၁၉၈၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဟေးဘရော့ဖြစ်ရပ်မှာ The Sun သတင်းစာတိုက်ဟာ ၎င်းတို့ရဲ့ သတင်းစာ မျက်နှာဖုံးတွေကနေ လီဗာပူးကို နာမည်ဆိုးတပ်ခဲ့တယ်။ လီဗာပူးဘက်က ကလပ်ကို အထိနာစေတဲ့ The Sun ကို နှစ်ပေါင်း ၃၀ တိုင်တိုင် ရန်သူအဖြစ်သက်မှတ်ပြီး အဆိုပါ ဗြိတိန်သတင်းစာကို လီဗာပူးမြို့နဲ့ လီဗာပူးပရိသတ်တွေက လုံးဝ အသုံးပြုခြင်း မရှိပါဘူး။

ဆယ်ဆုနှစ် သုံးခု ကြာတဲ့အချိန်ထိ လီဗာပူးမြို့မှာ The Sun သတင်းစာ ရောင်းဝယ်ခွင့် ပိတ်ပင်ထားသလို လီဗာပူးပရိသတ်တွေကလည်း အဆိုပါ သတင်းစာကို မြင်တဲ့နေရာတိုင်း အမှိုက်ပုန်းထဲ ပစ်ထဲကြကာ The Sun ကို ဆန့်ကျင်ကြောင်း ပြသခဲ့တယ်။

The Sun ဆိုဟာ ဗြိတိန်ရဲ့ အကြီးမားဆုံးသော သတင်းဌာနကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ တည်ထောင်တဲ့ အဆိုပါ သတင်းစာတိုက်ဟာ ဂုဏ်သိက္ခာကြီးတဲ့ သတင်းဌာနဆိုတာထက် အတင်းအဖျင်းတွေကစလို့ သူတို့ သတင်းစာတိုက် ပေါက်မယ့်ကိစ္စမှန်သမျှကို အတင်းကို သတင်းလုပ်ဖို့ ဝန်မလေးတဲ့ သတင်းတိုက်တစ်ခုဖြစ်ပါတယ်။

လက်တလောမှာ ကိုရိုနာအန္တရာယ်ကြောင့် ပရီးမီးယားလိဂ်ကို ရပ်နားချိန်မှာတော့ ဘောလုံးရာသီက ဘယ်လို ရှေ့ဆက်ရမလဲဆိုတာက မေးခွန်းတစ်ခုဖြစ်လာခဲ့တယ်။ ထပ်ပြီးလည်း ဒီရာသီမှာ အရမ်းကို ထူးချွန်နေတဲ့ လီဗာပူးကကော ချန်ပီယံမဖြစ်ပဲ ရာသီသိမ်းရမလားဆိုတဲ့ မေးခွန်းကလည်း ရှိလာခဲ့ပါတယ်။

ဂွင်တွေ့တုန်း ဆော် ဆိုသလိုပဲ ဒီအခြေအနေကို လက်လွတ်မခံပဲ The Sun က လီဗာပူးကို တိုက်ခိုက်မှုတွေ စတင်လာခဲ့ပါတယ်။

ဘောလုံးရာသီကို ရပ်တန့်စေလိုတယ်ဆိုတဲ့ ဝက်ဟမ် ဒု-ဥက္ကဌနဲ့ အင်တာဗျူးကို စတင်လိုက်တာက The Sun ဖြစ်ပြီး ဘောလုံးရာသီကို ရပ်နားခဲ့မယ်ဆိုရင် လီဗာပူးကို ချန်ပီယံအဖြစ် သက်မှတ်ပေးတာက မတရားပါကြောင်း အလန်ရှီးယားရဲ့ အင်တာဗျူးကို လုပ်ခဲ့တာကလည်း The Sun ပဲဖြစ်ပါတယ်။

နှစ် ၃၀ ကြာ အငြိုးတွေအတွက် The Sun သတင်းဌာနဟာ လီဗာပူးကို မီဒီယာကနေ စတိုက်နေတာဖြစ်ပြီး ၎င်း သတင်းဌာနကတော့ လီဗာပူးကို ချန်ပီယံမဖြစ်စေလိုသူတွေ၊ ပရီးမီးယားလိဂ်ကို ပယ်ဖျက်စေလိုသူတွေကို ရှာဖွေပြီး သတင်းတွေ ဆက်လက် ဖော်ပြဖို့ ကြိုးစားနေဦးမှာ ဖြစ်ပါတယ်။

ZAWGYI

၁၉၈၉ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ ေဟးဘေရာ့ျဖစ္ရပ္မွာ The Sun သတင္းစာတိုက္ဟာ ၄င္းတို႔ရဲ႕ သတင္းစာ မ်က္ႏွာဖံုးေတြကေန လီဗာပူးကို နာမည္ဆိုးတပ္ခဲ့တယ္။ လီဗာပူးဘက္က ကလပ္ကို အထိနာေစတဲ့ The Sun ကို ႏွစ္ေပါင္း ၃၀ တိုင္တိုင္ ရန္သူအျဖစ္သက္မွတ္ျပီး အဆုိပါ ျဗိတိန္သတင္းစာကို လီဗာပူးျမိဳ႕နဲ႔ လီဗာပူးပရိသတ္ေတြက လံုးဝ အသံုးျပဳျခင္း မရွိပါဘူး။

ဆယ္ဆုႏွစ္ သံုးခု ၾကာတဲ့အခ်ိန္ထိ လီဗာပူးျမိဳ႕မွာ The Sun သတင္းစာ ေရာင္းဝယ္ခြင့္ ပိတ္ပင္ထားသလို လီဗာပူးပရိသတ္ေတြကလည္း အဆိုပါ သတင္းစာကို ျမင္တဲ့ေနရာတိုင္း အမိႈက္ပုန္းထဲ ပစ္ထဲၾကကာ The Sun ကို ဆန္႔က်င္ေၾကာင္း ျပသခဲ့တယ္။

The Sun ဆိုဟာ ျဗိတိန္ရဲ႕ အၾကီးမားဆံုးေသာ သတင္းဌာနၾကီးေတြထဲက တစ္ခုျဖစ္ပါတယ္။ ၁၉၆၄ ခုႏွစ္မွာ တည္ေထာင္တဲ့ အဆိုပါ သတင္းစာတိုက္ဟာ ဂုဏ္သိကၡာၾကီးတဲ့ သတင္းဌာနဆိုတာထက္ အတင္းအဖ်င္းေတြကစလို႔ သူတို႔ သတင္းစာတိုက္ ေပါက္မယ့္ကိစၥမွန္သမွ်ကို အတင္းကို သတင္းလုပ္ဖို႔ ဝန္မေလးတဲ့ သတင္းတိုက္တစ္ခုျဖစ္ပါတယ္။

လက္တေလာမွာ ကိုရိုနာအႏၱရာယ္ေၾကာင့္ ပရီးမီးယားလိဂ္ကို ရပ္နားခ်ိန္မွာေတာ့ ေဘာလံုးရာသီက ဘယ္လို ေရွ႔ဆက္ရမလဲဆိုတာက ေမးခြန္းတစ္ခုျဖစ္လာခဲ့တယ္။ ထပ္ျပီးလည္း ဒီရာသီမွာ အရမ္းကို ထူးခၽြန္ေနတဲ့ လီဗာပူးကေကာ ခ်န္ပီယံမျဖစ္ပဲ ရာသီသိမ္းရမလားဆိုတဲ့ ေမးခြန္းကလည္း ရွိလာခဲ့ပါတယ္။

ဂြင္ေတြ႔တုန္း ေဆာ္ ဆိုသလိုပဲ ဒီအေျခအေနကို လက္လြတ္မခံပဲ The Sun က လီဗာပူးကို တိုက္ခုိက္မႈေတြ စတင္လာခဲ့ပါတယ္။

ေဘာလံုးရာသီကို ရပ္တန္႔ေစလိုတယ္ဆိုတဲ့ ဝက္ဟမ္ ဒု-ဥကၠဌနဲ႔ အင္တာဗ်ဴးကို စတင္လိုက္တာက The Sun ျဖစ္ျပီး ေဘာလံုးရာသီကို ရပ္နားခဲ့မယ္ဆိုရင္ လီဗာပူးကို ခ်န္ပီယံအျဖစ္ သက္မွတ္ေပးတာက မတရားပါေၾကာင္း အလန္ရွီးယားရဲ႕ အင္တာဗ်ဴးကို လုပ္ခဲ့တာကလည္း The Sun ပဲျဖစ္ပါတယ္။

ႏွစ္ ၃၀ ၾကာ အျငိဳးေတြအတြက္ The Sun သတင္းဌာနဟာ လီဗာပူးကို မီဒီယာကေန စတုိက္ေနတာျဖစ္ျပီး ၄င္း သတင္းဌာနကေတာ့ လီဗာပူးကို ခ်န္ပီယံမျဖစ္ေစလိုသူေတြ၊ ပရီးမီးယားလိဂ္ကို ပယ္ဖ်က္ေစလိုသူေတြကို ရွာေဖြျပီး သတင္းေတြ ဆက္လက္ ေဖာ္ျပဖို႔ ၾကိဳးစားေနဦးမွာ ျဖစ္ပါတယ္။