ချန်ပီယံလိဂ်ကနေ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့နောက် လီဗာပူးအသင်းသားတွေက ဒီအခြေအနေကနေ အကောင်းဆုံး တုန့်ပြန်ဖို့ လိုအပ်ကြောင်းနဲ့ ကလပ်အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ရှိရတာကို ဂုဏ်ယူတယ်ဆိုတဲ့ စကားတွေကို ပြောဆိုခဲ့ကြပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်က “ ဂိုးတွေ ခွင့်ပြုလိုက်ရတာအတွက် အရမ်း စိတ်ပျက်မိပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အချိန် အများအပြားမှာ ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်။ ဂိုးတွေ ပေးလိုက်ရတာအတွက်ကတော့ ကျနေ်ာတို့ စိတ်ပျက်ခဲ့ရတယ်။ ဒီလို အခြေအနေနဲ့ ဂိုးတွေ ပေးလိုက်ရတာက ကျနေ်ာတို့ ဖြစ်နေကျ မဟုတ်ပါဘူး။ ဒါကို သုံးသပ်သွားရမှာပါ။

ဒီနေ့နဲ့ မနက်ဖြန်မှာတော့ ခံစားချက်တွေက သိပ်ကောင်းမှာ မဟုတ်ပါဘူး ဒါပေမယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ရာသီကို အဆုံးသတ်ဖို့ ကြိုးစားရမှာပါ။ နောက်အပတ်မှာ ဒါဘီပွဲ ရှိပါတယ်။ ကျနေ်ာတို့အတွက် ကြီးကျယ်တဲ့ ပွဲဖြစ်တယ်။ ခပ်မြန်မြန်လေး အပြောင်းအလဲဖြစ်ဖို့ အဲ့ပွဲကို အာရုံစိုက်ရပါမယ်။ ရာသီကုန်ထိ တစ်ပွဲချင်းကို အားထုတ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဖြစ်နိုင်သလောက် အတောင့်တင်းဆုံး အဆုံးသတ်လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ရော်ဘတ်ဆန်က “ လက်ခံဖို့ခက်တဲ့ ပွဲပါ။ အထူးသဖြင့် ကျနေ်ာတို့ အကောင်းဆုံး ကစားခဲ့ပြီး အရေးနိမ့်ခဲ့တဲ့ ဒီပွဲလိုပေါ့။ ပရိသတ်တွေက မယုံနိုင်လောက်အောင် အားပေးကြပြီး နောက်တစ်ဆင့်ကို မတက်နိုင်တာအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ လီဗာပူးကလပ်အသင်းရဲ့ အစိတ်အပိုင်းဖြစ်ရတာကို အရမ်း ဂုဏ်ယူပါတယ် ” လို့ ဖွင့်ဟခဲ့တယ်။

မီလ်နာက “ လိုချင်တဲ့အတိုင်း အဆုံးမသတ်နိုင်ခဲ့ဘူး ဒါပေမယ့် ကစားသမားတွေနဲ့ ပရိသတ်တွေက အဆုံးထိ ကြိုးစားခဲ့ပါတယ်။ လီဗာပူးလို ကြီးကျယ်တဲ့ ကလပ်အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ရတာကို ဂုဏ်ယူပါတယ် ” လို့ ပွဲအပြီး ဆိုသွားပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က “ ငါတို့ နောက်တစ်ကြိမ် ပြန်လာဦးမယ် ထပ် ယှဉ်ပြိုင်ဦးမယ်ဆိုတာ လူတိုင်း သိပါတယ်။ ဒီလို ယှဉ်ပြိုင်နိုင်ဖို့ ကူညီပေးခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုတော့ ပြီးသွားပါပြီ၊ ဒါကို ထပ်ပြီးလည်း မပြောင်းလဲနိုင်တော့ဘူး ” လို့ တုန့်ပြန်ခဲ့တယ်။

ZAWGYI

ခ်န္ပီယံလိဂ္ကေန အေရးနိမ့္ျပီး ထြက္ခြာခဲ့ရတဲ့ေနာက္ လီဗာပူးအသင္းသားေတြက ဒီအေျခအေနကေန အေကာင္းဆံုး တုန္႔ျပန္ဖို႔ လိုအပ္ေၾကာင္းနဲ႔ ကလပ္အသင္းရဲ႔ အစိတ္အပိုင္းအျဖစ္ ရွိရတာကို ဂုဏ္ယူတယ္ဆိုတဲ့ စကားေတြကို ေျပာဆိုခဲ့ၾကပါတယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က “ ဂိုးေတြ ခြင့္ျပဳလိုက္ရတာအတြက္ အရမ္း စိတ္ပ်က္မိပါတယ္။ ဒါေပမယ့္ စြမ္းေဆာင္ရည္ကို ၾကည့္မယ္ဆိုရင္ အခ်ိန္ အမ်ားအျပားမွာ ေက်နပ္ဖို႔ ေကာင္းခဲ့ပါတယ္။ ဂိုးေတြ ေပးလိုက္ရတာအတြက္ကေတာ့ က်ေန္ာတုိ႔ စိတ္ပ်က္ခဲ့ရတယ္။ ဒီလို အေျခအေနနဲ႔ ဂိုးေတြ ေပးလိုက္ရတာက က်ေန္ာတို႔ ျဖစ္ေနက် မဟုတ္ပါဘူး။ ဒါကို သံုးသပ္သြားရမွာပါ။

ဒီေန႔နဲ႔ မနက္ျဖန္မွာေတာ့ ခံစားခ်က္ေတြက သိပ္ေကာင္းမွာ မဟုတ္ပါဘူး ဒါေပမယ့္ မွန္ကန္တဲ့ နည္းလမ္းနဲ႔ ရာသီကို အဆံုးသတ္ဖို႔ ၾကိဳးစားရမွာပါ။ ေနာက္အပတ္မွာ ဒါဘီပြဲ ရွိပါတယ္။ က်ေန္ာတို႔အတြက္ ၾကီးက်ယ္တဲ့ ပြဲျဖစ္တယ္။ ခပ္ျမန္ျမန္ေလး အေျပာင္းအလဲျဖစ္ဖို႔ အဲ့ပြဲကို အာရံုစိုက္ရပါမယ္။ ရာသီကုန္ထိ တစ္ပြဲခ်င္းကို အားထုတ္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ျဖစ္ႏုိင္သေလာက္ အေတာင့္တင္းဆံုး အဆံုးသတ္လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္က “ လက္ခံဖို႔ခက္တဲ့ ပြဲပါ။ အထူးသျဖင့္ က်ေန္ာတုိ႔ အေကာင္းဆံုး ကစားခဲ့ျပီး အေရးနိမ့္ခဲ့တ့ဲ ဒီပြဲလိုေပါ့။ ပရိသတ္ေတြက မယံုႏုိင္ေလာက္ေအာင္ အားေပးၾကျပီး ေနာက္တစ္ဆင့္ကို မတက္ႏုိင္တာအတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။ လီဗာပူးကလပ္အသင္းရဲ႕ အစိတ္အပိုင္းျဖစ္ရတာကို အရမ္း ဂုဏ္ယူပါတယ္ ” လို႔ ဖြင့္ဟခဲ့တယ္။

မီလ္နာက “ လိုခ်င္တဲ့အတိုင္း အဆံုးမသတ္ႏုိင္ခဲ့ဘူး ဒါေပမယ့္ ကစားသမားေတြနဲ႔ ပရိသတ္ေတြက အဆံုးထိ ၾကိဳးစားခဲ့ပါတယ္။ လီဗာပူးလို ၾကီးက်ယ္တဲ့ ကလပ္အသင္းရဲ႕ အစိတ္အပိုင္းအျဖစ္ ပါဝင္ရတာကို ဂုဏ္ယူပါတယ္ ” လို႔ ပြဲအျပီး ဆိုသြားပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က “ ငါတို႔ ေနာက္တစ္ၾကိမ္ ျပန္လာဦးမယ္ ထပ္ ယွဥ္ျပိဳင္ဦးမယ္ဆိုတာ လူတိုင္း သိပါတယ္။ ဒီလို ယွဥ္ျပိဳင္ႏုိင္ဖို႔ ကူညီေပးခဲ့ၾကတဲ့ လူတိုင္းကို ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ အခုေတာ့ ျပီးသြားပါျပီ၊ ဒါကို ထပ္ျပီးလည္း မေျပာင္းလဲႏုိင္ေတာ့ဘူး ” လို႔ တုန္႔ျပန္ခဲ့တယ္။