လီဗာပူးအသင်းဟာ ကလပ်အသင်းရဲ့ နွေပစ်မှတ် ကစားသမားဖြစ်တဲ့ တူရကီဂိုးသမား Ugurcan Cakir ကို ခေါ်ယူနိုင်ရေးအတွက် အသင်းသားဟောင်း မာတင်စကာတယ်ကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂိုးသမားကို လီဗာပူးဘက်က ချိတ်ဆက်မှု ရှိနေတယ်ဆိုတဲ့ သတင်းတွေက ကြာခဲ့ပြီဖြစ်ပေမယ့် တရားဝင် အခြေအနေထိ မရောက်သေးပါဘူး။ ဒီတစ်ကြိမ် လီဗာပူးက စကာတယ်ကို ဆက်သွယ်မှုဟာ ကစားသမားနဲ့ ပက်သက်တဲ့ အချက်အလက် အချို့ကို ရရှိဖို့လို့ပဲ သိရတာဖြစ်တယ်။

ဒီရာသီ တူရကီ စူပါလိဂ်မှာ ၂၅ ပွဲ ကစားပြီးချိန်အတွင်း တူရကီလက်ရွေးစင် ဂိုးသမားက ကောင်းမွန်တဲ့ လက်စွမ်းတွေ ပြသနိုင်ပါတယ်။ သူနဲ့ ပက်သက်ပြီး စကာတယ်ကတော့ အကောင်းမြင်စရာ အချက်အလက်တွေကို လီဗာပူးကို ပြန်ပေးခဲ့တယ်လို့ သိရတယ်။ စကာတယ်ဟာ လီဗာပူးကနေ ထွက်ခွာပြီးနောက်ပိုင်းမှာ တူရကီလိဂ်မှာ ကျင်လယ်နေသူဖြစ်ပါတယ်။

Cakir ကို ခေါ်ယူမယ်ဆိုရင် မှားယွင်းတဲ့ အကြံဉာဏ် မဖြစ်နိုင်ဘူးလို့ စကာတယ်က ပြန်ဖြေပေးခဲ့ပြီး ဒီသတင်းက အတည်ပြုနိုင်တဲ့ အနေအထားထိတော့ ခိုင်မာခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း တူရကီ သတင်းတွေကတော့ လီဗာပူးနဲ့ Cakir အပြောင်းအရွှေ့ ကိစ္စကို ခိုင်ခိုင်မာမာ ဖော်ပြမှုတွေ ရှိနေတာဖြစ်တယ်။

လီဗာပူးအသင်းဟာ အယ်လီဆန်နောက် ဒုတိယဂိုးသမားအဖြစ်ကော လီဗာပူးရဲ့ ပထမဂိုးသမားနေရာကို ဖိအားပေးဖို့ အတွက်ပါ ဈေးကွက်ထဲ ရှာဖွေနေတာပါ။ Cakir ရဲ့ ငယ်ရွယ်သေးပြီး အလားအလာရှိမှုကို လီဗာပူးဘက်က သဘောကျပေမယ့် သူ့အတွက် ပေါင် ၁၅ သန်း ဝန်းကျင် သုံးရမှာကိုတော့ သိပ်သဘောမတွေ့ဘူးလို့ သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္အသင္းရဲ႕ ေႏြပစ္မွတ္ ကစားသမားျဖစ္တဲ့ တူရကီဂိုးသမား Ugurcan Cakir ကို ေခၚယူႏုိင္ေရးအတြက္ အသင္းသားေဟာင္း မာတင္စကာတယ္ကို ဆက္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမားကို လီဗာပူးဘက္က ခ်ိတ္ဆက္မႈ ရွိေနတယ္ဆိုတဲ့ သတင္းေတြက ၾကာခဲ့ျပီျဖစ္ေပမယ့္ တရားဝင္ အေျခအေနထိ မေရာက္ေသးပါဘူး။ ဒီတစ္ၾကိမ္ လီဗာပူးက စကာတယ္ကို ဆက္သြယ္မႈဟာ ကစားသမားနဲ႔ ပက္သက္တဲ့ အခ်က္အလက္ အခ်ိဳ႕ကို ရရွိဖို႔လို႔ပဲ သိရတာျဖစ္တယ္။

ဒီရာသီ တူရကီ စူပါလိဂ္မွာ ၂၅ ပြဲ ကစားျပီးခ်ိန္အတြင္း တူရကီလက္ေရြးစင္ ဂိုးသမားက ေကာင္းမြန္တဲ့ လက္စြမ္းေတြ ျပသႏုိင္ပါတယ္။ သူနဲ႔ ပက္သက္ျပီး စကာတယ္ကေတာ့ အေကာင္းျမင္စရာ အခ်က္အလက္ေတြကို လီဗာပူးကို ျပန္ေပးခဲ့တယ္လို႔ သိရတယ္။ စကာတယ္ဟာ လီဗာပူးကေန ထြက္ခြာျပီးေနာက္ပိုင္းမွာ တူရကီလိဂ္မွာ က်င္လယ္ေနသူျဖစ္ပါတယ္။

Cakir ကို ေခၚယူမယ္ဆိုရင္ မွားယြင္းတဲ့ အၾကံဥာဏ္ မျဖစ္ႏုိင္ဘူးလို႔ စကာတယ္က ျပန္ေျဖေပးခဲ့ျပီး ဒီသတင္းက အတည္ျပဳႏုိင္တဲ့ အေနအထားထိေတာ့ ခိုင္မာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္လည္း တူရကီ သတင္းေတြကေတာ့ လီဗာပူးနဲ႔ Cakir အေျပာင္းအေရႊ႔ ကိစၥကို ခိုင္ခိုင္မာမာ ေဖာ္ျပမႈေတြ ရွိေနတာျဖစ္တယ္။

လီဗာပူးအသင္းဟာ အယ္လီဆန္ေနာက္ ဒုတိယဂိုးသမားအျဖစ္ေကာ လီဗာပူးရဲ႕ ပထမဂိုးသမားေနရာကို ဖိအားေပးဖို႔ အတြက္ပါ ေစ်းကြက္ထဲ ရွာေဖြေနတာပါ။ Cakir ရဲ႕ ငယ္ရြယ္ေသးျပီး အလားအလာရွိမႈကို လီဗာပူးဘက္က သေဘာက်ေပမယ့္ သူ႔အတြက္ ေပါင္ ၁၅ သန္း ဝန္းက်င္ သံုးရမွာကိုေတာ့ သိပ္သေဘာမေတြ႔ဘူးလို႔ သိထားရတာ ျဖစ္ပါတယ္။