဝင္ ျဗိတိန္ျပည္တြင္း ပေရာ္ဖက္ရွင္နယ္ဆိုင္ရာ ေဘာလံုးပြဲစဥ္ေတြကို ဧျပီလ ၃ ရက္ေန႔ထိ ရက္နားမွာျဖစ္ေၾကာင္း အတည္ျပဳ ေၾကညာလိုက္ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မတိုင္ခင္မွာ EFL ကလပ္ေတြျဖစ္တဲ့ ခ်န္ပီယံရွစ္၊ လိဂ္ဝမ္း၊ လိဂ္တူး အစရွိတဲ့ ျပိဳင္ပြဲေတြက ကနဦး စတင္ ညိႏိႈင္းၾကျပီး ဧျပီလ ၃ ရက္ေန႔ထိ ပြဲေတြကို ရပ္နားဖို႔ သေဘာတူညီခဲ့ၾကတာပါ။ ၄င္းျပိဳင္ပြဲေတြအျပီးမွာ ပရီးမီးယားလိဂ္နဲ႔ သက္ဆိုင္တဲ့ ညိႏိႈင္းမႈေတြကို စတင္ခဲ့ၾကတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ အနည္းဆံုး ကလပ္အသင္း ၁၄ သင္း (သို႔) ပရီးမီးယားလိဂ္ရဲ႕ သံုးခ်ိဳးႏွစ္ခ်ိဳးေသာ ကလပ္အသင္းေတြက လိဂ္ကို ရပ္နားလိုေၾကာင္း ေထာက္ခံမယ္ဆိုရင္ ရပ္နားခြင့္ရဖို႔ ရွိေနပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ကို ရပ္နားဖို႔ မဲေပးၾကမလားဆိုတာက လူသိလိုတဲ့ သတင္းတစ္ခု ျဖစ္လာခဲ့ပါတယ္။

ဒီကေန႔ ျပဳလုပ္တဲ့ ရွယ္ယာရွင္ အစည္းအေဝးမွာေတာ့ ကလပ္အသင္း အနည္းငယ္ (နည္းပါးတဲ့ အရည္အတြက္) က ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို ပယ္ဖ်က္ဖို႔ မဲေပးခဲ့ၾကပါေသးတယ္။ ဒါေပမယ့္လို႔ ကလပ္အမ်ားအျပားက ေရွ႔ဆက္ ဘာေတြလုပ္ရမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔ ရပ္နားဖို႔ကိုပဲ ေထာက္ခံခဲ့ၾကတာျဖစ္ပါတယ္။

စိတ္ဝင္စားစရာ ကိစၥကေတာ့ ဧျပီလ ၅ ရက္ေန႔ အီသီဟတ္မွာ မန္စီးတီးနဲ႔ လီဗာပူးတို႔ဟာ အမွတ္ေပးပြဲ ယွဥ္ျပိဳင္ရဖို႔ ရွိေနတာျဖစ္တယ္။ အဆိုပါပြဲကို အႏုိင္ရမယ္ဆိုရင္ သခ်ၤာနည္းအရ လီဗာပူးက လက္က်န္ပြဲေတြကို တစ္ပြဲမွ ကစားဖို႔ မလိုပဲကို ခ်န္ပီယံျဖစ္ဖို႔ လံုေလာက္တဲ့ ရမွတ္ရသြားမွာ ျဖစ္တယ္လို႔ TheAthletic UK သတင္းေထာက္ ဂ်ိမ္းပီယာ့စ္က ေဖာ္ျပသြားပါတယ္။