မနှစ်က နွေအပြောင်းအရွှေ့မှာ ဖူလ်ဟမ်တိုက်စစ်သမားလေး အီးလီးယော့ကို လီဗာပူးမတိုင်ခင် ကမ်းလှမ်းခဲ့တဲ့ အသင်းထဲမှာ ရီးရဲလ်မက်ဒရစ်လည်း ပါဝင်ပါတယ်။

စပိန်ကလပ်ဟာ အီလီယော့ကို ခေါ်ယူဖို့အတွက် ၎င်းတို့ရဲ့ ကိုယ်စားလှယ်တွေကို ညိနှိုင်းဖို့ စေလွှတ်ခဲ့စဉ်မှာ အီလီယာ့ရဲ့ အိမ်နံရံမှာ မြင်ရတာတွေထဲက ၎င်းတို့အသင်း အသင်းခေါင်းဆောင် ရားမိုစ့်ရဲ့ ဂျာစီကိုပါ မြင့်ခဲ့ရတယ်။ ဒါကြောင့် ရီးရဲလ်ဘက်က သက်တော်ရှည် ကစားသမားနဲ့ မိတ်ဆက်ပေးမယ်ဆိုတဲ့ မက်လုံးကိုပါ ပေးခဲ့တာဖြစ်တယ်။

အဲ့သည်မှာပဲ အီးလီးယော့ပ်က “ မလိုဘူး၊ ရတယ်။ ကျေးဇူးတင်တယ်။ မိုဆာလက်ကို သူလုပ်ခဲ့တာကြောင့် သူ့ကို မကြိုက်တော့ဘူး ” လို့ တုန့်ပြန်ခဲ့တယ်။ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေက အဲ့သည်လို့ တုန့်ပြန်ခံရမယ်လို့ မမျှော်လင့်ခဲ့ကြောင်း The Athletic မှ သတင်းထောက် ဂျိမ်းပရိုက်က ထုတ်ဖော် ရေးသားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဗိုလ်လုပွဲမှာ အီလီယော့ဟာ မိသားစုဝင်တွေနဲ့အတူ ကိဗ်ကိုသွားပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြည့်ခဲ့ကြတယ်။ ရာမိုစ့်ရဲ့ လုပ်ရပ်ကြာင့် ဆာလက် ဒဏ်ရာရခဲ့ခြင်းကိုလည်း သူတို့ မြင်တွေ့ခဲ့ရတာဖြစ်တယ်။ ဒါဟာ မိသားစုလိုက် လီဗာပူးကို အမာခံ အားပေးကြတဲ့ အီလီယော့မိသားစုကို ရီးရဲလ်မက်ဒရစ်အား မျက်မှောင့်ကျိုးဖို့ ဖြစ်စေခဲ့ပါတယ်။

ဖူလ်ဟမ်ကနေ ထွက်ခွာမယ့် အီလီယော့ကို ရီးရဲလ်မက်ဒရစ်၊ ပီအက်ဂျီအပြင် လန်ဒန်ကလပ်တွေ ကလည်း ကမ်းလှမ်းခဲ့သေးတာပါ။ ဒါပေမယ့် ထိုစဉ် ပေါ်တူဂီကို စာမေးပွဲအပြီး မိသားစုလိုက် ခရီးထွက်နေတဲ့ အီလီယော့ထံ လီဗာပူးထံက ကမ်းလှမ်းမှု ရောက်လာခဲ့တယ်။ လူငယ်လေးက သူ တစ်ဘဝလုံး အားပေးရတဲ့ လီဗာပူးကို ပြောင်းခွင့်အတွက် ပျော်ပျော်ကြီး ရွေးချယ်ခဲ့တာဖြစ်တယ်။

အီလီယော့ကပဲ “ ကျနော် အရမ်း အံ့အားသင့်ခဲ့ရတယ်။ ကြားကြားချင်း ယုံတောင် မယုံနိုင်ခဲ့ပါဘူး ” လို့ ဝန်ခံခဲ့ပါတယ်။

ဧပရယ်ကမှ အသက် ၁၇ နှစ် ပြည့်ခဲ့တဲ့ အီလီယော့ကို လီဗာပူးက လာမယ့် အပတ်တွေမှာ ပရော်ဖက်ရှင်နယ် စာချုပ်အဖြစ် သုံးနှစ် သက်တမ်းတိုးစာချုပ် ပေးသွားတော့မှာဖြစ်တယ်။ သူ့အတွက် အကယ်ဒမီကြေး မသက်မှတ်ရသေးပေမယ့် လီဗာပူးက ဖူလ်ဟမ်ကို ပေါင် ၇ သန်း ပေးရဖွယ် ရှိပါတယ်။

ZAWGYI

မႏွစ္က ေႏြအေျပာင္းအေရႊ႔မွာ ဖူလ္ဟမ္တိုက္စစ္သမားေလး အီးလီးေယာ့ကို လီဗာပူးမတိုင္ခင္ ကမ္းလွမ္းခဲ့တဲ့ အသင္းထဲမွာ ရီးရဲလ္မက္ဒရစ္လည္း ပါဝင္ပါတယ္။

စပိန္ကလပ္ဟာ အီလီေယာ့ကို ေခၚယူဖို႔အတြက္ ၄င္းတို႔ရဲ႕ ကိုယ္စားလွယ္ေတြကို ညိႏိႈင္းဖို႔ ေစလႊတ္ခဲ့စဥ္မွာ အီလီယာ့ရဲ႕ အိမ္နံရံမွာ ျမင္ရတာေတြထဲက ၄င္းတို႔အသင္း အသင္းေခါင္းေဆာင္ ရားမိုစ့္ရဲ႕ ဂ်ာစီကိုပါ ျမင့္ခဲ့ရတယ္။ ဒါေၾကာင့္ ရီးရဲလ္ဘက္က သက္ေတာ္ရွည္ ကစားသမားနဲ႔ မိတ္ဆက္ေပးမယ္ဆိုတဲ့ မက္လံုးကိုပါ ေပးခဲ့တာျဖစ္တယ္။

အဲ့သည္မွာပဲ အီးလီးေယာ့ပ္က “ မလိုဘူး၊ ရတယ္။ ေက်းဇူးတင္တယ္။ မိုဆာလက္ကို သူလုပ္ခဲ့တာေၾကာင့္ သူ႔ကို မၾကိဳက္ေတာ့ဘူး ” လို႔ တုန္႔ျပန္ခဲ့တယ္။ ရီးရဲလ္မက္ဒရစ္ တာဝန္ရွိသူေတြက အဲ့သည္လို႔ တုန္႔ျပန္ခံရမယ္လို႔ မေမွ်ာ္လင့္ခဲ့ေၾကာင္း The Athletic မွ သတင္းေထာက္ ဂ်ိမ္းပရိုက္က ထုတ္ေဖာ္ ေရးသားခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ ဗိုလ္လုပြဲမွာ အီလီေယာ့ဟာ မိသားစုဝင္ေတြနဲ႔အတူ ကိဗ္ကိုသြားျပီး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ၾကည့္ခဲ့ၾကတယ္။ ရာမိုစ့္ရဲ႕ လုပ္ရပ္ၾကာင့္ ဆာလက္ ဒဏ္ရာရခဲ့ျခင္းကိုလည္း သူတို႔ ျမင္ေတြ႔ခဲ့ရတာျဖစ္တယ္။ ဒါဟာ မိသားစုလိုက္ လီဗာပူးကို အမာခံ အားေပးၾကတဲ့ အီလီေယာ့မိသားစုကို ရီးရဲလ္မက္ဒရစ္အား မ်က္ေမွာင့္က်ိဳးဖို႔ ျဖစ္ေစခဲ့ပါတယ္။

ဖူလ္ဟမ္ကေန ထြက္ခြာမယ့္ အီလီေယာ့ကို ရီးရဲလ္မက္ဒရစ္၊ ပီအက္ဂ်ီအျပင္ လန္ဒန္ကလပ္ေတြ ကလည္း ကမ္းလွမ္းခဲ့ေသးတာပါ။ ဒါေပမယ့္ ထိုစဥ္ ေပၚတူဂီကို စာေမးပြဲအျပီး မိသားစုလိုက္ ခရီးထြက္ေနတဲ့ အီလီေယာ့ထံ လီဗာပူးထံက ကမ္းလွမ္းမႈ ေရာက္လာခဲ့တယ္။ လူငယ္ေလးက သူ တစ္ဘဝလံုး အားေပးရတဲ့ လီဗာပူးကို ေျပာင္းခြင့္အတြက္ ေပ်ာ္ေပ်ာ္ၾကီး ေရြးခ်ယ္ခဲ့တာျဖစ္တယ္။

အီလီေယာ့ကပဲ “ က်ေနာ္ အရမ္း အံ့အားသင့္ခဲ့ရတယ္။ ၾကားၾကားခ်င္း ယံုေတာင္ မယံုႏုိင္ခဲ့ပါဘူး ” လို႔ ဝန္ခံခဲ့ပါတယ္။

ဧပရယ္ကမွ အသက္ ၁၇ ႏွစ္ ျပည့္ခဲ့တဲ့ အီလီေယာ့ကို လီဗာပူးက လာမယ့္ အပတ္ေတြမွာ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္အျဖစ္ သံုးႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ေပးသြားေတာ့မွာျဖစ္တယ္။ သူ႔အတြက္ အကယ္ဒမီေၾကး မသက္မွတ္ရေသးေပမယ့္ လီဗာပူးက ဖူလ္ဟမ္ကို ေပါင္ ၇ သန္း ေပးရဖြယ္ ရွိပါတယ္။