ဒီရာသီ အောက်တိုဘာလတုန်းက လီဗာပူးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းပွဲမှာ လီဗာပူးကြယ်ပွင့် နီကိုး ဝီလီယမ်ဟာ စီနီယာပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

ညာအစွန်လူဟာ လူငယ်အဆင့်မှာ ခြေစွမ်း ပြနေပေမယ့် စီနီယာအဆင့် အတွေ့အကြုံ နည်းပါးသူပါ။ လီဗာပူးမန်နေဂျာက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်လို ပြိုင်ပွဲတွေအပြင် ဒီဇင်ဘာလမှာ ယှဉ်ပြိုင်ရမယ့် ကလပ် ကမ္ဘာဖလားပြိုင်ပွဲတွေအတွက် ကစားအားကို ထိန်းဖို့ ရည်ရွယ်ပြီး ကလပ်ပွဲတွေမှာ နီကိုးအပြင် လူငယ်တွေကိုပဲ အသားပေး အသုံးပြုဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်။

နီကိုး ဝီလီယမ်က “ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲ မတိုင်ခင် တစ်ပတ် အလိုတည်းက ပါဝင်ကစားရမယ်ဆိုတာ ကျနော် သိနေခဲ့တယ်။ လေ့ကျင့်ရေးကို လာတော့ အဲ့ပွဲအကြောင်းကို စဉ်းစားပြီး ကျနော် ကြောက်ရွံ့နေတယ်ဆိုတဲ့ မန်နေဂျာက သတိထားမိခဲ့ပါတယ်။

မန်နေဂျာက ကျနော်ကို တစ်ဦးတည်း ခေါ်တွေ့ခဲ့ပြီး ‘မင်းရဲ့ ပုံမှန်ပွဲအတိုင်းပဲ ကစား၊ ယူ-၂၃ အသင်းမှာ မင်းကစားနေသလိုပဲ ကစား၊ ယုံကြည်မှုရှိရှိ ကစားကွာ ဒီပွဲအတွက် မင်းမှာ ဘာဖိအားမှ မရှိဘူး’ ဆိုပြီး ပွဲမတိုင်ခင် ကျနော်ကို စကားတွေ ပြောပေးခဲ့တယ်။

မန်နေဂျာက ကိုယ်ကို အဲ့လို ခေါ်တွေ့ပြီး ကိုယ်ပုခုံးပေါ်မှာ ဝန်ပိနေတဲ့ ဖိအားတွေကို ဖယ်ရှာပေးခဲ့တယ်။ ယုံကြည်မှုရှိရှိနဲ့ ကစားဖို့ကိုလည်း အားပေးသွားခဲ့တယ် ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။

အာဆင်နယ်ပွဲမှာတော့ နီကိုးဟာ ပွဲကို ၅-၅ ဖြစ်စေမယ့် အိုရီဂီရဲ့ နောက်ဆုံး ခြေပဂိုးအတွက် ဂိုးထောက်ပံ့မှုကို အကောင်းဆုံး လုပ်ပေးနိုင်ခဲ့သလို ညာအစွန်ကနေပြီး သူဟာ အခွင့်အရေး ဖန်တီးမှုတွေ အများအပြား လုပ်ပြနိုင်ခဲ့တယ်။ အဲ့သည်ပွဲနောက်ပိုင်း တောက်ပလာတဲ့ ခြေစွမ်းတွေကြောင့်ပဲ လာမယ့်ရာသီမှာ အငှားမချဘဲ စီနီယာအသင်းမှာ အသုံးပြုဖို့ ကလော့ပ်က ရွေးချယ်ထားခြင်းကို ခံထားရပြီ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီ ေအာက္တိုဘာလတုန္းက လီဗာပူးနဲ႔ အာဆင္နယ္တို႔ ယွဥ္ျပိဳင္ကစားတဲ့ ကာရာေဘာင္းပြဲမွာ လီဗာပူးၾကယ္ပြင့္ နီကိုး ဝီလီယမ္ဟာ စီနီယာပြဲထြက္ခြင့္ ရရွိခဲ့ပါတယ္။

ညာအစြန္လူဟာ လူငယ္အဆင့္မွာ ေျခစြမ္း ျပေနေပမယ့္ စီနီယာအဆင့္ အေတြ႔အၾကံဳ နည္းပါးသူပါ။ လီဗာပူးမန္ေနဂ်ာက ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္လို ျပိဳင္ပြဲေတြအျပင္ ဒီဇင္ဘာလမွာ ယွဥ္ျပိဳင္ရမယ့္ ကလပ္ ကမၻာဖလားျပိဳင္ပြဲေတြအတြက္ ကစားအားကို ထိန္းဖို႔ ရည္ရြယ္ျပီး ကလပ္ပြဲေတြမွာ နီကိုးအျပင္ လူငယ္ေတြကိုပဲ အသားေပး အသံုးျပဳဖို႔ ရည္ရြယ္ခဲ့တာျဖစ္တယ္။

နီကိုး ဝီလီယမ္က “ အာဆင္နယ္နဲ႔ ယွဥ္ျပိဳင္ကစားရမယ့္ပြဲ မတိုင္ခင္ တစ္ပတ္ အလိုတည္းက ပါဝင္ကစားရမယ္ဆိုတာ က်ေနာ္ သိေနခဲ့တယ္။ ေလ့က်င့္ေရးကို လာေတာ့ အဲ့ပြဲအေၾကာင္းကို စဥ္းစားျပီး က်ေနာ္ ေၾကာက္ရြံ႔ေနတယ္ဆိုတဲ့ မန္ေနဂ်ာက သတိထားမိခဲ့ပါတယ္။

မန္ေနဂ်ာက က်ေနာ္ကို တစ္ဦးတည္း ေခၚေတြ႔ခဲ့ျပီး ‘မင္းရဲ႕ ပံုမွန္ပြဲအတိုင္းပဲ ကစား၊ ယူ-၂၃ အသင္းမွာ မင္းကစားေနသလိုပဲ ကစား၊ ယံုၾကည္မႈရွိရွိ ကစားကြာ ဒီပြဲအတြက္ မင္းမွာ ဘာဖိအားမွ မရွိဘူး’ ဆိုျပီး ပြဲမတိုင္ခင္ က်ေနာ္ကို စကားေတြ ေျပာေပးခဲ့တယ္။

မန္ေနဂ်ာက ကိုယ္ကို အဲ့လို ေခၚေတြ႔ျပီး ကိုယ္ပုခံုးေပၚမွာ ဝန္ပိေနတဲ့ ဖိအားေတြကို ဖယ္ရွာေပးခဲ့တယ္။ ယံုၾကည္မႈရွိရွိနဲ႔ ကစားဖို႔ကိုလည္း အားေပးသြားခဲ့တယ္ ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။

အာဆင္နယ္ပြဲမွာေတာ့ နီကိုးဟာ ပြဲကို ၅-၅ ျဖစ္ေစမယ့္ အိုရီဂီရဲ႕ ေနာက္ဆံုး ေျခပဂိုးအတြက္ ဂိုးေထာက္ပံ့မႈကို အေကာင္းဆံုး လုပ္ေပးႏုိင္ခဲ့သလို ညာအစြန္ကေနျပီး သူဟာ အခြင့္အေရး ဖန္တီးမႈေတြ အမ်ားအျပား လုပ္ျပႏုိင္ခဲ့တယ္။ အဲ့သည္ပြဲေနာက္ပိုင္း ေတာက္ပလာတဲ့ ေျခစြမ္းေတြေၾကာင့္ပဲ လာမယ့္ရာသီမွာ အငွားမခ်ဘဲ စီနီယာအသင္းမွာ အသံုးျပဳဖို႔ ကေလာ့ပ္က ေရြးခ်ယ္ထားျခင္းကို ခံထားရျပီ ျဖစ္ပါတယ္။