လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ တီမိုဝါနာကို ခေါ်ယူဖို့ ဦးစားပေး သက်မှတ်ထားပေမယ့် မအောင်မြင်ခဲ့ရင် ဘာစီလိုနာအသင်းမှ လူငယ်တိုက်စစ်သမား ဒမ်ဘီလီကို ခေါ်ယူလိမ့်မယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေကို ကိုးကားပြီး ဒေးလီးမေလ်းက ဖော်ပြပါတယ်။

လီဗာပူးဟာ တီမိုဝါနာကို နှစ်သက်ပြီး အပြောင်းအရွှေ့ဆိုင်ရာ ကမ်းလှမ်းမှုတွေအတွက် အချိန်ပေးဖို့ လိုက်ဇစ်ကို တောင်းဆိုထားပါတယ်။ လိုက်ဇစ်ဘက်ကလည်း ဝါနာကို ရောင်းချပေးဖို့ရာ လီဗာပူးကို ဦးစားပေးမှာဖြစ်ပြီး ယူရို ၄၅ သန်းလောက်နဲ့ ဈေးချပေးမယ်ဆိုတဲ့ သတင်းတွေလည်း သိထားရတာဖြစ်တယ်။

စပိန်သတင်းတွေမှာတော့ မန်နေဂျာကလော့ပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ဒမ်ဘီလီကိုလည်း နှစ်သက်နေဆဲလို့ ဖော်ပြပါတယ်။ ဒေါ့မွန်မှာ အလုပ်တွဲလုပ်ခွင့် မရခဲ့တဲ့ ပြင်သစ်သားကို လီဗာပူးထံ ခေါ်ယူဖို့အား ယာဂင်ကလောပ့်က အမြဲတမ်း စိတ်ဝင်စားပါတယ်လို့ ၎င်းသတင်းက ဆိုပါတယ်။

နေမာနေရာ အစားဝင်မှုအဖြစ် ဘာစီလိုနာကို ယူရို ၁၀၅ သန်းဖြင့် ပြောင်းခဲ့တဲ့ ဒမ်ဘီလီဟာ ပြိုင်ပွဲစုံ ၇၄ ပွဲမှာ သွင်းဂိုး ၁၉ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၁၇ ကြိမ် လုပ်ထားနိုင်သူပါ။ ဒီရာသီဟာ ပြင်သစ်သားရဲ့ တတိယမြောက် လာလီဂါ ဘောလုံးရာသီဖြစ်ပြီး သူဟာ အဓိက ပွဲထွက်နေရာကို မယူနိုင်သေးပါဘူး။

ဈေးကွက်တန်ကြေး ယူရို ၅၆ သန်း ဝန်းကျင်ထိ ဈေးကျဆင်းနေတဲ့ ဒမ်ဘီလီရဲ့ တိုးတက်မလာတဲ့ အနေအထားကို စိတ်ကုန်နေတဲ့ ဘာစီလိုနာက ဒီနွေမှာ ကော်တင်ညိုနည်းတူ ရောင်းထုတ်သွားမှာဖြစ်တယ်။ ဒမ်ဘီလီအတွက် ဘာစီလိုနာရဲ့ သက်မှတ်ပြောင်းရွှေ့ကြေးက ပေါင် ၃၇ သန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ တီမိုဝါနာကို ေခၚယူဖို႔ ဦးစားေပး သက္မွတ္ထားေပမယ့္ မေအာင္ျမင္ခဲ့ရင္ ဘာစီလိုနာအသင္းမွ လူငယ္တိုက္စစ္သမား ဒမ္ဘီလီကို ေခၚယူလိမ့္မယ္လို႔ စပိန္အေျခစိုက္ သတင္းဌာနေတြကို ကိုးကားျပီး ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

လီဗာပူးဟာ တီမိုဝါနာကို ႏွစ္သက္ျပီး အေျပာင္းအေရႊ႔ဆိုင္ရာ ကမ္းလွမ္းမႈေတြအတြက္ အခ်ိန္ေပးဖို႔ လိုက္ဇစ္ကို ေတာင္းဆိုထားပါတယ္။ လိုက္ဇစ္ဘက္ကလည္း ဝါနာကို ေရာင္းခ်ေပးဖို႔ရာ လီဗာပူးကို ဦးစားေပးမွာျဖစ္ျပီး ယူရို ၄၅ သန္းေလာက္နဲ႔ ေစ်းခ်ေပးမယ္ဆိုတဲ့ သတင္းေတြလည္း သိထားရတာျဖစ္တယ္။

စပိန္သတင္းေတြမွာေတာ့ မန္ေနဂ်ာကေလာ့ပ္ဟာ ၂၀၁၇ ခုႏွစ္တုန္းက ေခၚယူဖို႔ ၾကိဳးစားခဲ့ျပီး မေအာင္ျမင္ခဲ့တဲ့ ဒမ္ဘီလီကိုလည္း ႏွစ္သက္ေနဆဲလို႔ ေဖာ္ျပပါတယ္။ ေဒါ့မြန္မွာ အလုပ္တြဲလုပ္ခြင့္ မရခဲ့တဲ့ ျပင္သစ္သားကို လီဗာပူးထံ ေခၚယူဖို႔အား ယာဂင္ကေလာပ့္က အျမဲတမ္း စိတ္ဝင္စားပါတယ္လို႔ ၄င္းသတင္းက ဆိုပါတယ္။

ေနမာေနရာ အစားဝင္မႈအျဖစ္ ဘာစီလိုနာကို ယူရို ၁၀၅ သန္းျဖင့္ ေျပာင္းခဲ့တဲ့ ဒမ္ဘီလီဟာ ျပိဳင္ပြဲစံု ၇၄ ပြဲမွာ သြင္းဂိုး ၁၉ ဂိုး သြင္းျပီး ဂိုးေထာက္ပံ့မႈ ၁၇ ၾကိမ္ လုပ္ထားႏုိင္သူပါ။ ဒီရာသီဟာ ျပင္သစ္သားရဲ႕ တတိယေျမာက္ လာလီဂါ ေဘာလံုးရာသီျဖစ္ျပီး သူဟာ အဓိက ပြဲထြက္ေနရာကို မယူႏုိင္ေသးပါဘူး။

ေစ်းကြက္တန္ေၾကး ယူရို ၅၆ သန္း ဝန္းက်င္ထိ ေစ်းက်ဆင္းေနတဲ့ ဒမ္ဘီလီရဲ႕ တိုးတက္မလာတဲ့ အေနအထားကို စိတ္ကုန္ေနတဲ့ ဘာစီလိုနာက ဒီေႏြမွာ ေကာ္တင္ညိဳနည္းတူ ေရာင္းထုတ္သြားမွာျဖစ္တယ္။ ဒမ္ဘီလီအတြက္ ဘာစီလိုနာရဲ႕ သက္မွတ္ေျပာင္းေရႊ႔ေၾကးက ေပါင္ ၃၇ သန္း ျဖစ္တယ္လို႔လည္း သိရပါတယ္။