ပရီးမီးယားလိဂ်ကို ဧပြီလ ၃ ရက်နေ့ထိ ရပ်နားကြောင်း တရားဝင် ကြေညာချက်အပြီး မန်နေဂျာယာဂင်ကလော့ပ်နဲ့ စီနီယာအသင်းသားတွေရဲ့ လုပ်ဆောင်မှုတွေကို ချီးကျူးမှုတွေ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က ကလပ်အသင်း ဝဘ်ဆိုဒ်ကနေတစ်ဆင့် လီဗာပူးပရိသတ်တွေကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပြီး လူမှုအဖွဲ့အစည်း ကောင်းမွန်ဖို့အတွက် တိုက်တွန်းစကား ဆိုခဲ့တာပါ။ ကလော့ပ်ရဲ့ အမှာစာထဲမှာတော့ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ လမ်းညွှန်မှုကို လိုက်နာဖို့၊ ကိုယ်ဘာသာ ကောင်းအောင် ဂရုစိုက်ကြဖို့ ကျန်းမာရေးက အဓိကဖြစ်ပြီး ဘယ်လို စွန့်စားမှုမှ မလုပ်ပါဖို့နဲ့ တန်းဖိုးကြီးလှတဲ့ လူမှုအဖွဲ့အစည်းအတွက် ပိုမိုအရေးပါမှုတွေနဲ့ စဉ်းစားပေးပြီး အားလုံးကို စာနာစိတ်တွေနဲ့ ဆက်ဆံပေးဖို့တွေ ပါဝင်ခဲ့ပါတယ်။

သြဇာကြီးတဲ့ မန်နေဂျာတစ်ဦးအဖြစ် ကိုယ်အသင်းပရိသတ်တွေကို အရေးကြီးစကားတွေ ထုတ်ပြောရာမှာ မှန်ကန်တဲ့ ချဉ်းကပ်မှုတွေကို လုပ်ဆောင်ပေးခဲ့တဲ့ ယာဂင်ကလော့ပ်ကို ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ဒါရိုက်တာ ကိုယ်တိုင်က ကျေးဇူးတင်ပါကြောင်း ဖွင့်ဟခဲ့ပါတယ်။

တစ်ဘက်မှာလည်း လီဗာပူးမြို့တွင်း အခြေအနေတွေကို သိရှိတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့တကွ စီနီယာအသင်းသားတွေကလည်း ဒေသခံ Foodbanks တွေအတွက် အစားအသောက်ဆိုင်ရာ လှူဒါန်းနိုင်ဖို ရန်ပုံငွေ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ ကိုယ်တိုင်လည်း သွားရောက်ပြီး လှူဒါးန်မှုတွေပါ ပြုလုပ်ခဲ့သေးတယ်လို့ သိရတယ်။

လီဗာပူးအသင်းဟာ မှန်ကန်တဲ့ ရပ်တည်ချက်တွေနဲ့အတူ အခက်အခဲတွေကို ကျော်လွှားဖို့ စံနမှုနာတွေအတွက် လုပ်ဆောင်ပြနိုင်တာအတွက် ဒေသတွင်းမီဒီယာတွေနဲ့ အင်္ဂလန်မီဒီယာတွေမှာ ချီးကျူးခံရမှုတွေ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကို ဧျပီလ ၃ ရက္ေန႔ထိ ရပ္နားေၾကာင္း တရားဝင္ ေၾကညာခ်က္အျပီး မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ စီနီယာအသင္းသားေတြရဲ႕ လုပ္ေဆာင္မႈေတြကို ခ်ီးက်ဴးမႈေတြ ထြက္ရွိလာခဲ့ျပီျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က ကလပ္အသင္း ဝဘ္ဆိုဒ္ကေနတစ္ဆင့္ လီဗာပူးပရိသတ္ေတြကို အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့တာျဖစ္ျပီး လူမႈအဖြဲ႔အစည္း ေကာင္းမြန္ဖို႔အတြက္ တိုက္တြန္းစကား ဆိုခဲ့တာပါ။ ကေလာ့ပ္ရဲ႕ အမွာစာထဲမွာေတာ့ က်န္းမာေရးဆုိင္ရာ ပုဂၢိဳလ္ေတြရဲ႕ လမ္းညႊန္မႈကို လိုက္နာဖို႔၊ ကိုယ္ဘာသာ ေကာင္းေအာင္ ဂရုစိုက္ၾကဖို႔ က်န္းမာေရးက အဓိကျဖစ္ျပီး ဘယ္လို စြန္႔စားမႈမွ မလုပ္ပါဖို႔နဲ႔ တန္းဖိုးၾကီးလွတဲ့ လူမႈအဖြဲ႔အစည္းအတြက္ ပိုမိုအေရးပါမႈေတြနဲ႔ စဥ္းစားေပးျပီး အားလံုးကို စာနာစိတ္ေတြနဲ႔ ဆက္ဆံေပးဖို႔ေတြ ပါဝင္ခဲ့ပါတယ္။

ၾသဇာၾကီးတဲ့ မန္ေနဂ်ာတစ္ဦးအျဖစ္ ကိုယ္အသင္းပရိသတ္ေတြကို အေရးၾကီးစကားေတြ ထုတ္ေျပာရာမွာ မွန္ကန္တဲ့ ခ်ဥ္းကပ္မႈေတြကို လုပ္ေဆာင္ေပးခဲ့တဲ့ ယာဂင္ကေလာ့ပ္ကို ကမၻာက်န္းမာေရးအဖြဲ႔ၾကီး WHO ရဲ႕ ဒါရိုက္တာ ကိုယ္တိုင္က ေက်းဇူးတင္ပါေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

တစ္ဘက္မွာလည္း လီဗာပူးျမိဳ႕တြင္း အေျခအေနေတြကို သိရွိတဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔တကြ စီနီယာအသင္းသားေတြကလည္း ေဒသခံ Foodbanks ေတြအတြက္ အစားအေသာက္ဆုိင္ရာ လွဴဒါန္းႏုိင္ဖို ရန္ပံုေငြ ကူညီေထာက္ပံ့မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ သူတို႔ဟာ ကိုယ္တိုင္လည္း သြားေရာက္ျပီး လွဴဒါးန္မႈေတြပါ ျပဳလုပ္ခဲ့ေသးတယ္လို႔ သိရတယ္။

လီဗာပူးအသင္းဟာ မွန္ကန္တဲ့ ရပ္တည္ခ်က္ေတြနဲ႔အတူ အခက္အခဲေတြကို ေက်ာ္လႊားဖို႔ စံနမႈနာေတြအတြက္ လုပ္ေဆာင္ျပႏုိင္တာအတြက္ ေဒသတြင္းမီဒီယာေတြနဲ႔ အဂၤလန္မီဒီယာေတြမွာ ခ်ီးက်ဴးခံရမႈေတြ ရွိေနတာျဖစ္ပါတယ္။