လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အတ်ဒရီယန်ရဲ့ အမှားဟာ တီကို ကို အရေးနိမ့်မှုအပေါ် သက်ရောက်မှု ကြီးမားခဲ့ပေမယ့် နောက်တစ်ဆင့်ကို မတက်နိုင်ခဲ့တာအတွက် ဂိုးသမားကို အပြစ်တင်နေမှာ မဟုတ်ပါဘူးလို့ ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။

ကလော့ပ်က ” သူက ယောက်ကျားတစ်ယောက်ဖြစ်လို့ ဒါက ဘယ်လို အနေအထားလဲဆိုတာကို နားလည်ပါတယ်။ သူ့ကို ပြစ်တင်မှုတွေ ကျနေ်ာတို့ လုပ်သွားမှာ မဟုတ်ပါဘူး။ ဘာလုပ်ရမလဲ ဆိုတာတော့ ကျနော် မသိဘူး ဒါပေမယ့် သူ့ကို လေးစားမှု ရှိရမှာပါ။ အဲ့လို လုပ်တာကပဲ ကောင်းပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အသင်းကို ရောက်လာပြီးနောက် ကစားခွင့် ရချိန်မှာ သူက ကာကွယ်မှုတွေ အများကြီး လုပ်ပေးခဲ့ပါတယ်။

သူမှားခဲ့တဲ့ သွင်းဂိုးက ဒီညပွဲအတွက် အကူအညီ မဖြစ်ခဲ့ပါဘူး။ ကျနော် ပြောခဲ့ဖူးသလိုပဲ ပွဲတစ်ပွဲကို အရေးနိမ့်ပြီဆိုရင် အခြေအနေ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ ဒီကနေ့ညမှာ ဒီအမှားကြောင့် ရံှူးခဲ့တာ မဟုတ်ပေမယ့် သက်ရောက်မှုတော့ ကြီးခဲ့ပါတယ်။ အဲ့တာက ဖြစ်ခဲ့ပြီးဖြစ်တာကြောင့် မဖြစ်သင့်ဘူးလို့ ပြောနေလို့တော့ မရပါဘူး။

နောက်တစ်ဆင့်ကို ဘာလို့ မတက်နိုင်ခဲ့လဲဆိုတာအတါက် အခြားသော အကြောင်းရင်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဘဝဆိုတာ ဒီလိုပါပဲ အဓိက အားဖြင့် ကိုယ်က လူအများနဲ့ဆိုင်တဲ့ အလုပ်လုပ်ရတာဆိုတော့ လူတွေက ကိုယ်ကို ဝေဖန်မှာပါပဲ။ ဒါပေမယ့် သူက ယောက်ကျားတစ်ယောက်ပါ၊ အရွယ်ရောက်ပြီးသူပါ။ ဒါကို ကိုင်တွယ် ဖြေရှင်းနိုင်ပါလိမ့်မယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ကျနေ်ာတို့ သူ့ကို ကူညီပေးမှာပါ။ ဒါပေမယ့် အကူအညီလိုမယ်တော့ မထင်ပါဘူး။ ဒါကို ရိုးရိုးသားသား ပြောတာပါ ” လို့ တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အတ္ဒရီယန္ရဲ႕ အမွားဟာ တီကို ကို အေရးနိမ့္မႈအေပၚ သက္ေရာက္မႈ ၾကီးမားခဲ့ေပမယ့္ ေနာက္တစ္ဆင့္ကို မတက္ႏုိင္ခဲ့တာအတြက္ ဂိုးသမားကို အျပစ္တင္ေနမွာ မဟုတ္ပါဘူးလို႔ ပြဲအျပီးမွာ ေျပာဆိုလိုက္ပါတယ္။

ကေလာ့ပ္က ” သူက ေယာက္က်ားတစ္ေယာက္ျဖစ္လို႔ ဒါက ဘယ္လို အေနအထားလဲဆိုတာကို နားလည္ပါတယ္။ သူ႔ကို ျပစ္တင္မႈေတြ က်ေန္ာတို႔ လုပ္သြားမွာ မဟုတ္ပါဘူး။ ဘာလုပ္ရမလဲ ဆုိတာေတာ့ က်ေနာ္ မသိဘူး ဒါေပမယ့္ သူ႔ကို ေလးစားမႈ ရွိရမွာပါ။ အဲ့လို လုပ္တာကပဲ ေကာင္းပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ အသင္းကို ေရာက္လာျပီးေနာက္ ကစားခြင့္ ရခ်ိန္မွာ သူက ကာကြယ္မႈေတြ အမ်ားၾကီး လုပ္ေပးခဲ့ပါတယ္။

သူမွားခဲ့တဲ့ သြင္းဂိုးက ဒီညပြဲအတြက္ အကူအညီ မျဖစ္ခဲ့ပါဘူး။ က်ေနာ္ ေျပာခဲ့ဖူးသလိုပဲ ပြဲတစ္ပြဲကို အေရးနိမ့္ျပီဆိုရင္ အေျခအေန အေၾကာင္းအရာေတြ အမ်ားၾကီး ရွိပါတယ္။ ဒီကေန႔ညမွာ ဒီအမွားေၾကာင့္ ရံွဴးခဲ့တာ မဟုတ္ေပမယ့္ သက္ေရာက္မႈေတာ့ ၾကီးခဲ့ပါတယ္။ အဲ့တာက ျဖစ္ခဲ့ျပီးျဖစ္တာေၾကာင့္ မျဖစ္သင့္ဘူးလို႔ ေျပာေနလို႔ေတာ့ မရပါဘူး။

ေနာက္တစ္ဆင့္ကို ဘာလို႔ မတက္ႏုိင္ခဲ့လဲဆိုတာအတါက္ အျခားေသာ အေၾကာင္းရင္းေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။ ဘဝဆိုတာ ဒီလိုပါပဲ အဓိက အားျဖင့္ ကိုယ္က လူအမ်ားနဲ႔ဆိုင္တဲ့ အလုပ္လုပ္ရတာဆိုေတာ့ လူေတြက ကိုယ္ကို ေဝဖန္မွာပါပဲ။ ဒါေပမယ့္ သူက ေယာက္က်ားတစ္ေယာက္ပါ၊ အရြယ္ေရာက္ျပီးသူပါ။ ဒါကို ကိုင္တြယ္ ေျဖရွင္းႏုိင္ပါလိမ့္မယ္။

ဒီကိစၥနဲ႔ ပက္သက္ျပီး က်ေန္ာတုိ႔ သူ႔ကို ကူညီေပးမွာပါ။ ဒါေပမယ့္ အကူအညီလိုမယ္ေတာ့ မထင္ပါဘူး။ ဒါကို ရိုးရိုးသားသား ေျပာတာပါ ” လို႔ တုန္႔ျပန္သြားခဲ့တာ ျဖစ္ပါတယ္။