မီနာမီနိုက ချန်ပီယံလိဂ်မှာ နောက်ဆုံးမိနစ်တွေအတွင်း ပါဝင်ရတာက အဆင်မပြေခဲ့ပဲ ပွဲထွက်လူစာရင်းကနေ ယှဉ်ပြိုင်ရတာနဲ့စာရင် ခက်ခဲလွန်းတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ သူက ပရီးမီးယားလိဂ်ကို ပိုမို အာရုံစိုက်ပါတော့မယ်လို့ ဆိုခဲ့ပါတယ်။

ယူအီးအက်ဖ်အေက ဥရောပပြည်တွင်းဆိုင်ရာ လိဂ်ပြိုင်ပွဲတွေမှ ပြိုင်ပွဲ အသီးသီးနဲ့ ယူရို ပြိုင်ပွဲအတွက် ဆုံးဖြတ်မှုတွေ လုပ်ဖို့ အစည်းအဝေးတစ်ခုကို ခေါ်ယူပြီး စတင်လိုက်ပါပြီ။ နောက်ဆုံးတွဲ ဆုံးဖြတ်ချက်ကို အဆိုပါ အစည်းအဝေးက ထွက်ပေါ်လာတဲ့အတိုင်း ဆက်လက် လုပ်ဆောင်ပါမယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းရဲ့ စီနီယာအသင်းသား သုံးဦးဟာ ကိုရိုနာ ကူးစက်ခံထားရတယ်ဆိုတဲ့ သံသယကြောင့် ဆေးစစ်မှုတွေ ခံယူရပါမယ်။ နာမည်မဖော်ပြတဲ့ အဆိုပါကလပ်မှာ တစ်ဦးက သံသယအနေအထား စတင်ခဲ့တာဖြစ်ပြီး ပြန်ကောင်လာပေမယ့် အခုချိန်မှာတော့ သုံးဦးထိ သံသယဖြစ်စေရာ အနေအထားဖြစ်လာခဲ့တာပါ။

ကိုရိုနာ အန္တရာယ် မြင့်တက်လာခြင်းကြောင့် ဘယ်လို ဆုံးဖြတ်ချက်ကိုပဲ ဆုံးဖြတ်သည်ဖြစ်ပါစေ လက်ခံသွားမှာဖြစ်ပြီး ဘောလုံးပွဲတွေက ကွင်းပိတ်ထက် ပရိသတ်တွေရှိမှပဲ ကစားသင့်တာပါလို့ ဗန်ဒိုက်က သူ့အမြင်ကို ပြောဆိုပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ရံှူးနိမ့်မှုအတွက် စိတ်ပျက် နာကျင်ရပေမယ့် ဒီအပတ်မှာပဲ အဲဗာတန်နဲ့ ဒါဘီပွဲ ရှိနေတာကြောင့် နာကျင်မှုတွေကနေ အမြန် ပြန်ရုန်းထကာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာပါလို့ ဆိုပါတယ်။

အက်သလက်တီကို တိုက်စစ်သမား ဖီလစ်က ပြိုင်ဘက်တစ်ဦးအဖြစ် ဒါကို မပြောသင့်ပေမယ့် လီဗာပူးအသင်း ဂိုးသွင်းချိန်မှာ အန်ဖီးကွင်းက တုန့်ပြန်မှုက သိပ်ကို ကောင်းမွန်ပါတယ်လို့ ချီးကျူးလိုက်ပါတယ်။

ZAwGYI

မီနာမီႏိုက ခ်န္ပီယံလိဂ္မွာ ေနာက္ဆံုးမိနစ္ေတြအတြင္း ပါဝင္ရတာက အဆင္မေျပခဲ့ပဲ ပြဲထြက္လူစာရင္းကေန ယွဥ္ျပိဳင္ရတာနဲ႔စာရင္ ခက္ခဲလြန္းတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။ သူက ပရီးမီးယားလိဂ္ကို ပိုမို အာရံုစိုက္ပါေတာ့မယ္လို႔ ဆိုခဲ့ပါတယ္။

ယူအီးအက္ဖ္ေအက ဥေရာပျပည္တြင္းဆုိင္ရာ လိဂ္ျပိဳင္ပြဲေတြမွ ျပိဳင္ပြဲ အသီးသီးနဲ႔ ယူရို ျပိဳင္ပြဲအတြက္ ဆံုးျဖတ္မႈေတြ လုပ္ဖို႔ အစည္းအေဝးတစ္ခုကို ေခၚယူျပီး စတင္လိုက္ပါျပီ။ ေနာက္ဆံုးတြဲ ဆံုးျဖတ္ခ်က္ကို အဆိုပါ အစည္းအေဝးက ထြက္ေပၚလာတဲ့အတိုင္း ဆက္လက္ လုပ္ေဆာင္ပါမယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္းတစ္သင္းရဲ႕ စီနီယာအသင္းသား သံုးဦးဟာ ကိုရိုနာ ကူးစက္ခံထားရတယ္ဆိုတဲ့ သံသယေၾကာင့္ ေဆးစစ္မႈေတြ ခံယူရပါမယ္။ နာမည္မေဖာ္ျပတဲ့ အဆိုပါကလပ္မွာ တစ္ဦးက သံသယအေနအထား စတင္ခဲ့တာျဖစ္ျပီး ျပန္ေကာင္လာေပမယ့္ အခုခ်ိန္မွာေတာ့ သံုးဦးထိ သံသယျဖစ္ေစရာ အေနအထားျဖစ္လာခဲ့တာပါ။

ကိုရိုနာ အႏၱရာယ္ ျမင့္တက္လာျခင္းေၾကာင့္ ဘယ္လို ဆံုးျဖတ္ခ်က္ကိုပဲ ဆံုးျဖတ္သည္ျဖစ္ပါေစ လက္ခံသြားမွာျဖစ္ျပီး ေဘာလံုးပြဲေတြက ကြင္းပိတ္ထက္ ပရိသတ္ေတြရွိမွပဲ ကစားသင့္တာပါလို႔ ဗန္ဒိုက္က သူ႔အျမင္ကို ေျပာဆိုပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ရံွဴးနိမ့္မႈအတြက္ စိတ္ပ်က္ နာက်င္ရေပမယ့္ ဒီအပတ္မွာပဲ အဲဗာတန္နဲ႔ ဒါဘီပြဲ ရွိေနတာေၾကာင့္ နာက်င္မႈေတြကေန အျမန္ ျပန္ရုန္းထကာ ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ရမွာပါလို႔ ဆိုပါတယ္။

အက္သလက္တီကို တိုက္စစ္သမား ဖီလစ္က ျပိဳင္ဘက္တစ္ဦးအျဖစ္ ဒါကို မေျပာသင့္ေပမယ့္ လီဗာပူးအသင္း ဂိုးသြင္းခ်ိန္မွာ အန္ဖီးကြင္းက တုန္႔ျပန္မႈက သိပ္ကို ေကာင္းမြန္ပါတယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။