လီဗာပူး ဂန္တဝင်ကြီးဖြစ်တဲ့ ဆာကင်နီဒဲလ်ဂလစ်က ကိုရိုနာ အန္တရာယ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ကို ပယ်ဖျက်ဖို့ လုပ်ဆောင်ပြီး လီဗာပူးကို ချန်ပီယံမဖြစ်စေမှုကို လုံးဝ လက်ခံမှာ မဟုတ်ပါကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

၁၉၈၉ ခုနှစ် ဟေးဘရော့ဖြစ်ရပ်မှာ ထိုစဉ် လီဗာပူးအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ခဲ့တဲ့ ကင်းကင်နီဟာ နှစ်ပေါင်း ၃၀ တိုင်တိုင် လီဗာပူးတို့ ခက်ခဲစွာ ကြိုးစားလာတဲ့ အမှတ်ပေးဖလားကို ဒီာသီမှာ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ယုံကြည်တယ်။ သူကတော့ လိဂ်ကို ပယ်ဖျက်ဖို့ ကိစ္စကို သဘောမတူပါကြောင်း ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ကင်နီက ပြောရာမှာ “ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ပယ်ဖျက်လိုက်တာမျိုးက လုံးဝ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲ့တာက မျှတမှုလည်း မရှိပါဘူး။ ဘောလုံးကို နှလုံးသားထဲမှာ ရှိတဲ့သူတိုင်းက ဒီလိုကိစ္စကို လက်ခံမှာလည်း မဟုတ်ပါဘူး။ ဒီရာသီ လိဂ်မှာ အရမ်းကောင်းကောင်း ကစားပြနေပြီး ပွဲပေါင်း ၂၉ ပွဲအပြီးမှာ လိဂ်ကို ၂၅ မှတ် အသာနဲ့ ဦးဆောင်ထားတဲ့ လီဗာပူးကို ချန်ပီယံအဖြစ် မသက်မှတ်ဖို့ ဘယ်သူက စဉ်းစားနိုင်မှာလဲ။

ဒီလောက်ထိ ကြိုးစားလာမှုကို ဘာတစ်ခုမှ အနိုင်မရစေပဲ ပယ်ဖျက်တာမျိုးကို ခွင့်ပြုလို့လည်း မရပါဘူး။ ဒီတော့ လိဂ်ကို ပယ်ဖျက်ဖို့ဆိုတဲ့ စကားပြောတဲ့ သူတွေနဲ့ ဝေးဝေးမှာပဲ နေလိုက်ပါ။ ကျနေ်ာတို့ရဲ့ အချိန်နဲ့ အင်အားတွေကို တန်ဖိုးရှိရှိ အသုံးချရမှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးက ဘယ်အချိန်မှာ ပြန်လည် အခြေကျပြီး ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်မလဲတော့ မသိပါဘူး။ ဒါပေမယ့် ကျနေ်ာတို့တွေ စိတ်ရှည်ဖို့ လိုသလို သန်မာတဲ့ ခေါင်းဆောင်နိုင်စွမ်းတွေကို ပြသဖို့ လိုပါတယ်။ ဘောလုံးကို လေးပတ်လောက် ပိတ်လို့ရပါတယ်။ ဧပရယ်လလည် မဟုတ်လည်း နောက်လ ကုန်ထိ ပိတ်ထားလို့ ရပါတယ်။ ဘောလုံးပြိုင်ပွဲတွေကို ဘယ်အချိန်မှာ ပြန်စမလဲအတွက် မှန်ကန်တဲ့ သက်မှတ်မှုတွေရှိဖို့လည်း လိုအပ်နေဦးမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူး ဂႏၱဝင္ၾကီးျဖစ္တဲ့ ဆာကင္နီဒဲလ္ဂလစ္က ကိုရိုနာ အႏၱရာယ္ေၾကာင့္ ဒီရာသီ ပရီးမီးယားလိဂ္ကို ပယ္ဖ်က္ဖို႔ လုပ္ေဆာင္ျပီး လီဗာပူးကို ခ်န္ပီယံမျဖစ္ေစမႈကို လံုးဝ လက္ခံမွာ မဟုတ္ပါေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

၁၉၈၉ ခုႏွစ္ ေဟးဘေရာ့ျဖစ္ရပ္မွာ ထိုစဥ္ လီဗာပူးအသင္းကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ခဲ့တဲ့ ကင္းကင္နီဟာ ႏွစ္ေပါင္း ၃၀ တိုင္တိုင္ လီဗာပူးတို႔ ခက္ခဲစြာ ၾကိဳးစားလာတဲ့ အမွတ္ေပးဖလားကို ဒီာသီမွာ အႏုိင္ရဖို႔ ထိုက္တန္တယ္လို႔ ယံုၾကည္တယ္။ သူကေတာ့ လိဂ္ကို ပယ္ဖ်က္ဖို႔ ကိစၥကို သေဘာမတူပါေၾကာင္း ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။

ကင္နီက ေျပာရာမွာ “ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို ပယ္ဖ်က္လိုက္တာမ်ိဳးက လံုးဝ ျဖစ္လာမွာ မဟုတ္ပါဘူး။ အဲ့တာက မွ်တမႈလည္း မရွိပါဘူး။ ေဘာလံုးကို ႏွလံုးသားထဲမွာ ရွိတဲ့သူတိုင္းက ဒီလိုကိစၥကို လက္ခံမွာလည္း မဟုတ္ပါဘူး။ ဒီရာသီ လိဂ္မွာ အရမ္းေကာင္းေကာင္း ကစားျပေနျပီး ပြဲေပါင္း ၂၉ ပြဲအျပီးမွာ လိဂ္ကို ၂၅ မွတ္ အသာနဲ႔ ဦးေဆာင္ထားတဲ့ လီဗာပူးကို ခ်န္ပီယံအျဖစ္ မသက္မွတ္ဖို႔ ဘယ္သူက စဥ္းစားႏုိင္မွာလဲ။

ဒီေလာက္ထိ ၾကိဳးစားလာမႈကို ဘာတစ္ခုမွ အႏုိင္မရေစပဲ ပယ္ဖ်က္တာမ်ိဳးကို ခြင့္ျပဳလို႔လည္း မရပါဘူး။ ဒီေတာ့ လိဂ္ကို ပယ္ဖ်က္ဖို႔ဆိုတဲ့ စကားေျပာတဲ့ သူေတြနဲ႔ ေဝးေဝးမွာပဲ ေနလိုက္ပါ။ က်ေန္ာတို႔ရဲ႕ အခ်ိန္နဲ႔ အင္အားေတြကို တန္ဖိုးရွိရွိ အသံုးခ်ရမွာ ျဖစ္ပါတယ္။

ကမၻာၾကီးက ဘယ္အခ်ိန္မွာ ျပန္လည္ အေျခက်ျပီး ပံုမွန္အတုိင္း လုပ္ငန္းေဆာင္တာေတြကို လုပ္ႏုိင္မလဲေတာ့ မသိပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔ေတြ စိတ္ရွည္ဖို႔ လိုသလို သန္မာတဲ့ ေခါင္းေဆာင္ႏုိင္စြမ္းေတြကို ျပသဖို႔ လိုပါတယ္။ ေဘာလံုးကို ေလးပတ္ေလာက္ ပိတ္လို႔ရပါတယ္။ ဧပရယ္လလည္ မဟုတ္လည္း ေနာက္လ ကုန္ထိ ပိတ္ထားလို႔ ရပါတယ္။ ေဘာလံုးျပိဳင္ပြဲေတြကို ဘယ္အခ်ိန္မွာ ျပန္စမလဲအတြက္ မွန္ကန္တဲ့ သက္မွတ္မႈေတြရွိဖို႔လည္း လိုအပ္ေနဦးမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။