လီဗာပူးအသင်း ဗဟိုခံစစ်မှူး ဗန်ဒိုက်က အာဂျင်တီးနား ကြယ်ပွင့် ကစားသမား နှစ်ဦးဟာ သူ့အတွက် အကြီးမားဆုံး စမ်းသပ်မှု တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုလာခဲ့ပါတယ်။ ဗန်ဒိုက်က တွစ်တာကနေ အမေးအဖြေ အစီအစဉ်မှာ သူ့ရဲ့ အခက်ခဲဆုံး ပြိုင်ဘက်တွေ အကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်က လီယွန်နယ် မက်ဆီက သူ့အတွက် အခက်ခဲဆုံး ရင်ဆိုင်ဖူးတဲ့ ပြိုင်ဘက် ကစားသမား ဖြစ်တြယ်လို့ ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဗန်ဒိုက်ဟာ မက်ဆီနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့မှာ ဆုံခဲ့ဖူးပါတယ်။ ပထမ အကျော့မှာ ၃-၀ နဲ့ ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ တော့ လီဗာပူးက နာမည်ကျော် come back နိုင်ပွဲ အဖြစ် ၄-၀ နဲ့ ပြန်လည် အနိုင်ယူနိုင်ခဲ့ပါတယ်။

ထိုစဉ်က ဘာစီလိုနာကို ကျော်ဖြတ်ကာ လီဗာပူးတို့ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပေမယ့် ဗန်ဒိုက်ကတော့ မက်ဆီရဲ့ စွမ်းဆောင်ရည်က သူ ရင်ဆိုင်ရ ခက်ခဲခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

” ရင်ဆိုင်ရ ခက်ခဲတဲ့ တိုက်စစ်သမားတွေ ရှိပါတယ် ဒါပေမယ့် မက်ဆီက တော်တော် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်မယ်။ ” လို့ ဗန်ဒိုက်က ဆိုပါတယ်။ ဒါပေမယ့် သူ့အတွက် အခက်ဆုံး လူကပ် ကစားရတာကတော့ မက်ဆီ မဟုတ်ဘဲ မန်စီးတီး တိုက်စစ်မှူး အဂွယ်ရို ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက် ပေါ့ပေါ့ပါးပါး မေးခွန်းတချို့ကိုလည်း ဟော်လန်သားက ဖြေကြားခဲ့ပါတယ်။ ၎င်းရဲ့ ကစားသမားဘ၀ အကြိုက်ဆုံး အခိုက်အတန့်များကို ဖြေကြားခဲ့ရာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် စတင် ပွဲထွက်ခွင့် ရတဲ့ အချိန်၊ နိုင်ငံအသင်း အတွက် စကစားခွင့် ရချိန်နဲ့ မက်ဒရစ်က ဖိုင်နယ်ပွဲတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်က ဒီရာသီ လီဗာပူးအသင်း အတွက် ပရီးမီးယားလိဂ်ပွဲ ၂၉ ပွဲ ပါဝင်ကစားထားကာ ၄ ဂိုး သွင်းယူထားပါတယ်။ ၎င်းက အသင်းရဲ့ ဒီရာသီ ချန်ပီယံလိဂ် ပွဲစဉ် ၈ ပွဲမှာလည်း ပွဲတိုင်း ပွဲထွက် ကစားခွင့် ရထားသူပါ။

Zawgyi – လီဗာပူးအသင္း ဗဟိုခံစစ္မွဴး ဗန္ဒိုက္က အာဂ်င္တီးနား ၾကယ္ပြင့္ ကစားသမား နွစ္ဦးဟာ သူ႔အတြက္ အၾကီးမားဆံုး စမ္းသပ္မႈ တစ္ခု ျဖစ္ခဲ့တယ္လို႔ ဆိုလာခဲ့ပါတယ္။ ဗန္ဒိုက္က တြစ္တာကေန အေမးအေျဖ အစီအစဥ္မွာ သူ႔ရဲ႕ အခက္ခဲဆံုး ျပိဳင္ဘက္ေတြ အေၾကာင္း ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။

ဗန္ဒုိက္က လီယြန္နယ္ မက္ဆီက သူ႔အတြက္ အခက္ခဲဆံုး ရင္ဆိုင္ဖူးတဲ့ ျပိဳင္ဘက္ ကစားသမား ျဖစ္ျတယ္လို႔ ဆိုခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီက ဗန္ဒိုက္ဟာ မက္ဆီနဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ နွစ္ေက်ာ့မွာ ဆံုခဲ့ဖူးပါတယ္။ ပထမ အေက်ာ့မွာ ၃-၀ နဲ႕ ရွံဳးခဲ့ေပမယ့္ ဒုတိယအေက်ာ့မွာ ေတာ့ လီဗာပူးက နာမည္ေက်ာ္ come back နုိင္ပြဲ အျဖစ္ ၄-၀ နဲ႕ ျပန္လည္ အနိုင္ယူနုိင္ခဲ့ပါတယ္။

ထိုစဥ္က ဘာစီလိုနာကို ေက်ာ္ျဖတ္ကာ လီဗာပူးတို႔ ဗိုလ္လုပြဲ တက္နုိင္ခဲ့ေပမယ့္ ဗန္ဒိုက္ကေတာ့ မက္ဆီရဲ႕ စြမ္းေဆာင္ရည္က သူ ရင္ဆိုင္ရ ခက္ခဲခဲ့ေၾကာင္း ၀န္ခံခဲ့ပါတယ္။

” ရင္ဆိုင္ရ ခက္ခဲတဲ့ တိုက္စစ္သမားေတြ ရွိပါတယ္ ဒါေပမယ့္ မက္ဆီက ေတာ္ေတာ္ ခက္ခဲတဲ့ ျပိဳင္ဘက္ ျဖစ္မယ္။ ” လို႔ ဗန္ဒိုုက္က ဆိုပါတယ္။ ဒါေပမယ့္ သူ႔အတြက္ အခက္ဆံုး လူကပ္ ကစားရတာကေတာ့ မက္ဆီ မဟုတ္ဘဲ မန္စီးတီး တိုက္စစ္မွဴး အဂြယ္ရို ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

အဲဒီေနာက္ ေပါ့ေပါ့ပါးပါး ေမးခြန္းတခ်ိဳ႕ကိုလည္း ေဟာ္လန္သားက ေျဖၾကားခဲ့ပါတယ္။ ၄င္းရဲ႕ ကစားသမားဘ၀ အၾကိဳက္ဆံုး အခိုက္အတန္႔မ်ားကို ေျဖၾကားခဲ့ရာ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားအျဖစ္ စတင္ ပြဲထြက္ခြင့္ ရတဲ့ အခ်ိန္၊ နုိင္ငံအသင္း အတြက္ စကစားခြင့္ ရခ်ိန္နဲ႕ မက္ဒရစ္က ဖိုင္နယ္ပြဲေတြ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဗန္ဒိုက္က ဒီရာသီ လီဗာပူးအသငး္ အတြက္ ပရီးမီးယားလိဂ္ပြဲ ၂၉ ပြဲ ပါ၀င္ကစားထားကာ ၄ ဂိုး သြင္းယူထားပါတယ္။ ၄င္းက အသင္းရဲ႕ ဒီရာသီ ခ်န္ပီယံလိဂ္ ပြဲစဥ္ ၈ ပြဲမွာလည္း ပြဲတိုင္း ပြဲထြက္ ကစားခြင့္ ရထားသူပါ။