ဗန်ဒိုက်က “ ခက်ခဲတဲ့ ဒီလို အချိန်အခါမှာ လူတိုင်း အဆင်ပြေနေစေဖို့ မျှော်လင့်တဲ့ ဒီ ဆုတောင်းစကားလေးကို ပေးပို့လိုပါတယ်။ ကမ္ဘာတစ်ဝန်း ခက်ခဲမှုတွေ ရှိနေတဲ့ ဒီလို အခြေအနေမှာ ငါတို့ အချင်းချင်း ကူညီ စောင့်ရှောက်မှုတွေ လုပ်ရမှာဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းကင်း နေကြပါ။ ငါတို့ ပြန်လာမှာပါ။ You’ll Never Walk Alone ” လို့ လီဗာပူးပရိသတ်တွေကို သတင်းပေးစကား ပို့ခဲ့ပါတယ်။

လီဗာပူးမြို့မှာ နေအိမ်အတွင်းမှာပဲ နေထိုင်ပြီး ကျန်မားရေးဆိုင်ရာ သတိထားမှုတွေ လုပ်နေရတဲ့ မာနေးဟာ ဇာတိမြေဖြစ်တဲ့ ဆီနီဂေါကို ကိုရိုနာအန္တရာယ် ကာကွယ်မှုအတွက် ယူရို ၄၅၀၀၀ လှူဒါန်းမှု ပြုလုပ်သွားပါတယ်။

ယူအီးအက်ဖ်အေ ဥက္ကဌဖြစ်သူ Ceferin က ဒီရာသီကို ဒီရာသီကို အဆုံးသတ်နိုင်အောင် ဆက်လက် တွန်းအားပေးမှာဖြစ်ပြီး ဒီရာသီ အမှတ်ပေးပြိုင်ပွဲတွေကို မူလအတိုင်းပဲ ချန်ပီယံအသင်း တန်းတက် တန်းဆင်း အသင်းတွေကို အတည်ပြုပေးနိုင်ဖို့ ဆက်လက် ယှဉ်ပြိုင်စေမယ်လို့ အတည်ပြုထားတယ်။

လီဗာပူးက ဆန်ချိုကို မခေါ်ဘူးလို့ သူမပြောလိုပေမယ့် သန်း ၁၂၀ သုံးရမယ့် အင်္ဂလန်သား တိုက်စစ်သမားကို ပုံပေးပြီး ခေါ်ဖို့ထက် ဝါနာအတွက် ၅၁ သန်း ပေးဖို့ပဲ ဦးစားပေးမယ်လို့ လီဗာပူးသတင်းထောက် ပီယာ့စ်က ထပ်မံ ပြောလာပါတယ်။ အပြောင်းအရွှေ့က တရားဝင်တော့ လှုပ်ရှားမှု မရှိသေးဘူးလို့လည်း သိရပါတယ်။

လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG ကတော့ အနာဂတ် ကလပ်အသင်း မန်နေဂျာနေရာအတွက် လက်ရှိ မန်နေဂျာကလော့ပ်ရဲ့ လက်ထောက်ဖြစ်တဲ့ ပပ်လင်ဒါးနဲ့ လိုက်ဇစ်အသင်းကို ကိုင်တွယ်နေတဲ့ နေဂဲလ်စမန်းတို့ကို သဘောတွေ့နေတယ်လို့ သိရပါတယ်။

အသင်း ဝါင့်ကစားသမားကြီး မီလ်နာက ကိုရိုနာကြောင့် အိမ်မှာပဲ စောင့်ကြည့်နေရတဲ့ အနေအထားမှာ အလုပ်သစ်တစ်ခုကို ရှာတွေ့ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ အဲ့အလုပ်ကတော့ သူ့အိမ်က မြက်ခင်းကို ကပ်ကြေးနဲ့ တစ်ပင်ချင်း လိုက်တိနေတဲ့ အလုပ်ပဲ ဖြစ်ကြောင်း အရွှန်ဖောက်သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဆုဖလား အနိုင်ရပါက အောင်ပွဲခံမယ့် အစီအစဉ်ကို နောက်ဆုတ်ထားပါတယ်။ မြို့အတွင်း လူဦးရည် အရမ်း ထူထပ်စေမယ့် အနေအထားမျိုးကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။

ZAWGYI

ဗန္ဒိုက္က “ ခက္ခဲတဲ့ ဒီလို အခ်ိန္အခါမွာ လူတိုင္း အဆင္ေျပေနေစဖို႔ ေမွ်ာ္လင့္တဲ့ ဒီ ဆုေတာင္းစကားေလးကို ေပးပို႔လိုပါတယ္။ ကမၻာတစ္ဝန္း ခက္ခဲမႈေတြ ရွိေနတဲ့ ဒီလို အေျခအေနမွာ ငါတို႔ အခ်င္းခ်င္း ကူညီ ေစာင့္ေရွာက္မႈေတြ လုပ္ရမွာျဖစ္ပါတယ္။ ေဘးအႏၱရာယ္ကင္းကင္း ေနၾကပါ။ ငါတို႔ ျပန္လာမွာပါ။ You’ll Never Walk Alone ” လို႔ လီဗာပူးပရိသတ္ေတြကို သတင္းေပးစကား ပို႔ခဲ့ပါတယ္။

လီဗာပူးျမိဳ႕မွာ ေနအိမ္အတြင္းမွာပဲ ေနထိုင္ျပီး က်န္မားေရးဆိုင္ရာ သတိထားမႈေတြ လုပ္ေနရတဲ့ မာေနးဟာ ဇာတိေျမျဖစ္တဲ့ ဆီနီေဂါကို ကိုရိုနာအႏၱရာယ္ ကာကြယ္မႈအတြက္ ယူရို ၄၅၀၀၀ လွဴဒါန္းမႈ ျပဳလုပ္သြားပါတယ္။

ယူအီးအက္ဖ္ေအ ဥကၠဌျဖစ္သူ Ceferin က ဒီရာသီကို ဒီရာသီကို အဆံုးသတ္ႏုိင္ေအာင္ ဆက္လက္ တြန္းအားေပးမွာျဖစ္ျပီး ဒီရာသီ အမွတ္ေပးျပိဳင္ပြဲေတြကို မူလအတိုင္းပဲ ခ်န္ပီယံအသင္း တန္းတက္ တန္းဆင္း အသင္းေတြကို အတည္ျပဳေပးႏုိင္ဖို႔ ဆက္လက္ ယွဥ္ျပိဳင္ေစမယ္လို႔ အတည္ျပဳထားတယ္။

လီဗာပူးက ဆန္ခ်ိဳကို မေခၚဘူးလို႔ သူမေျပာလိုေပမယ့္ သန္း ၁၂၀ သံုးရမယ့္ အဂၤလန္သား တိုက္စစ္သမားကို ပံုေပးျပီး ေခၚဖို႔ထက္ ဝါနာအတြက္ ၅၁ သန္း ေပးဖို႔ပဲ ဦးစားေပးမယ္လို႔ လီဗာပူးသတင္းေထာက္ ပီယာ့စ္က ထပ္မံ ေျပာလာပါတယ္။ အေျပာင္းအေရႊ႔က တရားဝင္ေတာ့ လႈပ္ရွားမႈ မရွိေသးဘူးလို႔လည္း သိရပါတယ္။

လီဗာပူးပိုင္ရွင္ေတြျဖစ္တဲ့ FSG ကေတာ့ အနာဂတ္ ကလပ္အသင္း မန္ေနဂ်ာေနရာအတြက္ လက္ရွိ မန္ေနဂ်ာကေလာ့ပ္ရဲ႕ လက္ေထာက္ျဖစ္တဲ့ ပပ္လင္ဒါးနဲ႔ လိုက္ဇစ္အသင္းကို ကိုင္တြယ္ေနတဲ့ ေနဂဲလ္စမန္းတို႔ကို သေဘာေတြ႔ေနတယ္လုိ႔ သိရပါတယ္။

အသင္း ဝါင့္ကစားသမားၾကီး မီလ္နာက ကိုရိုနာေၾကာင့္ အိမ္မွာပဲ ေစာင့္ၾကည့္ေနရတဲ့ အေနအထားမွာ အလုပ္သစ္တစ္ခုကို ရွာေတြ႔ခဲ့ျပီလို႔ ေၾကညာခဲ့ပါတယ္။ အဲ့အလုပ္ကေတာ့ သူ႔အိမ္က ျမက္ခင္းကို ကပ္ေၾကးနဲ႔ တစ္ပင္ခ်င္း လိုက္တိေနတဲ့ အလုပ္ပဲ ျဖစ္ေၾကာင္း အရႊန္ေဖာက္သြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ဆုဖလား အႏုိင္ရပါက ေအာင္ပြဲခံမယ့္ အစီအစဥ္ကို ေနာက္ဆုတ္ထားပါတယ္။ ျမိဳ႕အတြင္း လူဦးရည္ အရမ္း ထူထပ္ေစမယ့္ အေနအထားမ်ိဳးကို ေရွာင္ရွားဖို႔ ျဖစ္ပါတယ္။