ပရီးမီးယားလိဂ်ကို ရပ်နားစေလိုတဲ့ ကြီး ၆ ကြီးထဲမှာ မန်စီးတီး၊ အာဆင်နယ်၊ စပါတို့အပြင် မာဆေးဆိုဒ်ပြိုင်ဘက် အဲဗာတန်ကလည်း ပါဝင်နေလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှု ထွက်ပေါ်နေပါတယ်။

ဟေးဘရော့ဖြစ်ရပ်ကတည်းက လီဗာပူးနဲ့ မကျေလယ်မှုတွေရှိထားတဲ့ The Sun က ကလပ်ကို ထိခိုက်စေမယ့် သတင်းဖြစ်တဲ့ လိဂ်ကို ရပ်နားဖို့ ဆန္ဒရှိသူတွေကို လိုက်လံဖော်ထုတ်ပြီး သတင်းခေါင်းကြီးဖော်ပြမှုတွေ လုပ်နေပါတယ်။

လီဗာပူး ဂန္တဝင်ကြီးဖြစ်တဲ့ ဆာကင်နီဒဲလ်ဂလစ်က ကိုရိုနာ အန္တရာယ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ကို ပယ်ဖျက်ဖို့ လုပ်ဆောင်ပြီး လီဗာပူးကို ချန်ပီယံမဖြစ်စေမှုကို လုံးဝ လက်ခံမှာ မဟုတ်ပါကြောင်း ပြတ်ပြတ်သားသား ထုတ်ပြောလိုက်ပါတယ်။

လေဗာကူဆင် မန်နေဂျာဖြစ်သူ Peter Bosz က သူ့အသင်းသား ကိုင်းဟာဗက်ကို နွေမှာ လက်လွတ်သွားနိုင်ကြောင်း ဝန်ခံခဲ့ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၁၀၀ ရမှ အသင်းပြောင်းခွင့် ပေးမှာဖြစ်ကြောင်း သတင်းပေးလာပါတယ်။

အက်ဖ်အေ အကြီးအကဲဟောင်း Dyke က The Times နဲ့ တွေ့ဆုံမှုမှာ ပရီးမီးယားလိဂ်ဟာ မြင့်မားတဲ့ ရုပ်သံထုတ်လွှင့်ခတွေ စီးပွားရေးဆိုင်ရာ သဘောတူညီတွေ ရယူထားတာဖြစ်ပြီး ကလပ်အသင်းတွေ ဆက်လက် ရှင်သန်ဖို့ ပြိုင်ပွဲက ရှေ့ဆက်မှပဲ ရမယ့် အနေအထားဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ဘယ်အချိန်မှာ ပြန်စမလဲဆိုတာအတွက် လိဂ်တာဝန်ရှိသူတွေတင် မဟုတ်ပဲ ပရော်ဖက်ရှင်နယ် ကစားသမားများဆိုင်ရာ အဖွဲ့ကလည်း အာမခံချက်တွေ တောင်းလာဖို့ ရှိနေပါတယ်။ ဒါတွေနဲ့ ပက်သက်ပြီး အသေးစိတ် အစီအစဉ်ကိုတော့ ကြာသပတေးနေ့မှပဲ သိရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကစားကွင်းနောက်ကွယ်က ရုန်းကန်နေရမှုတစ်ခုအဖြစ် အချိန်ကောင်းမှာ ကလပ်အသင်း ဆေးဘက်ဆိုင်ရာ အကြီးအကဲကို အစားထိုးနိုင်ဖို့ အလျှင်စလို ကြိုးစားနေရတယ်လို့ The Athletic က ဖော်ပြသွားပါတယ်။ လီဗာပူးဘက်က ဆေးဘက်ဆိုင်ရာ အကြီးအကဲသစ်အဖြစ် အာဆင်နယ်မှ Gary O’Driscoll နဲ့ နောက်ထပ် ပရီးမီးယားလိဂ် တစ်သင်းမှ ဆရာဝန်ကို ကမ်းလှမ်းစကားပြောခဲ့ပေမယ့် ပယ်ချခံခဲ့ပါတယ်။

ဘလက်ဘန်းအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဂန္တဝင်တိုက်စစ်မှူးကြီး အလန်ရှီးယားက ဒီရာသီကို အပြီးမသတ်နိုင်ပဲ လီဗာပူး ချန်ပီယံမဖြစ်သင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကို ရပ္နားေစလိုတဲ့ ၾကီး ၆ ၾကီးထဲမွာ မန္စီးတီး၊ အာဆင္နယ္၊ စပါတို႔အျပင္ မာေဆးဆိုဒ္ျပိဳင္ဘက္ အဲဗာတန္ကလည္း ပါဝင္ေနလိမ့္မယ္ဆိုတဲ့ ခန္႔မွန္းမႈ ထြက္ေပၚေနပါတယ္။

ေဟးဘေရာ့ျဖစ္ရပ္ကတည္းက လီဗာပူးနဲ႔ မေက်လယ္မႈေတြရွိထားတဲ့ The Sun က ကလပ္ကို ထိခိုက္ေစမယ့္ သတင္းျဖစ္တဲ့ လိဂ္ကို ရပ္နားဖို႔ ဆႏၵရွိသူေတြကို လိုက္လံေဖာ္ထုတ္ျပီး သတင္းေခါင္းၾကီးေဖာ္ျပမႈေတြ လုပ္ေနပါတယ္။

လီဗာပူး ဂႏၱဝင္ၾကီးျဖစ္တဲ့ ဆာကင္နီဒဲလ္ဂလစ္က ကိုရိုနာ အႏၱရာယ္ေၾကာင့္ ဒီရာသီ ပရီးမီးယားလိဂ္ကို ပယ္ဖ်က္ဖို႔ လုပ္ေဆာင္ျပီး လီဗာပူးကို ခ်န္ပီယံမျဖစ္ေစမႈကို လံုးဝ လက္ခံမွာ မဟုတ္ပါေၾကာင္း ျပတ္ျပတ္သားသား ထုတ္ေျပာလိုက္ပါတယ္။

ေလဗာကူဆင္ မန္ေနဂ်ာျဖစ္သူ Peter Bosz က သူ႔အသင္းသား ကိုင္းဟာဗက္ကို ေႏြမွာ လက္လြတ္သြားႏုိင္ေၾကာင္း ဝန္ခံခဲ့ေပမယ့္ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးအျဖစ္ ယူရို သန္း ၁၀၀ ရမွ အသင္းေျပာင္းခြင့္ ေပးမွာျဖစ္ေၾကာင္း သတင္းေပးလာပါတယ္။

အက္ဖ္ေအ အၾကီးအကဲေဟာင္း Dyke က The Times နဲ႔ ေတြ႔ဆံုမႈမွာ ပရီးမီးယားလိဂ္ဟာ ျမင့္မားတဲ့ ရုပ္သံထုတ္လႊင့္ခေတြ စီးပြားေရးဆုိင္ရာ သေဘာတူညီေတြ ရယူထားတာျဖစ္ျပီး ကလပ္အသင္းေတြ ဆက္လက္ ရွင္သန္ဖို႔ ျပိဳင္ပြဲက ေရွ႔ဆက္မွပဲ ရမယ့္ အေနအထားျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို ဘယ္အခ်ိန္မွာ ျပန္စမလဲဆိုတာအတြက္ လိဂ္တာဝန္ရွိသူေတြတင္ မဟုတ္ပဲ ပေရာ္ဖက္ရွင္နယ္ ကစားသမားမ်ားဆိုင္ရာ အဖြဲ႔ကလည္း အာမခံခ်က္ေတြ ေတာင္းလာဖို႔ ရွိေနပါတယ္။ ဒါေတြနဲ႔ ပက္သက္ျပီး အေသးစိတ္ အစီအစဥ္ကိုေတာ့ ၾကာသပေတးေန႔မွပဲ သိရမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကစားကြင္းေနာက္ကြယ္က ရုန္းကန္ေနရမႈတစ္ခုအျဖစ္ အခ်ိန္ေကာင္းမွာ ကလပ္အသင္း ေဆးဘက္ဆိုင္ရာ အၾကီးအကဲကို အစားထိုးႏုိင္ဖုိ႔ အလွ်င္စလို ၾကိဳးစားေနရတယ္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။ လီဗာပူးဘက္က ေဆးဘက္ဆိုင္ရာ အၾကီးအကဲသစ္အျဖစ္ အာဆင္နယ္မွ Gary O’Driscoll နဲ႔ ေနာက္ထပ္ ပရီးမီးယားလိဂ္ တစ္သင္းမွ ဆရာဝန္ကို ကမ္းလွမ္းစကားေျပာခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ပါတယ္။

ဘလက္ဘန္းအသင္းနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္ ဂႏၱဝင္တိုက္စစ္မွဴးၾကီး အလန္ရွီးယားက ဒီရာသီကို အျပီးမသတ္ႏုိင္ပဲ လီဗာပူး ခ်န္ပီယံမျဖစ္သင့္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။