ပရီးမီးယားလိဂ်ကို သုံးပတ်ကြာ အနားပေးထားချိန်မှာ လီဗာပူးအတွက် ယာဂင်ကလော့ပ် ဘာတွေကို စီမံနိုင်သလဲဆိုတာအတွက် မာဆေးဆိုဒ် အခြေစိုက်သတင်းက သုံးသပ်မှုတစ်ခု ပြုလုပ်သွားပါတယ်။

လီဗာပူးအသင်းက စီနီယာအသင်းသားတွေကို နေအိမ်တွေထံ ပြန်ပို့ခဲ့ပြီဖြစ်ပြီး အိမ်တွင်းမှာပဲ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို ပြုလုပ်ကာ အခြေအနေကို စောင့်ကြည့်နေစေမှာဖြစ်တယ်။ ဒီကာလတွေအတွင်းမှာ မန်နေဂျာ ယာဂင်ကလော့ပ်ကတော့ လာမယ့် နွေအတွက် အစီအစဉ်တွေ ပြုလုပ်မှာဖြစ်ပြီး ကစားသမား လေးဦးကို ရှင်းထုတ်ကာ အစားထိုးမှုအတွက် စတင် ကြံရွယ်နေမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီတုန်းက ဆီးဗီးလားနဲ့ ရိုးမားတို့က အလိုရှိခဲ့တဲ့ ဆွစ်ဇလန်လက်ရွေးစင် ရှာကွီရီကို ရောင်းထုတ်ဖို့ လုပ်ဆောင်မှာဖြစ်ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ် နှစ်ပွဲပဲ ကစားနိုင်တဲ့ ကွင်းလယ်လူရဲ့ ကြံ့ခိုင်မှုအနေအထားကို ကလပ်ဘက်က သဘောမတွေ့ဖြစ်နေပပါတယ်။ သူဟာ ဘောလုံး မကစားနိုင်တာလည်း နှစ်လခန့် ကြာနေပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ရဖို့ ကလပ်ဘက်က ရည်မှန်းထားပါတယ်။

ပရီးမီးယားလိဂ် ဘယ်အချိန်မှာ အဆုံးသတ်မယ်ဆိုတာ မသိနိုင်ပေမယ့် ဇွန်လ ၃၀ ရက်နေ့ပြီးရင် လယ်လာနာနဲ့ ကလိုင်းတို့က လီဗာပူးနဲ့ သက်တမ်း ကုန်ပါပြီ။ ပရီးမီးယားလိဂ်ကို ပုံမှန်မဟုတ်ပဲ စက်တင်ဘာလမှ အဆုံးသတ်မယ်ဆိုရင်လည်း သူတို့နှစ်ဦးကို လီဗာပူးက စာချုပ်ပါအရ အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။ ရာသီကုန် စာချုပ်ကုန်မယ့် ကစားသမားတွေ ကိစ္စဟာ ယူအီးအက်ဖ်အေဘက်က ထည့်သွင်းစဉ်းစားစရာ ကိစ္စ ဖြစ်နေပါတယ်။

ဝါရင့်ခံစစ်သမား လိုဗရန်ကို ကလပ်မှာ ဆက်ထားဖို့ကတော့ အခွင့်အရေး ပိုနည်းလာပါတယ်။ လီဗာပူးဟာ ဂိုးမက်စ် တောက်ပလာမှုနဲ့အတူ မာတစ်ကို နေရာပေးဖို့ လိုအပ်မှုတွေလည်း ရှိနေတာကြောင့် နွေတုန်းက ရိုးမားအသင်း အလိုရှိခဲ့တဲ့ လိုဗရန်ကို အပြီးသတ် ရောင်းထုတ်မှု ပြုလုပ်နိုင်ပါတယ်။ လီဗာပူးဘက်က ပေါင် ၁၄ သန်းဝန်းကျင် ဈေးတောင်းမှာဖြစ်ပြီး ပေါင် ၁၀ သန်း ဝန်းကျင် ပြောင်းရွှေ့ကြေးကို ရရှိဖွယ် ရှိနေပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကို သံုးပတ္ၾကာ အနားေပးထားခ်ိန္မွာ လီဗာပူးအတြက္ ယာဂင္ကေလာ့ပ္ ဘာေတြကို စီမံႏုိင္သလဲဆိုတာအတြက္ မာေဆးဆိုဒ္ အေျခစိုက္သတင္းက သံုးသပ္မႈတစ္ခု ျပဳလုပ္သြားပါတယ္။

လီဗာပူးအသင္းက စီနီယာအသင္းသားေတြကို ေနအိမ္ေတြထံ ျပန္ပို႔ခဲ့ျပီျဖစ္ျပီး အိမ္တြင္းမွာပဲ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြကို ျပဳလုပ္ကာ အေျခအေနကို ေစာင့္ၾကည့္ေနေစမွာျဖစ္တယ္။ ဒီကာလေတြအတြင္းမွာ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ လာမယ့္ ေႏြအတြက္ အစီအစဥ္ေတြ ျပဳလုပ္မွာျဖစ္ျပီး ကစားသမား ေလးဦးကို ရွင္းထုတ္ကာ အစားထိုးမႈအတြက္ စတင္ ၾကံရြယ္ေနမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဇန္နဝါရီတုန္းက ဆီးဗီးလားနဲ႔ ရိုးမားတို႔က အလိုရွိခဲ့တဲ့ ဆြစ္ဇလန္လက္ေရြးစင္ ရွာကီြရီကို ေရာင္းထုတ္ဖို႔ လုပ္ေဆာင္မွာျဖစ္ျပီး ဒီရာသီမွာ ပရီးမီးယားလိဂ္ ႏွစ္ပြဲပဲ ကစားႏုိင္တဲ့ ကြင္းလယ္လူရဲ႕ ၾကံ႕ခိုင္မႈအေနအထားကို ကလပ္ဘက္က သေဘာမေတြ႔ျဖစ္ေနပပါတယ္။ သူဟာ ေဘာလံုး မကစားႏုိင္တာလည္း ႏွစ္လခန္႔ ၾကာေနျပီျဖစ္ျပီး ေျပာင္းေရႊ႔ေၾကး ေပါင္ ၂၅ သန္း ရဖို႔ ကလပ္ဘက္က ရည္မွန္းထားပါတယ္။

ပရီးမီးယားလိဂ္ ဘယ္အခ်ိန္မွာ အဆံုးသတ္မယ္ဆိုတာ မသိႏုိင္ေပမယ့္ ဇြန္လ ၃၀ ရက္ေန႔ျပီးရင္ လယ္လာနာနဲ႔ ကလိုင္းတို႔က လီဗာပူးနဲ႔ သက္တမ္း ကုန္ပါျပီ။ ပရီးမီးယားလိဂ္ကို ပံုမွန္မဟုတ္ပဲ စက္တင္ဘာလမွ အဆံုးသတ္မယ္ဆိုရင္လည္း သူတို႔ႏွစ္ဦးကို လီဗာပူးက စာခ်ဳပ္ပါအရ အသံုးျပဳႏုိင္မွာ မဟုတ္ေတာ့ပါဘူး။ ရာသီကုန္ စာခ်ဳပ္ကုန္မယ့္ ကစားသမားေတြ ကိစၥဟာ ယူအီးအက္ဖ္ေအဘက္က ထည့္သြင္းစဥ္းစားစရာ ကိစၥ ျဖစ္ေနပါတယ္။

ဝါရင့္ခံစစ္သမား လိုဗရန္ကို ကလပ္မွာ ဆက္ထားဖို႔ကေတာ့ အခြင့့္အေရး ပိုနည္းလာပါတယ္။ လီဗာပူးဟာ ဂိုးမက္စ္ ေတာက္ပလာမႈနဲ႔အတူ မာတစ္ကို ေနရာေပးဖို႔ လိုအပ္မႈေတြလည္း ရွိေနတာေၾကာင့္ ေႏြတုန္းက ရိုးမားအသင္း အလိုရွိခဲ့တဲ့ လိုဗရန္ကို အျပီးသတ္ ေရာင္းထုတ္မႈ ျပဳလုပ္ႏုိင္ပါတယ္။ လီဗာပူးဘက္က ေပါင္ ၁၄ သန္းဝန္းက်င္ ေစ်းေတာင္းမွာျဖစ္ျပီး ေပါင္ ၁၀ သန္း ဝန္းက်င္ ေျပာင္းေရႊ႔ေၾကးကို ရရွိဖြယ္ ရွိေနပါတယ္။