လီဗာပူးအခြေစိုက် အဲဗာတန်ကလပ်အသင်းဟာ စီနီယာအသင်းကစလို့ တစ်သင်းလုံးကို ကိုရိုနာသံသယ စောင့်ကြည့်မှုတွေ လုပ်ဆောင်တော့မှာဖြစ်ပြီး ဒီအပတ် ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ ဒါဘီပွဲကို ဖြတ်သိမ်းဖို့ သေချာနေပါပြီ။

အဲဗာတန်ဘက်ကတော့ ၎င်းတို့ကလပ်အသင်းရဲ့ အလုပ်လုပ်တဲ့ နေရာမှန်သမျှကို ပိတ်သိမ်းမှာဖြစ်ပြီး လေ့ကျင့်ရေးကွင်းနဲ့ ဂူဒီဆင်ပတ်တို့လည်း ပါဝင်လာပါတယ်။ စကိုင်းစပေါ့က ဖော်ပြလာတဲ့ အဆိုပါ သတင်းမှာတော့ အဲဗာတန်ဟာ လန်ဒန်ကလပ်တွေဖြစ်တဲ့ ချယ်ဆီး၊ အာဆင်နယ်အသင်းတို့မှာ ကိုရိုနာဗိုင်းရပ် ကူးစပ်မှုတွေ တွေ့ရှိခဲ့တဲ့နောက် ကျန်းမာရေးဆိုင်ရ လမ်းညွှန်မှုတွေကို ပူးပေါင်း ဆောင်ရွက်တော့မှာ ဖြစ်တယ်။

အဲဗာတန်အသင်းကတော့ ” အဲဗာတန် ဘောလုံးအသင်းက အတည်ပြုနိုင်တာက စီနီယာအသင်း လူစာရင်း အားလုံးနဲ့ နည်းပြအဖွဲ့ဝင်တွေ အားလုံးကို ဆေးဘက်ဆိုင်ရာ အကြံပေပးမှုတွေအတိုင်း စောင့်ကြည့်ကာလတွေ လုပ်ဆောင်သွားမှာပါ။

ပထမအသင်းသားတွေက ကိုရိုနာဗိုင်းရပ်နဲ့ ပက်သက်ပြီး ပုံမှန် အစီရင်ခံရမှာဖြစ်ပြီး ကလပ်ဘက်က ကစားသမားတွေ အားလုံးနဲ့ ဝန်ထမ်းတွေကို ပုံမှန် ဆက်သွယ်မှုတွေ ပြုလုပ်မှာဖြစ်တယ်။ ကလပ်ရဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ရှယ်ယာပိုင်ရှင်တွေ အားလုံးရဲ့ ကျန်းမာရေးကို ကလပ်ရဲ့ ဦးစားပေးအဖြစ် သက်မှတ်ပါတယ်။ ဂူဒီဆန်ကို ပိတ်မှာဖြစ်ပေမယ့် Liverpool ONE store ကို ဆက်ဖွယ်ပေးမှာပါ။

အဲဗာတန်ဟာ ဗြိတိန်အာဏာပိုင်တွေနဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေးမှုတွေရဲ့ တိုက်တွန်းနိုးဆော်မှုတွေအတိုင်း ဆက်လက် လုပ်ဆောင်မှာဖြစ်ပြီး ပွဲစဉ်ဇယားတွေ အပါအဝင် ဆက်လက်ပြီးလည်း သတင်းတွေကို ဖော်ပြပေးသွားပါမယ်။ ” လို့ စာထုတ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကတော့ ဒီကနေ့ သောကြာနေ့မှာပဲ အစည်းအဝေး ပြုလုပ်မှာဖြစ်ပြီး လက်တလောမှာတော့ အဆိုပါ အစည်းအဝေးက ဧပရယ်လထိ ပွဲတွေကို ရွှေ့ဆိုင်းမယ်လို့ သတင်းတွေ စတင်ထွက်လာနေပါတယ်။

ZAWGYI

လီဗာပူးအေျခစိုက္ အဲဗာတန္ကလပ္အသင္းဟာ စီနီယာအသင္းကစလို႔ တစ္သင္းလံုးကို ကိုရိုနာသံသယ ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ေတာ့မွာျဖစ္ျပီး ဒီအပတ္ ယွဥ္ျပိဳင္ကစားရမယ့္ လီဗာပူးနဲ႔ ဒါဘီပြဲကို ျဖတ္သိမ္းဖို႔ ေသခ်ာေနပါျပီ။

အဲဗာတန္ဘက္ကေတာ့ ၄င္းတို႔ကလပ္အသင္းရဲ႕ အလုပ္လုပ္တဲ့ ေနရာမွန္သမွ်ကို ပိတ္သိမ္းမွာျဖစ္ျပီး ေလ့က်င့္ေရးကြင္းနဲ႔ ဂူဒီဆင္ပတ္တို႔လည္း ပါဝင္လာပါတယ္။ စကိုင္းစေပါ့က ေဖာ္ျပလာတဲ့ အဆိုပါ သတင္းမွာေတာ့ အဲဗာတန္ဟာ လန္ဒန္ကလပ္ေတြျဖစ္တဲ့ ခ်ယ္ဆီး၊ အာဆင္နယ္အသင္းတို႔မွာ ကိုရိုနာဗိုင္းရပ္ ကူးစပ္မႈေတြ ေတြ႔ရွိခဲ့တဲ့ေနာက္ က်န္းမာေရးဆိုင္ရ လမ္းညႊန္မႈေတြကို ပူးေပါင္း ေဆာင္ရြက္ေတာ့မွာ ျဖစ္တယ္။

အဲဗာတန္အသင္းကေတာ့ ” အဲဗာတန္ ေဘာလံုးအသင္းက အတည္ျပဳႏုိင္တာက စီနီယာအသင္း လူစာရင္း အားလံုးနဲ႔ နည္းျပအဖြဲ႔ဝင္ေတြ အားလံုးကို ေဆးဘက္ဆုိင္ရာ အၾကံေပပးမႈေတြအတိုင္း ေစာင့္ၾကည့္ကာလေတြ လုပ္ေဆာင္သြားမွာပါ။

ပထမအသင္းသားေတြက ကိုရိုနာဗိုင္းရပ္နဲ႔ ပက္သက္ျပီး ပံုမွန္ အစီရင္ခံရမွာျဖစ္ျပီး ကလပ္ဘက္က ကစားသမားေတြ အားလံုးနဲ႔ ဝန္ထမ္းေတြကို ပံုမွန္ ဆက္သြယ္မႈေတြ ျပဳလုပ္မွာျဖစ္တယ္။ ကလပ္ရဲ႕ ကစားသမားေတြ၊ ဝန္ထမ္းေတြနဲ႔ ရွယ္ယာပိုင္ရွင္ေတြ အားလံုးရဲ႕ က်န္းမာေရးကို ကလပ္ရဲ႕ ဦးစားေပးအျဖစ္ သက္မွတ္ပါတယ္။ ဂူဒီဆန္ကို ပိတ္မွာျဖစ္ေပမယ့္ Liverpool ONE store ကို ဆက္ဖြယ္ေပးမွာပါ။

အဲဗာတန္ဟာ ျဗိတိန္အာဏာပိုင္ေတြနဲ႔ က်န္းမာေရးဆိုင္ရာ အၾကံေပးမႈေတြရဲ႕ တိုက္တြန္းႏိုးေဆာ္မႈေတြအတိုင္း ဆက္လက္ လုပ္ေဆာင္မွာျဖစ္ျပီး ပြဲစဥ္ဇယားေတြ အပါအဝင္ ဆက္လက္ျပီးလည္း သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။ ” လို႔ စာထုတ္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ ဒီကေန႔ ေသာၾကာေန႔မွာပဲ အစည္းအေဝး ျပဳလုပ္မွာျဖစ္ျပီး လက္တေလာမွာေတာ့ အဆိုပါ အစည္းအေဝးက ဧပရယ္လထိ ပြဲေတြကို ေရႊ႔ဆိုင္းမယ္လို႔ သတင္းေတြ စတင္ထြက္လာေနပါတယ္။