လီဗာပူးအခြေစိုက် သတင်းဌာနတွေက နွေအပြောင်းအရွှေ့မှာ ပေါ်လစီပိုင်းကို အနည်းငယ် ပြောင်းလဲပြီး ကလပ်အတွက် အံဝင်နိုင်တဲ့ ဝါရင့်ကစားသမားမျိုးကို ခေါ်ယူဖို့ရာ မတွန့်ဆုတ်ဖို့ တိုက်တွန်းနေကြပါတယ်။

လီဗာပူးဟာ တီမိုဝါနာကို ခေါ်ယူဖို့ အလေးပေး ကြိုးစားမှာ ဖြစ်ပေမယ့် ရာသီ မကုန်သိမ်ခင် အချိန်ထိ စာချုပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို လုပ်ဆောင်ဦးမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ကို ပြန်လည် စတင်ဖို့ ခွင့်ပြုထားပေမယ့် နွေဈေးကွက် ဖွင့်ချိန်ကို အတည်မပြု နိုင်သေးခြင်းကလည်း အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။

ဒီဘက် နှစ်နှစ်အတွင်း လီဗာပူးက ဗန်ဒိုက်၊ အယ်လီဆန်၊ ဖာဘင်ညို၊ ကီတာတို့ကို ခေါ်ယူမှုကြီးတွေအဖြစ် လုပ်ဆောင်ထားခဲ့တယ်။ ဒါ့အပြင် မာနေး၊ ဆာလက်တို့လို ကစားသမားတွေကိုလည်း ပြောင်းရွှေ့ကြေးကောင်းတွေနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ ဂိုးသမားတွေကလွဲလို့ အရွယ်ကောင်းတွေဖြစ်ပြီး ကစားသမားဘဝ နောက်ဆုံး အချိန်တွေကို ရောက်နေတဲ့ ၃၀ အထက် ကစားသမားမျိုး မပါခဲ့ပါဘူး။

လီဗာပူးအသင်းမှာ တစ်ခုတည်းသော ထောက်ပြစရာ ချွင်းချက်က အရန်အင်အား နည်းပါးခြင်းပဲဖြစ်တယ်။ လက်ရှိ လူစာရင်း ရှာကွီရီ၊ အိုရီဂီလို ကစားသမားတွေက ပွဲထွက်လူစာရင်းကို ဖိအားပေးဖို့ဆိုတာ တစ်ဆင့်နိမ့်နေတဲ့ အနေအထားဖြစ်တယ်။ ဒီလို အခြေအနေမှာ ချယ်ဆီးကနေ ထွက်ခွာရမယ့် တောင်ပံသမား ဝီလီယမ်နဲ့ လီဗာပူးက သတင်းထွက်ထားပါတယ်။

ဝီလီယမ်ဟာ ပရီးမီးယားလိဂ်မှာ ဝါရင့်တစ်ဦးဖြစ်ကာ သူဟာ အင်္ဂလန်မှာ ကျင်လယ်လာတာ ၇ နှစ် ရှိခဲ့ပါပြီ။ ၄-၃-၃ ကစားကွက်မှာ တိုက်စစ်ပိုင်း ဘယ်နေရာမဆို ကစားနိုင်ကာ သူ့ရဲ့ စွမ်းဆောင်ရည်အရ ဘယ်တောင်ပံ၊ ညာတောင်ပံတွေမှာ ဆာလက်၊ မာနေးတို့ကို ဖိအားပေးနိုင်စွမ်း ရှိနေဆဲ ကစားသမားဖြစ်တယ်။

လီဗာပူးဟာ စွယ်စုံရ ကွင်းလယ်လူ မီလ်နာရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှု၊ အသင်းအပေါ် ဦးဆောင်နိုင်မှုတွေကြောင့် သက်တမ်းတိုးထားခဲ့တယ်။ ဒီလို အနေအထားမှာ သြဂုတ်လမှာ အသက် ၃၂ နှစ်ပြည့်မယ့် ဝီလီယမ်ကို ခေါ်ယူပြီး အရန်အင်အားကို ဖြည့်တင်းသင့်ကြောင်း ထောက်ခံမှုတွေ ရှိနေပါတယ်။

ဝီလီယမ်ဟာ ချယ်ဆီးမှာ တစ်ပတ်ကို လုပ်ခ ပေါင် ၁၂၀၀၀၀ ရနေတာကတော့ လီဗာပူးအတွက် စဉ်းစားစရာ ကိစ္စတစ်ခုပါ။ သို့ပေမယ့် နွေအပြောင်းအရွှေ့ကို အသုံးစရိတ်ထုတ်ဖို့ ခက်ခဲမယ်ဆိုရင် ဝီလီယမ်လို ကစားသမားကို နှစ်ရာသီ စာချုပ်ဖြင့် ခေါ်ယူမယ်ဆိုတာက ကလပ်ကို ထိခိုက်မှုထက် အကျိုးဖြစ်မှု များစေဖို့လည်း မျှော်လင့်နိုင်တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအေျခစိုက္ သတင္းဌာနေတြက ေႏြအေျပာင္းအေရႊ႔မွာ ေပၚလစီပိုင္းကို အနည္းငယ္ ေျပာင္းလဲျပီး ကလပ္အတြက္ အံဝင္ႏုိင္တဲ့ ဝါရင့္ကစားသမားမ်ိဳးကို ေခၚယူဖို႔ရာ မတြန္႔ဆုတ္ဖို႔ တိုက္တြန္းေနၾကပါတယ္။

လီဗာပူးဟာ တီမိုဝါနာကို ေခၚယူဖို႔ အေလးေပး ၾကိဳးစားမွာ ျဖစ္ေပမယ့္ ရာသီ မကုန္သိမ္ခင္ အခ်ိန္ထိ စာခ်ဳပ္ပိုင္းဆိုင္ရာ ကိစၥေတြကို လုပ္ေဆာင္ဦးမွာ မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္ကို ျပန္လည္ စတင္ဖို႔ ခြင့္ျပဳထားေပမယ့္ ေႏြေစ်းကြက္ ဖြင့္ခ်ိန္ကို အတည္မျပဳ ႏုိင္ေသးျခင္းကလည္း အေၾကာင္းရင္းတစ္ခ်က္ ျဖစ္ပါတယ္။

ဒီဘက္ ႏွစ္ႏွစ္အတြင္း လီဗာပူးက ဗန္ဒိုက္၊ အယ္လီဆန္၊ ဖာဘင္ညိဳ၊ ကီတာတို႔ကို ေခၚယူမႈၾကီးေတြအျဖစ္ လုပ္ေဆာင္ထားခဲ့တယ္။ ဒါ့အျပင္ မာေနး၊ ဆာလက္တို႔လို ကစားသမားေတြကိုလည္း ေျပာင္းေရႊ႔ေၾကးေကာင္းေတြနဲ႔ ေခၚယူထားခဲ့ပါတယ္။ ဒါေပမယ့္ လီဗာပူးအသင္း ေခၚယူခဲ့တဲ့ ကစားသမားေတြဟာ ဂိုးသမားေတြကလြဲလို႔ အရြယ္ေကာင္းေတြျဖစ္ျပီး ကစားသမားဘဝ ေနာက္ဆံုး အခ်ိန္ေတြကို ေရာက္ေနတဲ့ ၃၀ အထက္ ကစားသမားမ်ိဳး မပါခဲ့ပါဘူး။

လီဗာပူးအသင္းမွာ တစ္ခုတည္းေသာ ေထာက္ျပစရာ ခၽြင္းခ်က္က အရန္အင္အား နည္းပါးျခင္းပဲျဖစ္တယ္။ လက္ရွိ လူစာရင္း ရွာကီြရီ၊ အိုရီဂီလို ကစားသမားေတြက ပြဲထြက္လူစာရင္းကို ဖိအားေပးဖို႔ဆိုတာ တစ္ဆင့္နိမ့္ေနတဲ့ အေနအထားျဖစ္တယ္။ ဒီလို အေျခအေနမွာ ခ်ယ္ဆီးကေန ထြက္ခြာရမယ့္ ေတာင္ပံသမား ဝီလီယမ္နဲ႔ လီဗာပူးက သတင္းထြက္ထားပါတယ္။

ဝီလီယမ္ဟာ ပရီးမီးယားလိဂ္မွာ ဝါရင့္တစ္ဦးျဖစ္ကာ သူဟာ အဂၤလန္မွာ က်င္လယ္လာတာ ၇ ႏွစ္ ရွိခဲ့ပါျပီ။ ၄-၃-၃ ကစားကြက္မွာ တိုက္စစ္ပိုင္း ဘယ္ေနရာမဆို ကစားႏုိင္ကာ သူ႔ရဲ႕ စြမ္းေဆာင္ရည္အရ ဘယ္ေတာင္ပံ၊ ညာေတာင္ပံေတြမွာ ဆာလက္၊ မာေနးတို႔ကို ဖိအားေပးႏုိင္စြမ္း ရွိေနဆဲ ကစားသမားျဖစ္တယ္။

လီဗာပူးဟာ စြယ္စံုရ ကြင္းလယ္လူ မီလ္နာရဲ႕ ပေရာ္ဖက္ရွင္နယ္ဆန္မႈ၊ အသင္းအေပၚ ဦးေဆာင္ႏုိင္မႈေတြေၾကာင့္ သက္တမ္းတိုးထားခဲ့တယ္။ ဒီလို အေနအထားမွာ ၾသဂုတ္လမွာ အသက္ ၃၂ ႏွစ္ျပည့္မယ့္ ဝီလီယမ္ကို ေခၚယူျပီး အရန္အင္အားကို ျဖည့္တင္းသင့္ေၾကာင္း ေထာက္ခံမႈေတြ ရွိေနပါတယ္။

ဝီလီယမ္ဟာ ခ်ယ္ဆီးမွာ တစ္ပတ္ကို လုပ္ခ ေပါင္ ၁၂၀၀၀၀ ရေနတာကေတာ့ လီဗာပူးအတြက္ စဥ္းစားစရာ ကိစၥတစ္ခုပါ။ သို႔ေပမယ့္ ေႏြအေျပာင္းအေရႊ႔ကို အသံုးစရိတ္ထုတ္ဖို႔ ခက္ခဲမယ္ဆိုရင္ ဝီလီယမ္လို ကစားသမားကို ႏွစ္ရာသီ စာခ်ဳပ္ျဖင့္ ေခၚယူမယ္ဆိုတာက ကလပ္ကို ထိခိုက္မႈထက္ အက်ိဳးျဖစ္မႈ မ်ားေစဖို႔လည္း ေမွ်ာ္လင့္ႏုိင္တာ ျဖစ္ပါတယ္။