လီဗာပူးဂန္တဝင်ကြီး ဂျွန်ဘမ်းက မော်ဒန် ဘောလုံးလောကမှာ ပြောင်းလဲလာတဲ့ အနေအထားတွေ အကြောင်း ပရိသတ်တွေကို သတိပေးမှုတစ်ခု ပြုလုပ်လိုက်ပြီး ကိုယ်ဟာ လီဗာပူးအသင်းကို အားပေးသူဆိုတာကို မမေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။

သူကပဲ ဆာလက်နဲ့ မာနေးတို့ဟာ ရိုးသားတဲ့ ဘောလုံးသမားကောင်းတွေ ဖြစ်ပေမယ့် မော်ဒန် ဘောလုံးလောကမှာတော့ သူတို့ဟာလည်း ရောင်းချခံ ကစားသမားတွေ ဖြစ်နိုင်သလို လီဗာပူးကို စွန့်ခွာသွားဖို့ လုပ်ဆောင်တာတွေလည်း ရှိလိမ့်မယ်လို့ ဂျွန်ဘမ်က ပြောပြခဲ့တယ်။

ဒီကနေ့ခေတ်မှာ ဘယ်လို ကစားသမားကိုမဆို ထိန်းချုပ်ဖို့က အာမခံချက် မရှိဘဲ အရမ်းကောင်းတဲ့ ငွေကြေးခံစားခွင့်တွေ ပါလာခဲ့ရင် ကစားသမားတွေက ထွက်ခွာမှာပဲလို့ သူက ဆိုပါတယ်။

ဂျွန်ဘမ်းက “ မော်ဒန် ဘောလုံးလောကမှာ အသင်းတိုင်းက ရောင်းချရေး ကလပ်တွေပါပဲ။ ဘာစီလိုနာလို အသင်းတောင်မှ နေမာကို ရောင်းထုတ်ခဲ့သေးတယ်။ ဒီကနေ့မှာ ကစားသမားတွေကို ဆွဲဆောင်နေတာက သူတို့ရလိုတဲ့ လုပ်ခလစာပါပဲ။ ဆာဒီယို မာနေးနဲ့ မိုဆာလက်လို ကစားသမားတောင်မှ သူတို့ကို တစ်ပတ် ပေါင် တစ်သန်းလောက်ပေးတဲ့ ကလပ်အသင်းကို သူတို့ ပြောင်းရွှေ့မှာပါပဲ။ ဒါက မော်ဒန် ဘောလုံးလောကပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းကို စွန့်ခွာသွားတဲ့ ထူးချွန်တဲ့ ကစားသမားတွေ အများကြီး ရှိခဲ့ပါတယ်။ ဖာနန်ဒို တောရက်စ်၊ လူးဝစ် ဆွာရက်စ်၊ ဖိလစ် ကော်တင်ညိုတို့ပါ။ အခုချိန်မှာတော့ လီဗာပူးက ပိုပြီး တောင့်တင်တဲ့ အသင်းဖြစ်လာခဲ့ပြီး ဒါကလည်း ကွင်းအတွင်း အောင်မြင်မှုတွေကြောင့်ပေါ့။ ဒါပေမယ့် ကစားသမားတွေက ရောက်လာတယ်၊ ထွက်သွားတယ် ဆိုတာတွေက ရှိမှာပါပဲ။

ပရိသတ်တွေကို အမြဲတမ်း သတိပေးဖြစ်ပါတယ်။ အားလုံး အားပေးထောက်ခံရမှာက ကစားသမားတွေကို မဟုတ်ပါဘူး၊ လီဗာပူးအသင်းကို အားပေးရမှာဖြစ်ပါတယ်။ ကစားသမားဆိုတာက အသင်းမှာ ဆက်နေပေးပါဆိုပြီး အကြပ်ကိုင်တာကို လက်ခံမှာ မဟုတ်ပါဘူး။ အဲ့လိုလုပ်ရင် သူတို့က အသင်းထက် ပိုမို သြဇာကြီးတယ်လို့ ခံယူပြီး ကွင်းထဲမှာ စွမ်းဆောင်ရည် ကျလာလိမ့်မယ်။

ကောင်းတာတစ်ခုကတော့ ဒီလို အခြေအနေက မန်နေဂျာကလော့ပ် လက်အောက်မှာတော့ မဖြစ်နိုင်ဘူးလို့ ကျနော် အာမခံတယ်။ ဘာလို့လည်းဆိုတော့ သူက အသင်းနဲ့ ကစားသမားတွေကို အကောင်းဆုံး ထိန်းချုပ်နိုင်တယ်။ ကလော့ပ်ကို ခန့်ထားသ၍ ခြေလှမ်းမှားလို့ မရဘူးဆိုတာ ကစားသမားတွေ နားလည်ထားကြပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ဂၽြန္ဘမ္းက ေမာ္ဒန္ ေဘာလံုးေလာကမွာ ေျပာင္းလဲလာတဲ့ အေနအထားေတြ အေၾကာင္း ပရိသတ္ေတြကို သတိေပးမႈတစ္ခု ျပဳလုပ္လိုက္ျပီး ကိုယ္ဟာ လီဗာပူးအသင္းကို အားေပးသူဆိုတာကို မေမ့ဖို႔ တိုက္တြန္းလိုက္ပါတယ္။

သူကပဲ ဆာလက္နဲ႔ မာေနးတို႔ဟာ ရိုးသားတဲ့ ေဘာလံုးသမားေကာင္းေတြ ျဖစ္ေပမယ့္ ေမာ္ဒန္ ေဘာလံုးေလာကမွာေတာ့ သူတို႔ဟာလည္း ေရာင္းခ်ခံ ကစားသမားေတြ ျဖစ္ႏုိင္သလို လီဗာပူးကို စြန္႔ခြာသြားဖို႔ လုပ္ေဆာင္တာေတြလည္း ရွိလိမ့္မယ္လို႔ ဂၽြန္ဘမ္က ေျပာျပခဲ့တယ္။

ဒီကေန႔ေခတ္မွာ ဘယ္လို ကစားသမားကိုမဆို ထိန္းခ်ဳပ္ဖို႔က အာမခံခ်က္ မရွိဘဲ အရမ္းေကာင္းတဲ့ ေငြေၾကးခံစားခြင့္ေတြ ပါလာခဲ့ရင္ ကစားသမားေတြက ထြက္ခြာမွာပဲလို႔ သူက ဆိုပါတယ္။

ဂၽြန္ဘမ္းက “ ေမာ္ဒန္ ေဘာလံုးေလာကမွာ အသင္းတိုင္းက ေရာင္းခ်ေရး ကလပ္ေတြပါပဲ။ ဘာစီလိုနာလို အသင္းေတာင္မွ ေနမာကို ေရာင္းထုတ္ခဲ့ေသးတယ္။ ဒီကေန႔မွာ ကစားသမားေတြကို ဆြဲေဆာင္ေနတာက သူတို႔ရလိုတဲ့ လုပ္ခလစာပါပဲ။ ဆာဒီယို မာေနးနဲ႔ မိုဆာလက္လို ကစားသမားေတာင္မွ သူတို႔ကို တစ္ပတ္ ေပါင္ တစ္သန္းေလာက္ေပးတဲ့ ကလပ္အသင္းကို သူတုိ႔ ေျပာင္းေရႊ႔မွာပါပဲ။ ဒါက ေမာ္ဒန္ ေဘာလံုးေလာကပဲ ျဖစ္ပါတယ္။

လီဗာပူးအသင္းကို စြန္႔ခြာသြားတဲ့ ထူးခၽြန္တဲ့ ကစားသမားေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။ ဖာနန္ဒို ေတာရက္စ္၊ လူးဝစ္ ဆြာရက္စ္၊ ဖိလစ္ ေကာ္တင္ညိဳတို႔ပါ။ အခုခ်ိန္မွာေတာ့ လီဗာပူးက ပိုျပီး ေတာင့္တင္တဲ့ အသင္းျဖစ္လာခဲ့ျပီး ဒါကလည္း ကြင္းအတြင္း ေအာင္ျမင္မႈေတြေၾကာင့္ေပါ့။ ဒါေပမယ့္ ကစားသမားေတြက ေရာက္လာတယ္၊ ထြက္သြားတယ္ ဆိုတာေတြက ရွိမွာပါပဲ။

ပရိသတ္ေတြကို အျမဲတမ္း သတိေပးျဖစ္ပါတယ္။ အားလံုး အားေပးေထာက္ခံရမွာက ကစားသမားေတြကို မဟုတ္ပါဘူး၊ လီဗာပူးအသင္းကို အားေပးရမွာျဖစ္ပါတယ္။ ကစားသမားဆိုတာက အသင္းမွာ ဆက္ေနေပးပါဆိုျပီး အၾကပ္ကိုင္တာကို လက္ခံမွာ မဟုတ္ပါဘူး။ အဲ့လိုလုပ္ရင္ သူတို႔က အသင္းထက္ ပိုမို ၾသဇာၾကီးတယ္လို႔ ခံယူျပီး ကြင္းထဲမွာ စြမ္းေဆာင္ရည္ က်လာလိမ့္မယ္။

ေကာင္းတာတစ္ခုကေတာ့ ဒီလို အေျခအေနက မန္ေနဂ်ာကေလာ့ပ္ လက္ေအာက္မွာေတာ့ မျဖစ္ႏုိင္ဘူးလို႔ က်ေနာ္ အာမခံတယ္။ ဘာလို႔လည္းဆိုေတာ့ သူက အသင္းနဲ႔ ကစားသမားေတြကို အေကာင္းဆံုး ထိန္းခ်ဳပ္ႏုိင္တယ္။ ကေလာ့ပ္ကို ခန္႔ထားသ၍ ေျခလွမ္းမွားလို႔ မရဘူးဆိုတာ ကစားသမားေတြ နားလည္ထားၾကပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။