ဘောလုံးပွဲတွေ မရှိပဲ ကျော်ဖြတ်ရတဲ့ သီတင်းပတ် တစ်ခုကတော့ ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ အားကစား နှစ်သက်သူတွေအတွက် တကယ်ကို ကမောက်ကမနိုင်တဲ့ ကာလတစ်ခုကို ကျော်ဖြတ်နေရတာဖြစ်တယ်။

ပရော်ဖက်ရှင် ဘောလုံးသမားတွေကလည်း ရုတ်တရတ်ကြီး ဘောလုံး မကန်ရတော့တာကို အတော်လေး မနေနိုင် မထိုင်နိုင် ဖြစ်နေကြတာဖြစ်တယ်။ အိမ်တွင်းပုန်းနေရချိန်မှာ ချိန်ဘာလိန်က သူ့ကောင်မလေးနဲ့ Tik Tok ကစားနေသလို ဖာမင်နိုဆိုရင် ပျင်းလွန်းလို့ သီချင်းဆိုလိုက် လက်ချောင်းတွေနဲ့ ကစားလိုက် လုပ်နေတာတွေကိုတောင် အင်စတာဂရမ်မှာ လုပ်ပြနေတာဖြစ်တယ်။

အားလုံးထဲမှာ တမူထူးနေသူကတော့ မီလ်နာကြီးပဲ ဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာလတုန်းက စီနီယာအသင်းသားတွေ နားရက်ရချိန်မှာတောင် အန်ဖီးကွင်းထဲမှာ လီဗာပူးနဲ့ ရှရူဘူရီတို့ရဲ့ အက်ဖ်အေပွဲကိုတောင် တက်ရောက် ကြည့်ခဲ့သူပါ။ အခုလို လေ့ကျင့်ရေးပါ ရပ်နားထားရချိန်က သူ့အတွက် အတော် ဂွကျဟန် ရှိပါတယ်။

ပထမရက်တွေမှာတော့ မီလ်နာက အေးဆေးပါပဲ။ အက်သလက်တီကို ကို အရေးနိမ့်ခဲ့တာကို စိတ်ပျက်ပေမယ့် လီဗာပူးအသင်းသား ဖြစ်ရတာ ဂုဏ်ယူကြောင်းတွေနဲ့ သူ ဖြေသိမ့်နိုင်ပါတယ်။ နောက်ထပ် ရက်တွေကြာတော့ မီလ်နာက ပေါက်ကရတွေ စလုပ်တော့တာပါ။

သူသောက်နေကျ ကော်ဖီထုပ်တွေကို ရက်အလိုက် ရာရှင်ခွဲမှုတွေ လုပ်ပြီး ချိန်ဘာလိန်ကိုတော့ လျှောက်ကနေမယ့်အစား တစ်ခုခု လုပ်ဖို့ တိုက်တွန်းခဲ့သေးတာပါ။ ကော်ဖီထုပ်တွေ ခွဲရတဲ့ အလုပ် ပြီးသွားတော့ မီလ်နာက အလုပ်သစ်တစ်ခုကို ရှာတွေ့ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ အဲ့အလုပ်ကတော့ သူ့အိမ်က မြက်ခင်းကို ကပ်ကြေးနဲ့ တစ်ပင်ချင်း လိုက်တိနေတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

မီလ်နာက ပေတံတစ်ချောင်း ကပ်ကြေးတစ်လက်နဲ့ ခြံထဲက မြက်တွေကို လိုက်တိနေပြီး အန်ဖီးကွင်းကို ထိန်းသိမ်းဖို့ သူ့ကို ငှားရင် ကောင်းမယ်လို့တောင် အရွှန်းဖောက်ခဲ့တာဖြစ်တယ်။ လီဗာပူးပရိသတ်တွေကတော့ ဘာမှ လုပ်စရာမရှိ ဖြစ်နေချိန်မှာ မီလ်နာရဲ့ လုပ်ဆောင်မှုတွေကိုကြည့်ပြီး သူလုပ်မှပဲ အပျင်းပြေတော့တယ်လို့ ရယ်မောနေကြတာဖြစ်တယ်။

သီတင်းပတ်အကုန်တွေမှာ ဘောလုံးပွဲ မရှိဘူးဆိုတဲ့ အသိနဲ့ နေ့ရက်တွေကို ကျော်ဖြတ်နေရတာ ဘယ်လောက်တောင် ပျင်းစရာကောင်းတဲ့ သီတင်းပတ်တွေလဲဗျာ။

ZAWGYI

ေဘာလံုးပြဲေတြ မရွိပဲ ေက်ာ္ျဖတ္ရတဲ့ သီတင္းပတ္ တစ္ခုကေတာ့ ကုန္ဆံုးသြားျပီျဖစ္ပါတယ္။ အားကစား ႏွစ္သက္သူေတြအတြက္ တကယ္ကို ကေမာက္ကမႏုိင္တဲ့ ကာလတစ္ခုကို ေက်ာ္ျဖတ္ေနရတာျဖစ္တယ္။

ပေရာ္ဖက္ရွင္ ေဘာလံုးသမားေတြကလည္း ရုတ္တရတ္ၾကီး ေဘာလံုး မကန္ရေတာ့တာကို အေတာ္ေလး မေနႏုိင္ မထိုင္ႏုိင္ ျဖစ္ေနၾကတာျဖစ္တယ္။ အိမ္တြင္းပုန္းေနရခ်ိန္မွာ ခ်ိန္ဘာလိန္က သူ႔ေကာင္မေလးနဲ႔ Tik Tok ကစားေနသလို ဖာမင္ႏိုဆိုရင္ ပ်င္းလြန္းလို႔ သီခ်င္းဆိုလိုက္ လက္ေခ်ာင္းေတြနဲ႔ ကစားလိုက္ လုပ္ေနတာေတြကိုေတာင္ အင္စတာဂရမ္မွာ လုပ္ျပေနတာျဖစ္တယ္။

အားလံုးထဲမွာ တမူထူးေနသူကေတာ့ မီလ္နာၾကီးပဲ ျဖစ္ပါတယ္။ သူဟာ ဒီဇင္ဘာလတုန္းက စီနီယာအသင္းသားေတြ နားရက္ရခ်ိန္မွာေတာင္ အန္ဖီးကြင္းထဲမွာ လီဗာပူးနဲ႔ ရွရူဘူရီတို႔ရဲ႕ အက္ဖ္ေအပြဲကိုေတာင္ တက္ေရာက္ ၾကည့္ခဲ့သူပါ။ အခုလို ေလ့က်င့္ေရးပါ ရပ္နားထားရခ်ိန္က သူ႔အတြက္ အေတာ္ ဂြက်ဟန္ ရွိပါတယ္။

ပထမရက္ေတြမွာေတာ့ မီလ္နာက ေအးေဆးပါပဲ။ အက္သလက္တီကို ကို အေရးနိမ့္ခဲ့တာကို စိတ္ပ်က္ေပမယ့္ လီဗာပူးအသင္းသား ျဖစ္ရတာ ဂုဏ္ယူေၾကာင္းေတြနဲ႔ သူ ေျဖသိမ့္ႏုိင္ပါတယ္။ ေနာက္ထပ္ ရက္ေတြၾကာေတာ့ မီလ္နာက ေပါက္ကရေတြ စလုပ္ေတာ့တာပါ။

သူေသာက္ေနက် ေကာ္ဖီထုပ္ေတြကို ရက္အလိုက္ ရာရွင္ခြဲမႈေတြ လုပ္ျပီး ခ်ိန္ဘာလိန္ကိုေတာ့ ေလွ်ာက္ကေနမယ့္အစား တစ္ခုခု လုပ္ဖို႔ တိုက္တြန္းခဲ့ေသးတာပါ။ ေကာ္ဖီထုပ္ေတြ ခြဲရတဲ့ အလုပ္ ျပီးသြားေတာ့ မီလ္နာက အလုပ္သစ္တစ္ခုကို ရွာေတြ႔ခဲ့ျပီလို႔ ေၾကညာခဲ့ပါတယ္။ အဲ့အလုပ္ကေတာ့ သူ႔အိမ္က ျမက္ခင္းကို ကပ္ေၾကးနဲ႔ တစ္ပင္ခ်င္း လိုက္တိေနတဲ့ အလုပ္ပဲ ျဖစ္ပါတယ္။

မီလ္နာက ေပတံတစ္ေခ်ာင္း ကပ္ေၾကးတစ္လက္နဲ႔ ျခံထဲက ျမက္ေတြကို လိုက္တိေနျပီး အန္ဖီးကြင္းကို ထိန္းသိမ္းဖို႔ သူ႔ကို ငွားရင္ ေကာင္းမယ္လို႔ေတာင္ အရႊန္းေဖာက္ခဲ့တာျဖစ္တယ္။ လီဗာပူးပရိသတ္ေတြကေတာ့ ဘာမွ လုပ္စရာမရွိ ျဖစ္ေနခ်ိန္မွာ မီလ္နာရဲ႕ လုပ္ေဆာင္မႈေတြကိုၾကည့္ျပီး သူလုပ္မွပဲ အပ်င္းေျပေတာ့တယ္လို႔ ရယ္ေမာေနၾကတာျဖစ္တယ္။

သီတင္းပတ္အကုန္ေတြမွာ ေဘာလံုးပြဲ မရွိဘူးဆိုတဲ့ အသိနဲ႔ ေန႔ရက္ေတြကို ေက်ာ္ျဖတ္ေနရတာ ဘယ္ေလာက္ေတာင္ ပ်င္းစရာေကာင္းတဲ့ သီတင္းပတ္ေတြလဲဗ်ာ။