ဗြိတိန်အစိုးရဘက်က ဘောလုံးဆိုင်ရာ ရဲအဖွဲ့အား ဝင်မပါစေပဲ ဒေသဆိုင်ရာ ရဲအဖွဲ့အား သက်ဆိုင်ရာ ဒေသမှာ ထိန်းချုပ်ခွင့်တွေ ပေးမှာဖြစ်လို့ လီဗာပူးရဲ့ ပွဲကစားခွင့်တွေက အကောင်းမြင်စရာ ဖြစ်လာပါတယ်။

ဒီအပတ်မှာပဲ ဗြိတိန် ဘောလုံးဆိုင်ရာ ရဲအရာရှိတွေနဲ့ ရဲတပ်ဖွဲ့ကနေပြီး လီဗာပူးပွဲ အများအပြားပါတဲ့ ပွဲစဉ်တွေကို ကြားကွင်းတွေထံ ရွှေ့ပြီး ကစားဖို့ တောင်းဆိုခဲ့တာပါ။ လီဗာပူးဘက်ကတော့ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်ကို ပူးပေါင်း လုပ်ဆောင်ပေးမယ်လို့ တရားဝင် ကြေညာခဲ့တာဖြစ်တယ်။

ဒါပေမယ့်လို့ အာဏာပိုင်တွေက သက်ဆိုင်ရာ အိမ်ကွင်း ဧည့်ခံကစားမှုတွေကို ဒေသခံ ရဲအဖွဲ့တွေကိုပဲ လုပ်ပိုင်ခွင့်ပေးဖို့ ဆုံးဖြတ်ခြင်းကြောင့် သက်ဆိုင်ရာ ကွင်းတွေမှာပဲ ပွဲတွေ ကစားခွင့် ပြန်ရဖွယ်ရှိတယ်။ လက်တလော အခြေအနေရ အဲဗာတန်နဲ့ လီဗာပူး ယှဉ်ပြိုင်ကစားမယ့်ပွဲကို ဘယ်ကွင်းမှာ ကစားစေမလဲဆိုတာ မာဆေးဆိုဒ်ရဲအဖွဲ့က ဆုံးဖြတ်ပေးရပါမယ်။

၎င်းတို့က မူလအတိုင်း ဂူဒီဆင်ပါ့ခ်မှာပဲ ကစားစေမယ်ဆိုရင် ကျန်တဲ့ မန်စီးတီး၊ ပဲလေစ့် လို အရေးပါတဲ့ပွဲတွေကိုလည်း ကြားကွင်းတွေ မရွှေ့ပဲ သက်ဆိုင်ရာကွင်းတွေမှာပဲ ကစားခွင့်ရမှာဖြစ်တယ်။ လီဗာပူးမန်နေဂျာ ကလော့ပ်ကတော့ ပွဲကစားခွင့်တာပေးဖို့နဲ့ ဘယ်ကွင်းမဆို ကစားမယ်လို့ ယတိပြတ် ပြောဆိုထားပါတယ်။

လီဗာပူးပရိသတ်တွေကလည်း အရေးကြီးတာက ပွဲတွေ ကစားရဖို့ပဲဖြစ်ကြောင်း တုန့်ပြန်ထားကြတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ အမှတ်ပေးဖလား ၁၈ လုံးလိုပဲ အန်ဖီးကွင်းမှာ ချန်ပီယံဖလား ကိုင်မြောက်ခွင့်ရဖို့ကိုတော့ အားလုံးကလည်း မျှော်လင့်ကြတာဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ နောက်ဆုံးဆိုတဲ့ အနေအထားမှာ ပွဲတွေကို အန်ဖီးကွင်းနဲ့ သက်ဆိုင်ရာ ကွင်းတွေမှာ ကစားဖို့ မလုံခြုံဘူးလို့ မာဆေးဆိုဒ် ရဲအဖွဲ့က ဆုံးဖြတ်ခဲ့ရင် လန်ဒန်က ဝင်ဘာလေကွင်းမှာ ကစားခွင့်အတွက် တောင်းဆိုမယ်လို့လည်း သိရပါတယ်။

ZAWGYI

ျဗိတိန္အစိုးရဘက္က ေဘာလံုးဆိုင္ရာ ရဲအဖြဲ႔အား ဝင္မပါေစပဲ ေဒသဆိုင္ရာ ရဲအဖြဲ႔အား သက္ဆုိင္ရာ ေဒသမွာ ထိန္းခ်ဳပ္ခြင့္ေတြ ေပးမွာျဖစ္လို႔ လီဗာပူးရဲ႕ ပြဲကစားခြင့္ေတြက အေကာင္းျမင္စရာ ျဖစ္လာပါတယ္။

ဒီအပတ္မွာပဲ ျဗိတိန္ ေဘာလံုးဆိုင္ရာ ရဲအရာရွိေတြနဲ႔ ရဲတပ္ဖြဲ႔ကေနျပီး လီဗာပူးပြဲ အမ်ားအျပားပါတဲ့ ပြဲစဥ္ေတြကို ၾကားကြင္းေတြထံ ေရႊ႔ျပီး ကစားဖို႔ ေတာင္းဆိုခဲ့တာပါ။ လီဗာပူးဘက္ကေတာ့ အာဏာပိုင္ေတြရဲ႕ လမ္းညႊန္ခ်က္ကို ပူးေပါင္း လုပ္ေဆာင္ေပးမယ္လို႔ တရားဝင္ ေၾကညာခဲ့တာျဖစ္တယ္။

ဒါေပမယ့္လို႔ အာဏာပိုင္ေတြက သက္ဆုိင္ရာ အိမ္ကြင္း ဧည့္ခံကစားမႈေတြကို ေဒသခံ ရဲအဖြဲ႔ေတြကိုပဲ လုပ္ပိုင္ခြင့္ေပးဖို႔ ဆံုးျဖတ္ျခင္းေၾကာင့္ သက္ဆုိင္ရာ ကြင္းေတြမွာပဲ ပြဲေတြ ကစားခြင့္ ျပန္ရဖြယ္ရွိတယ္။ လက္တေလာ အေျခအေနရ အဲဗာတန္နဲ႔ လီဗာပူး ယွဥ္ျပိဳင္ကစားမယ့္ပြဲကို ဘယ္ကြင္းမွာ ကစားေစမလဲဆိုတာ မာေဆးဆိုဒ္ရဲအဖြဲ႔က ဆံုးျဖတ္ေပးရပါမယ္။

၄င္းတို႔က မူလအတိုင္း ဂူဒီဆင္ပါ့ခ္မွာပဲ ကစားေစမယ္ဆိုရင္ က်န္တဲ့ မန္စီးတီး၊ ပဲေလစ့္ လို အေရးပါတဲ့ပြဲေတြကိုလည္း ၾကားကြင္းေတြ မေရႊ႔ပဲ သက္ဆုိင္ရာကြင္းေတြမွာပဲ ကစားခြင့္ရမွာျဖစ္တယ္။ လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္ကေတာ့ ပြဲကစားခြင့္တာေပးဖို႔နဲ႔ ဘယ္ကြင္းမဆို ကစားမယ္လို႔ ယတိျပတ္ ေျပာဆိုထားပါတယ္။

လီဗာပူးပရိသတ္ေတြကလည္း အေရးၾကီးတာက ပြဲေတြ ကစားရဖို႔ပဲျဖစ္ေၾကာင္း တုန္႔ျပန္ထားၾကတယ္။ သို႔ေပမယ့္ ျပီးခဲ့တဲ့ အမွတ္ေပးဖလား ၁၈ လံုးလိုပဲ အန္ဖီးကြင္းမွာ ခ်န္ပီယံဖလား ကိုင္ေျမာက္ခြင့္ရဖို႔ကိုေတာ့ အားလံုးကလည္း ေမွ်ာ္လင့္ၾကတာျဖစ္ပါတယ္။

လီဗာပူးအသင္းကေတာ့ ေနာက္ဆံုးဆိုတဲ့ အေနအထားမွာ ပြဲေတြကို အန္ဖီးကြင္းနဲ႔ သက္ဆုိင္ရာ ကြင္းေတြမွာ ကစားဖို႔ မလံုျခံဳဘူးလို႔ မာေဆးဆိုဒ္ ရဲအဖြဲ႔က ဆံုးျဖတ္ခဲ့ရင္ လန္ဒန္က ဝင္ဘာေလကြင္းမွာ ကစားခြင့္အတြက္ ေတာင္းဆိုမယ္လို႔လည္း သိရပါတယ္။