လီဗာပူးအသင်း နည်းပြ ယာဂင်ကလော့ပ်က ၎င်းဟာ အသင်း ကစားသမားတွေနဲ့ ပတ်သတ်ပြီး အသေးစိတ် စိတ်ဝင်စားမှုရှိကာ တစ်နေ့လုံး တွေးတောနေတဲ့ အပြင် ညဘက် အိပ်နေရင်းတောင် တွေးမိနေလောက်ကြောင်း ထုတ်ဖော် ပြောဆိုမှု ပြုလုပ်လာပါတယ်။

ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ ရပ်နားရချိန်မှာ ကလော့ပ်က ကြံ့ခိုင်မှု ပြည့်၀ ကောင်းမွန်နေတဲ့ ကစားသမားတွေကို အိမ်မှာပဲ တစ်ဦးချင်းစီ လေ့ကျင့်ဖို့ ညွှန်ကြားထားက ဂရုချက်ကနေပဲ ဆက်သွယ်မှုတွေ ပြုလုပ်နေပါတယ်။ ဒါက နိုင်ငံတကာ သီတင်းပတ်၊ နွေအားလပ်ရက်လို ပုံစံမျိုး ဖြစ်လို့ နေပါတယ်။

လီဗာပူးအသင်း ထရိန်နင်ဟာ ပြီးခဲ့တဲ့အပတ် သောကြာနေ့တည်းက ပိတ်ထားခဲ့ပေမယ့် ဒီကြာသပတေးနေ့မှာ ပြန်ဖွင့်ခဲ့ပြီး ဒဏ်ရာ ရှိ ကစားသမားတွေ ဖြစ်တဲ့ အယ်လစ်ဆန် (တင်ပါး)၊ ရှာကွီရီ (ခြေသလုံး)၊ ကလိုင်း (ဒူး)နဲ့ လာရိုစီ (ပေါင်ခြံ) တို့ကို ပြန်ခေါ်ခဲ့ကာ လိုအပ်တဲ့ ကုသမှုတွေ ပြုလုပ်ပေးပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ပြိုင်ပွဲ ဆက်လက် ကျင်းပမှာ ဖြစ်ပေမယ့် အနည်းဆုံး ဧပြီ ၃၀ ထိ ရပ်နားထားပြီ ဖြစ်ကာ အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားတာကြောင့် ချန်ပီယံ ဖြစ်ဖို့ အခြေအနေအကောင်းဆုံးမှာ ရှိနေတဲ့ လီဗာပူးအသင်းအတွက် ကလော့ပ်နဲ့ နည်းပြ အဖွဲ့ဝင်တွေက ကစားသမားတွေကို ဖိဖိစီးစီး စီမံထိန်းကွပ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။

” အိပ်နေတဲ့အချိန်ကလွဲလို့ တစ်နေ့တုန်း ကျနော့် ကစားသမားတွေ အကြောင်းပဲ တွေးနေတယ်။ အိပ်နေတုန်းတောင် ပါချင်ပါလိမ့်မယ်။ ကျနော်လည်း ဒီလို မဖြစ်ချင်ဘူး။ ဒါပေမယ့် ခင်ဗျားတို့ အားလုံး သိထားသလိုပဲ အခြေအနေတွေက ဖြစ်နေပြီ။ ကျနော့် အတွက် အရေးကြီးဆုံးက ကစားသမားတွေဟာ အကောင်းဆုံး ပုံစံမှာ ရှိနေ ထိန်းသိမ်းထားနေနိုင်ဖို့ပဲ ဖြစ်တယ်။

ဒီလို ပြောတဲ့နေရာမှာ လေ့ကျင့်မှုတွေ အပြင် အာဟာရပိုင်း အစားအသောက်နဲ့ နည်းစနစ်တွေပိုင်းလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အခု ရင်ဆိုင်နေရတဲ့ အခြေအနေ အကြောင်းကြောင်းတွေကြောင့် သူတို့က အိမ်မှာ နေရဖို့ ဖြစ်လာပြီ။ ဒါက ပုံမှန်ဘဝလိုပဲ ဒါပေမယ့် ဒါတွေက စွမ်းဆောင်ရည်ပိုင်းကို သက်ရောက်မှု ရှိမယ်။

အခုလို ပြောနေတာက ကျနော် စိတ်ဝင်စားချင်ယောင် ဆောင်နေတာ မဟုတ်ဘူး။ တကယ်ကို စိတ်ဝင်တစား တွေးတောနေရတာ။ မင်း ဘယ်သူနဲ့ အလုပ်လုပ်နေရတယ်.. ဘယ်သူတွေက ဘာတွေ တွေးနေရတယ်ဆိုတာ သိနေရဖို့က အရေးကြီးတယ်။ ကျနော့် အနေနဲ့ ကစားသမားတွေကို သိနေဖို့ လိုအပ်တယ်။ ဒါကလည်း ခင်မင်ရင်းနှီးမှုတွေကို တည်ဆောက်ပေးပါတယ်။ သူတို့က ကျနော့်ကို စကားပြောနိုင်တယ် ဒါက အမြဲ အရေးပါတယ်။ ” လို့ ကလော့ပ်က သူ စိတ်ပူနေတဲ့ အကြောင်းများ အကြောင်း ဖွင့်ဟခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္း နည္းျပ ယာဂင္ကေလာ့ပ္က ၄င္းဟာ အသင္း ကစားသမားေတြနဲ႕ ပတ္သတ္ျပီး အေသးစိတ္ စိတ္၀င္စားမႈရွိကာ တစ္ေန႔လံုး ေတြးေတာေနတဲ့ အျပင္ ညဘက္ အိပ္ေနရင္းေတာင္ ေတြးမိေနေလာက္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုမႈ ျပဳလုပ္လာပါတယ္။

ပရီးမီးယားလိဂ္ ေဘာလံုးပြဲေတြ ရပ္နားရခ်ိန္မွာ ကေလာ့ပ္က ၾကံ႕ခိုင္မႈ ျပည့္၀ ေကာင္းမြန္ေနတဲ့ ကစားသမားေတြကို အိမ္မွာပဲ တစ္ဦးခ်င္းစီ ေလ့က်င့္ဖို႔ ညႊန္ၾကားထားက ဂရုခ်က္ကေနပဲ ဆက္သြယ္မႈေတြ ျပဳလုပ္ေနပါတယ္။ ဒါက နုိင္ငံတကာ သီတင္းပတ္၊ ေႏြအားလပ္ရက္လို ပံုစံမ်ိဳး ျဖစ္လို႔ ေနပါတယ္။

လီဗာပူးအသင္း ထရိန္နင္ဟာ ျပီးခဲ့တဲ့အပတ္ ေသာၾကာေန႔တည္းက ပိတ္ထားခဲ့ေပမယ့္ ဒီၾကာသပေတးေန႔မွာ ျပန္ဖြင့္ခဲ့ျပီး ဒဏ္ရာ ရွိ ကစားသမားေတြ ျဖစ္တဲ့ အယ္လစ္ဆန္ (တင္ပါး)၊ ရွာကြီရီ (ေျခသလံုး)၊ ကလိုင္း (ဒူး)နဲ႕ လာရိုစီ (ေပါင္ျခံ) တို႔ကို ျပန္ေခၚခဲ့ကာ လိုအပ္တဲ့ ကုသမႈေတြ ျပဳလုပ္ေပးျပီ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ ျပိဳင္ပြဲ ဆက္လက္ က်င္းပမွာ ျဖစ္ေပမယ့္ အနည္းဆံုး ဧျပီ ၃၀ ထိ ရပ္နားထားျပီ ျဖစ္ကာ အကန္႔အသတ္ မရွိ ေရႊ႕ဆိုင္းထားတာေၾကာင့္ ခ်န္ပီယံ ျဖစ္ဖို႔ အေျခအေနအေကာင္းဆံုးမွာ ရွိေနတဲ့ လီဗာပူးအသင္းအတြက္ ကေလာ့ပ္နဲ႕ နည္းျပ အဖြဲ႕၀င္ေတြက ကစားသမားေတြကို ဖိဖိစီးစီး စီမံထိန္းကြပ္နုိင္ဖို႔လည္း လိုအပ္ေနပါတယ္။

” အိပ္ေနတဲ့အခ်ိန္ကလြဲလို႔ တစ္ေန႔တုန္း က်ေနာ့္ ကစားသမားေတြ အေၾကာင္းပဲ ေတြးေနတယ္။ အိပ္ေနတုန္းေတာင္ ပါခ်င္ပါလိမ့္မယ္။ က်ေနာ္လည္း ဒီလို မျဖစ္ခ်င္ဘူး။ ဒါေပမယ့္ ခင္ဗ်ားတို႔ အားလံုး သိထားသလိုပဲ အေျခအေနေတြက ျဖစ္ေနျပီ။ က်ေနာ့္ အတြက္ အေရးၾကီးဆံုးက ကစားသမားေတြဟာ အေကာင္းဆံုး ပံုစံမွာ ရွိေန ထိန္းသိမ္းထားေနနုိင္ဖို႔ပဲ ျဖစ္တယ္။

ဒီလို ေျပာတဲ့ေနရာမွာ ေလ့က်င့္မႈေတြ အျပင္ အာဟာရပိုင္း အစားအေသာက္နဲ႕ နည္းစနစ္ေတြပိုင္းလည္း ပါ၀င္ပါတယ္။ ဒါေပမယ့္ အခု ရင္ဆုိင္ေနရတဲ့ အေျခအေန အေၾကာင္းေၾကာင္းေတြေၾကာင့္ သူတို႔က အိမ္မွာ ေနရဖို႔ ျဖစ္လာျပီ။ ဒါက ပံုမွန္ဘ၀လိုပဲ ဒါေပမယ့္ ဒါေတြက စြမ္းေဆာင္ရည္ပိုင္းကို သက္ေရာက္မႈ ရွိမယ္။

အခုလို ေျပာေနတာက က်ေနာ္ စိတ္၀င္စားခ်င္ေယာင္ ေဆာင္ေနတာ မဟုတ္္ဘူး။ တကယ္ကို စိတ္၀င္တစား ေတြးေတာေနရတာ။ မင္း ဘယ္သူနဲ႕ အလုပ္လုပ္ေနရတယ္.. ဘယ္သူေတြက ဘာေတြ ေတြးေနရတယ္ဆိုတာ သိေနရဖို႔က အေရးၾကီးတယ္။ က်ေနာ့္ အေနနဲ႕ ကစားသမားေတြကို သိေနဖို႔ လိုအပ္တယ္။ ဒါကလည္း ခင္မင္ရင္းနွီးမႈေတြကို တည္ေဆာက္ေပးပါတယ္။ သူတို႔က က်ေနာ့္ကို စကားေျပာနုိင္တယ္ ဒါက အျမဲ အေရးပါတယ္။ ” လို႔ ကေလာ့ပ္က သူ စိတ္ပူေနတဲ့ အေၾကာင္းမ်ား အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။