မန်နေဂျာယာဂင်ကလော့ပ်က တီကို ကို နှစ်ကျော့စလုံး အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းသားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အားရကျေနပ်ပါကြောင်း စကားဆိုခဲ့ပါတယ်။

လီဗာပူးရဲ့ ဒီရာသီ ချန်ပီယံလိဂ်ကာကွယ်ဖို့ ကြိုးစားမှုက အဆုံးသတ်ခဲ့ပေမယ့် လာမယ့်ရာသီတွေမှာ အသင်း ပြန်လည် ယှဉ်ပြိုင်မှာဖြစ်ပြီး ဆက်ရန်ရှိဦးမလား မပြောနိုင်တဲ့ ပရီးမီးယားလိဂ်ကို အာရုံစိုက်ဖို့ပဲ ကြိုးစားရပါတော့မယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ကလော့ပ်က ” ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး။ လုပ်စမ်းပါဗျာ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားခဲ့တာပါ။ နှစ်နှစ်ခွဲအတွင်း ချန်ပီယံလိဂ်မှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တယ်။ အရမ်းကောင်းတဲ့ အနေအထားတွေလည်း ရှိခဲ့တယ်။ ဒီညပွဲလည်း သိပ်ကောင်းပါတယ်။ ပရိသတ်တွေကလည်း သိပ်ကောင်းပါတယ်၊ ကွင်းမှာလည်း အားလုံးက အကောင်းဆုံးတွေ ပြသခဲ့တယ်။

အသင်းသားတွေ တကယ်ကို တိုက်ခိုက်ခဲ့ပြီး အတော်ကောင်းကောင်း ကစားခဲ့တယ်။ အံ့အားသင့်လောက်တဲ့ ဂိုးတွေလည်း ရယူခဲ့ပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ အရေးနိမ့်ခဲ့တယ်။ ဒါပါပဲ။ အခြား ဘာမှ သက်ရောက်မှု မရှိပါဘူး။

အခုချိန်မှာတော့ ကျနေ်ာတို့က ပရီးမီးယားလိဂ်ကို ပိုမိုပြင်ဆင်ဖို့ အချိန်ရပါမယ်။ ဘောလုံးရာသီက ဆက်သွားမလားဆိုတာ ကျနော်တို့ မသိသေးပါဘူး။ ဒီအခြေအနေမှာ ဘယ်သူမှလည်း အတိအကျ မသိပါဘူး။ ချန်ပီယံလိဂ်မှာ ကျနေ်ာတို့ နောက်တစ်ဆင့်ကို သွားလိုခဲ့ပေမယ့် ဒီအခြေအနေထိ ရောက်ခဲ့တာက ကံကောင်းတာပါပဲ။ ဒီညမှာတော့ ကျနေ်ာတို့ ထွက်ခဲ့ရပါတယ်။

တီကိုက နှစ်ကျော့လုံးကို အနိုင်ရခဲ့ပါတယ်။ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ သူ့တို့က ထိုက်တန်ပါတယ်။ အခုချိန်ကစပြီး ချန်ပီယံလိဂ်ကို အပြင်ကနေပဲ ကြည့်နေရတော့မှာပါ။ ဒါပေမယ့် ကျနေ်ာတို့ နောက်တစ်ကြိမ် ပြန်လာဦးမယ်ဆိုတာ လူတိုင်း သိပါတယ်။ ကျနေ်ာတို့ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ အားပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲက ပြီးသွားပါပြီ။ ဒါကို ပြောင်းလဲလို့လည်း မရတော့ပါဘူး။

ဒီပွဲက မိနစ် ၁၂၀ ယှဉ်ပြိုင်ကစားရတာဖြစ်ပြီး အသင်းသားတွေ ပင်ပန်းနေကြတာကိုလည်း ပြောစရာ လိုမယ် မထင်ပါဘူး။ သူတို့အားလုံး အဆင်ပြေနေစေဖို့ ဆုတောင်းပါတယ်။ နောက်ပြီးရင် ဒါဘီပွဲအတွက် သုံးရက် ပြင်ဆင်ဖို့ ရပါမယ်။ ကျနေ်ာတို့ ထပ်မံ ယှဉ်ပြိုင်သွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က တီကို ကို ႏွစ္ေက်ာ့စလံုး အေရးနိမ့္ျပီး ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရေပမယ့္ အသင္းသားေတြနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို အားရေက်နပ္ပါေၾကာင္း စကားဆိုခဲ့ပါတယ္။

လီဗာပူးရဲ႕ ဒီရာသီ ခ်န္ပီယံလိဂ္ကာကြယ္ဖို႔ ၾကိဳးစားမႈက အဆံုးသတ္ခဲ့ေပမယ့္ လာမယ့္ရာသီေတြမွာ အသင္း ျပန္လည္ ယွဥ္ျပိဳင္မွာျဖစ္ျပီး ဆက္ရန္ရွိဦးမလား မေျပာႏုိင္တဲ့ ပရီးမီးယားလိဂ္ကို အာရံုစိုက္ဖို႔ပဲ ၾကိဳးစားရပါေတာ့မယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ကေလာ့ပ္က ” ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရေပမယ့္ ဘာသက္ေရာက္မႈမွ ရွိမွာ မဟုတ္ဘူး။ လုပ္စမ္းပါဗ်ာ က်ေန္ာတို႔ အစြမ္းကုန္ ၾကိဳးစားခဲ့တာပါ။ ႏွစ္ႏွစ္ခြဲအတြင္း ခ်န္ပီယံလိဂ္မွာ အေကာင္းဆံုး ယွဥ္ျပိဳင္ခဲ့တယ္။ အရမ္းေကာင္းတဲ့ အေနအထားေတြလည္း ရွိခဲ့တယ္။ ဒီညပြဲလည္း သိပ္ေကာင္းပါတယ္။ ပရိသတ္ေတြကလည္း သိပ္ေကာင္းပါတယ္၊ ကြင္းမွာလည္း အားလံုးက အေကာင္းဆံုးေတြ ျပသခဲ့တယ္။

အသင္းသားေတြ တကယ္ကို တိုက္ခိုက္ခဲ့ျပီး အေတာ္ေကာင္းေကာင္း ကစားခဲ့တယ္။ အံ့အားသင့္ေလာက္တဲ့ ဂိုးေတြလည္း ရယူခဲ့ပါတယ္။ ဒါေပမယ့္ က်ေန္ာတုိ႔ အေရးနိမ့္ခဲ့တယ္။ ဒါပါပဲ။ အျခား ဘာမွ သက္ေရာက္မႈ မရွိပါဘူး။

အခုခ်ိန္မွာေတာ့ က်ေန္ာတုိ႔က ပရီးမီးယားလိဂ္ကို ပိုမိုျပင္ဆင္ဖို႔ အခ်ိန္ရပါမယ္။ ေဘာလံုးရာသီက ဆက္သြားမလားဆိုတာ က်ေနာ္တို႔ မသိေသးပါဘူး။ ဒီအေျခအေနမွာ ဘယ္သူမွလည္း အတိအက် မသိပါဘူး။ ခ်န္ပီယံလိဂ္မွာ က်ေန္ာတုိ႔ ေနာက္တစ္ဆင့္ကို သြားလိုခဲ့ေပမယ့္ ဒီအေျခအေနထိ ေရာက္ခဲ့တာက ကံေကာင္းတာပါပဲ။ ဒီညမွာေတာ့ က်ေန္ာတို႔ ထြက္ခဲ့ရပါတယ္။

တီကိုက ႏွစ္ေက်ာ့လံုးကို အႏုိင္ရခဲ့ပါတယ္။ ေနာက္တစ္ဆင့္ကို တက္ႏုိင္ဖို႔ သူ႔တို႔က ထိုက္တန္ပါတယ္။ အခုခ်ိန္ကစျပီး ခ်န္ပီယံလိဂ္ကို အျပင္ကေနပဲ ၾကည့္ေနရေတာ့မွာပါ။ ဒါေပမယ့္ က်ေန္ာတုိ႔ ေနာက္တစ္ၾကိမ္ ျပန္လာဦးမယ္ဆိုတာ လူတိုင္း သိပါတယ္။ က်ေန္ာတုိ႔ကို အေကာင္းဆံုး ယွဥ္ျပိဳင္ႏုိင္ဖို႔ အားေပးၾကသူေတြကို ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ ျပိဳင္ပြဲက ျပီးသြားပါျပီ။ ဒါကို ေျပာင္းလဲလို႔လည္း မရေတာ့ပါဘူး။

ဒီပြဲက မိနစ္ ၁၂၀ ယွဥ္ျပိဳင္ကစားရတာျဖစ္ျပီး အသင္းသားေတြ ပင္ပန္းေနၾကတာကိုလည္း ေျပာစရာ လိုမယ္ မထင္ပါဘူး။ သူတို႔အားလံုး အဆင္ေျပေနေစဖို႔ ဆုေတာင္းပါတယ္။ ေနာက္ျပီးရင္ ဒါဘီပြဲအတြက္ သံုးရက္ ျပင္ဆင္ဖို႔ ရပါမယ္။ က်ေန္ာတို႔ ထပ္မံ ယွဥ္ျပိဳင္သြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။