ဥရောပနိုင်ငံတွေ အနေနဲ့ ကိုရိုနာ အန္တရာယ် ကာကွယ်မှုမှာ အတူတကွရှိကြောင်းနဲ့ စုစည်းညီညာမှုကို ပြသဖို့အတွက် စိတ်ဓါတ် တက်ကြွလာစေဖို့ You’ll Never Walk Alone သီချင်းကို တူညီစွာ သီဆိုကြဖို့ တိုက်တွန်းမှု ထွက်ပေါ်လာပါတယ်။

လီဗာပူးအသင်းဟာ You’ll Never Walk Alone သီချင်းကို ကလပ်အသင်း သံပြိုင် သီကြွေးတဲ့ သီချင်းအဖြစ် သက်မှတ်ထားတာပါ။ ဒီသီချင်းဟာ လီဗာပူးပရိသတ်တွေကို ဟေးဘရော့လို ဖြစ်ရပ်မှာ စုစည်းညီညာစွာ ကြံ့ကြံ့ခံနိုင်ဖို့နဲ့ အသင်းပရိသတ်တွေကို စုစည်းစေဖို့ အထောက်အကူဖြစ်စေတဲ့ သီချင်းလည်းဖြစ်ပါတယ်။

ဒီအကြံဉာဏ်ကို ပေးလာသူကတော့ နယ်သာလန် ရေဒီယို အစီအစဉ် တင်ဆက်သူ Sander Hoogendoorn ဖြစ်ပြီး ခက်ခဲတဲ့ အခုလို အချိန်အခါမှာ တူညီတဲ့ သီချင်းကို တူညီတဲ့ အချိန်မှာ ဖွင့်ပြီး ရုန်းကန်နေရမှုတွေကို အတူတကွ တွန်းလှန်ဖို့ တိုက်တွန်းခဲ့တာပါ။

Hoogendoorn ” ဒီ ကပ်ဘေးကို ကျော်လွှားဖို့ ကျနေ်ာတို့ လုပ်နိုင်တာတွေ အားလုံးကို လုပ်ဖို့လိုပါတယ်။ လုပ်နိုင်တာကတော့ ရေဒီယို အစီအစဉ်တွေ လုပ်နိုင်တဲ့ အကန့်အသတ်ထက် ကျော်အောင်လုပ်မှ ရပါမယ်။ ကျနော် တွေးမိတာကတော့ မနက်ပိုင်း ရေဒီယို အစီအစဉ်တွေမှာ တူညီတဲ့ သီချင်းကို တူညီတဲ့ အချိန်မှာ ဘာလို့ မလွှင့်နိုင်ရမှာလဲ?

’ You’ll Never Walk Alone’ သီချင်းကို ကျနေ်ာတို့ ရွှေးချယ်နိုင်ပြီး ကျန်မာရေး အထူးဂရုစိုက်နေရတဲ့ ဖျားနာနေသူတွေ၊ အိမ်ကနေ ထွက်ခွာခွင့် မရှိသူတွေကို ဒီသီချင်းနဲ့အတူ အားပေး နှစ်သိမ့်စကားတွေ ပြောလို့ ရပါတယ် ” လို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

မုန်တိုင်းတွေရဲ့အဆုံးမှာ ရွှေရောင်ကောင်းကင်ကြီး ပေါ်ထွက်လာမှာပါပဲ။ မင်းဟာ တစ်ယောက်ထဲ အထီးမကျန်ရပါဘူးဆိုတဲ့ You’ll Never Walk Alone သီချင်းထဲက စာသားဟာ တစ်ဦးတည်း အထီးကျန်စွာ ရင်ဆိုင်နေရတဲ့ ကိုရိုနာ ကူးဆက်ခံရသူတွေ၊ ဗိုင်းရပ် ကုစားနေရသူတွေကို အားတက်စေမယ်လို့ Hoogendoorn က ယုံကြည်နေတာဖြစ်ပါတယ်။

ZAWGYI

ဥေရာပႏုိင္ငံေတြ အေနနဲ႔ ကိုရိုနာ အႏၱရာယ္ ကာကြယ္မႈမွာ အတူတကြရွိေၾကာင္းနဲ႔ စုစည္းညီညာမႈကို ျပသဖို႔အတြက္ စိတ္ဓါတ္ တက္ၾကြလာေစဖို႔ You’ll Never Walk Alone သီခ်င္းကို တူညီစြာ သီဆိုၾကဖို႔ တိုက္တြန္းမႈ ထြက္ေပၚလာပါတယ္။

လီဗာပူးအသင္းဟာ You’ll Never Walk Alone သီခ်င္းကို ကလပ္အသင္း သံျပိဳင္ သီေၾကြးတဲ့ သီခ်င္းအျဖစ္ သက္မွတ္ထားတာပါ။ ဒီသီခ်င္းဟာ လီဗာပူးပရိသတ္ေတြကို ေဟးဘေရာ့လို ျဖစ္ရပ္မွာ စုစည္းညီညာစြာ ၾကံ႕ၾကံ႕ခံႏုိင္ဖို႔နဲ႔ အသင္းပရိသတ္ေတြကို စုစည္းေစဖို႔ အေထာက္အကူျဖစ္ေစတဲ့ သီခ်င္းလည္းျဖစ္ပါတယ္။

ဒီအၾကံဥာဏ္ကို ေပးလာသူကေတာ့ နယ္သာလန္ ေရဒီယို အစီအစဥ္ တင္ဆက္သူ Sander Hoogendoorn ျဖစ္ျပီး ခက္ခဲတဲ့ အခုလို အခ်ိန္အခါမွာ တူညီတဲ့ သီခ်င္းကို တူညီတဲ့ အခ်ိန္မွာ ဖြင့္ျပီး ရုန္းကန္ေနရမႈေတြကို အတူတကြ တြန္းလွန္ဖို႔ တိုက္တြန္းခဲ့တာပါ။

Hoogendoorn ” ဒီ ကပ္ေဘးကို ေက်ာ္လႊားဖို႔ က်ေန္ာတို႔ လုပ္ႏုိင္တာေတြ အားလံုးကို လုပ္ဖို႔လိုပါတယ္။ လုပ္ႏုိင္တာကေတာ့ ေရဒီယို အစီအစဥ္ေတြ လုပ္ႏုိင္တဲ့ အကန္႔အသတ္ထက္ ေက်ာ္ေအာင္လုပ္မွ ရပါမယ္။ က်ေနာ္ ေတြးမိတာကေတာ့ မနက္ပိုင္း ေရဒီယို အစီအစဥ္ေတြမွာ တူညီတဲ့ သီခ်င္းကို တူညီတဲ့ အခ်ိန္မွာ ဘာလို႔ မလႊင့္ႏုိင္ရမွာလဲ?

’ You’ll Never Walk Alone’ သီခ်င္းကို က်ေန္ာတုိ႔ ေရႊးခ်ယ္ႏုိင္ျပီး က်န္မာေရး အထူးဂရုစိုက္ေနရတဲ့ ဖ်ားနာေနသူေတြ၊ အိမ္ကေန ထြက္ခြာခြင့္ မရွိသူေတြကို ဒီသီခ်င္းနဲ႔အတူ အားေပး ႏွစ္သိမ့္စကားေတြ ေျပာလို႔ ရပါတယ္ ” လို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

မုန္တိုင္းေတြရဲ႔အဆံုးမွာ ေရႊေရာင္ေကာင္းကင္ၾကီး ေပၚထြက္လာမွာပါပဲ။ မင္းဟာ တစ္ေယာက္ထဲ အထီးမက်န္ရပါဘူးဆိုတဲ့ You’ll Never Walk Alone သီခ်င္းထဲက စာသားဟာ တစ္ဦးတည္း အထီးက်န္စြာ ရင္ဆုိင္ေနရတဲ့ ကိုရိုနာ ကူးဆက္ခံရသူေတြ၊ ဗုိင္းရပ္ ကုစားေနရသူေတြကို အားတက္ေစမယ္လို႔ Hoogendoorn က ယံုၾကည္ေနတာျဖစ္ပါတယ္။