လီဗာပူးအတွက် ကစားပေးရတာကို အရမ်း ဂုဏ်ယူပါတယ်လို့ ပြောဆိုလာသူက ကွင်းလယ် ကစားသမားဟောင်းကြီး ဘီနာယောင်းပဲ ဖြစ်ပါတယ်။

အစ္စရေး ကစားသမားဟောင်းဟာ လီဗာပူးအတွက် ၂၀၀၇ ကနေ ၂၀၁၀ အတွင်းမှာ ပွဲပေါင်း ၁၃၄ ပွဲထိ ကစားခဲ့ပြီး သွင်းဂိုး ၂၉ ဂိုးထိ သွင်းယူနိုင်ခဲ့တယ်။ ဘောလုံးပရိသတ်တွေ မသိကြတဲ့ အချက်တစ်ခုက သူဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေပြိုင်ပွဲ သုံးခုလုံးမှာ hat-trick သွင်းယူနိုင်တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ကစားသမား ဖြစ်ပါတယ်။

“ ဟုတ်ပါတယ်။ လီဗာပူးမှာ အမှတ်တရကောင်းတွေ ရှိတာအတွက် ကံကောင်းလှပါတယ်။ အဲ့သည် hat-trick တွေနဲ့အတူပဲ ကျနော်က ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေပွဲ ပြိုင်ပွဲသုံးခုလုံးကို hat-trick သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဆိုတာကို အံ့အားသင့်ဖွယ် သိခဲ့ရပါတယ်။

နှစ်အနည်းငယ်ကြာတော့ ဟယ်ရီကိန်းနဲ့ နောက်ထပ် ကစားသမားတစ်ဦးက ဒီစာရင်းထဲ ပါဝင်လာခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် ပြိုင်ပွဲ သုံးခုလုံးမှာ hat-trick သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော လီဗာပူးကစားသမား ဖြစ်နေဆဲဆိုတာက ဂုဏ်ယူစရာပါပဲ။

ဖူလ်ဟမ်ကို သွင်းယူခဲ့တဲ့ ဂိုးကို မှတ်မိပါသေးတယ်။ ကျနေ်ာတို့ လိဂ်ကို အနိုင်ရတော့မယ်လို့ ပျော်ရွှင်ခဲ့ရပြီး ရူးလောက်အောင် အောင်ပွဲခံခဲ့ကြတယ်။ ကံမကောင်းတာက အဲ့နောက်မှာ ယူနိုက်တက်က နိုင်ပွဲတွေ ပြန်ရပြီး လိဂ်ကို ဦးဆောင်သွားခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအတွက် သုံးနှစ်ကြာ ကစားရပြီး အနီရောင်ဂျာစီ ဝတ်ရတာကို ဂုဏ်ယူပါတယ်။

ကျနော်ကို အခု ကျနော် အားကစားဒါရိုက်တာ လုပ်နေတဲ့ ဂျေရူဆလင် အသင်းက လူတွေက မေးကြတယ်။ ဘာလို့များ လီဗာပူးက အခြားအသင်းတွေထက် ပိုထူးနေတယ်လို့ ပြောကြတာလဲတဲ့။ ကျနော်ကတော့ မင်းတို့ အန်ဖီးကွင်းကိုသွားပြီး ဥမင်ကနေ တစ်ဆင့် ကွင်းထဲကို ဝင်မှပဲ ပရိသတ်တွေထံကရတဲ့ အားပေးမှုနဲ့အတူ ဒီခံစားချက်ကို နားလည်လိမ့်မယ်။

လီဗာပူးအသင်းနဲ့ ပက်သက်ပြီး ခံစားချက်ကို သိလိုရင် ဒီနည်းလမ်း တစ်ခုပဲရှိတယ်။ ကျနော်အတွက်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ခံစားချက်ပါပဲ ” လို့ ကလပ်အသင်း ဝဘ်ဆိုဒ်ကနေ ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအတြက္ ကစားေပးရတာကို အရမ္း ဂုဏ္ယူပါတယ္လို႔ ေျပာဆိုလာသူက ကြင္းလယ္ ကစားသမားေဟာင္းၾကီး ဘီနာေယာင္းပဲ ျဖစ္ပါတယ္။

အစၥေရး ကစားသမားေဟာင္းဟာ လီဗာပူးအတြက္ ၂၀၀၇ ကေန ၂၀၁၀ အတြင္းမွာ ပြဲေပါင္း ၁၃၄ ပြဲထိ ကစားခဲ့ျပီး သြင္းဂိုး ၂၉ ဂိုးထိ သြင္းယူႏုိင္ခဲ့တယ္။ ေဘာလံုးပရိသတ္ေတြ မသိၾကတဲ့ အခ်က္တစ္ခုက သူဟာ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအျပိဳင္ပြဲ သံုးခုလံုးမွာ hat-trick သြင္းယူႏုိင္တဲ့ ပထမဆံုးေသာ ပရီးမီးယားလိဂ္ ကစားသမား ျဖစ္ပါတယ္။

“ ဟုတ္ပါတယ္။ လီဗာပူးမွာ အမွတ္တရေကာင္းေတြ ရွိတာအတြက္ ကံေကာင္းလွပါတယ္။ အဲ့သည္ hat-trick ေတြနဲ႔အတူပဲ က်ေနာ္က ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအပြဲ ျပိဳင္ပြဲသံုးခုလံုးကို hat-trick သြင္းယူႏုိင္တဲ့ တစ္ဦးတည္းေသာ ကစားသမားဆိုတာကို အံ့အားသင့္ဖြယ္ သိခဲ့ရပါတယ္။

ႏွစ္အနည္းငယ္ၾကာေတာ့ ဟယ္ရီကိန္းနဲ႔ ေနာက္ထပ္ ကစားသမားတစ္ဦးက ဒီစာရင္းထဲ ပါဝင္လာခဲ့တယ္လို႔ သိရတယ္။ ဒါေပမယ့္ ျပိဳင္ပြဲ သံုးခုလံုးမွာ hat-trick သြင္းယူႏုိင္တဲ့ တစ္ဦးတည္းေသာ လီဗာပူးကစားသမား ျဖစ္ေနဆဲဆိုတာက ဂုဏ္ယူစရာပါပဲ။

ဖူလ္ဟမ္ကို သြင္းယူခဲ့တဲ့ ဂိုးကို မွတ္မိပါေသးတယ္။ က်ေန္ာတို႔ လိဂ္ကို အႏုိင္ရေတာ့မယ္လို႔ ေပ်ာ္ရႊင္ခဲ့ရျပီး ရူးေလာက္ေအာင္ ေအာင္ပြဲခံခဲ့ၾကတယ္။ ကံမေကာင္းတာက အဲ့ေနာက္မွာ ယူႏုိက္တက္က ႏုိင္ပြဲေတြ ျပန္ရျပီး လိဂ္ကို ဦးေဆာင္သြားခဲ့ပါတယ္။ ဒါေပမယ့္ လီဗာပူးအတြက္ သံုးႏွစ္ၾကာ ကစားရျပီး အနီေရာင္ဂ်ာစီ ဝတ္ရတာကို ဂုဏ္ယူပါတယ္။

က်ေနာ္ကို အခု က်ေနာ္ အားကစားဒါရိုက္တာ လုပ္ေနတဲ့ ေဂ်ရူဆလင္ အသင္းက လူေတြက ေမးၾကတယ္။ ဘာလို႔မ်ား လီဗာပူးက အျခားအသင္းေတြထက္ ပိုထူးေနတယ္လို႔ ေျပာၾကတာလဲတဲ့။ က်ေနာ္ကေတာ့ မင္းတို႔ အန္ဖီးကြင္းကိုသြားျပီး ဥမင္ကေန တစ္ဆင့္ ကြင္းထဲကို ဝင္မွပဲ ပရိသတ္ေတြထံကရတဲ့ အားေပးမႈနဲ႔အတူ ဒီခံစားခ်က္ကို နားလည္လိမ့္မယ္။

လီဗာပူးအသင္းနဲ႔ ပက္သက္ျပီး ခံစားခ်က္ကို သိလိုရင္ ဒီနည္းလမ္း တစ္ခုပဲရွိတယ္။ က်ေနာ္အတြက္ေတာ့ ကမၻာေပၚမွာ အေကာင္းဆံုး ခံစားခ်က္ပါပဲ ” လို႔ ကလပ္အသင္း ဝဘ္ဆိုဒ္ကေန ဖြင့္ဟသြားခဲ့တာျဖစ္ပါတယ္။