ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေပြိုင်ပွဲ သုံးခုလုံးမှာ hat-trick သွင်းယူနိုင်တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ကစားသမား ဖြစ်သူ ဘီနာယောင်းက လီဗာပူးအတွက် ကစားပေးရတာကို အရမ်း ဂုဏ်ယူပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

နွေအပြောင်းအရွှေ့မှာ ဖူလ်ဟမ်တိုက်စစ်သမားလေး အီးလီးယော့ကို လီဗာပူးမတိုင်ခင် ရီးရဲလ်မက်ဒရစ်က ရာမိုစ့်နဲ့ပါ တွေ့ခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့စဉ် တိုက်စစ်သမားလေးက “ မလိုဘူး၊ ရတယ်။ ကျေးဇူးတင်တယ်။ မိုဆာလက်ကို သူလုပ်ခဲ့တာကြောင့် သူ့ကို မကြိုက်တော့ဘူး ” လို့ တုန့်ပြန်ခဲ့ပါတယ်။

လီဗာပူးအခြေစိုက် သတင်းဌာနတွေက နွေအပြောင်းအရွှေ့မှာ ပေါ်လစီပိုင်းကို အနည်းငယ် ပြောင်းလဲပြီး ကလပ်အတွက် အံဝင်နိုင်တဲ့ ဝါရင့်ကစားသမားမျိုးကို ခေါ်ယူဖို့ရာ မတွန့်ဆုတ်ဖို့ တိုက်တွန်းနေကြပါတယ်။

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ တီမိုဝါနာကို ခေါ်ယူဖို့ ဦးစားပေး သက်မှတ်ထားပေမယ့် မအောင်မြင်ခဲ့ရင် ဘာစီလိုနာအသင်းမှ လူငယ်တိုက်စစ်သမား ဒမ်ဘီလီကို ခေါ်ယူလိမ့်မယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေကို ကိုးကားပြီး ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ဒီရာသီ အောက်တိုဘာလတုန်းက လီဗာပူးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းပွဲမှာ စီနီယာပွဲထွက်ခွင့် ရရှိခဲ့တဲ့ လူငယ်ကြယ်ပွင့် နီကိုး ဝီလီယမ်က ပွဲမတိုင်ခင် ကြောက်ရွံ့နေတာကြောင့် သူ့ကို မန်နေဂျာကလော့ပ်က အားပေးစကား ပြောဆိုခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

ကိုရိုနာကပ်ဘေး မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပွဲအဖြစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လီဗာပူးက အက်သလက်တီကို မက်ဒရစ်ကိုအရေးနိမ့်ပြီး ထွက်ခွာခဲ့ရပေမယ့် ဥရောပဘောလုံးလိဂ် ရှေ့ဆက်ရေး ခက်ခဲမှုကြောင့် နောက်ထပ် ၁၂ လထိ လီဗာပူးကို ချန်ပီယ့အဖြစ် နာမည်စာရင်း သွင်းထားဖွယ် ရှိနေပါတယ်။

ဂိုးသမား အယ်လီဆန်က အန်ဖီးကွင်းက ပရိသတ်တွေရှေ့မှာ ဘောလုံးပြန်ကစားဖို့ လွမ်းနေမိကြောင်းနဲ့ ပြန်ကစားရမယ့်အချိန် ရောက်လာတော့မယ်လို့ ယုံကြည်ပါကြောင်း ပြောဆိုလာပါတယ်။

လီဗာပူးဂန္တဝင်ကြီး ဂျွန်ဘမ်းက မော်ဒန် ဘောလုံးလောကမှာ ပြောင်းလဲလာတဲ့ အနေအထားတွေ အရ ကစားသမားဆိုတာ အသင်းတွေကို စွန့်ခွာသွားဖို့ လွယ်ကူလွန်းတာကြောင့် ကိုယ်အဓိက အားပေးရမှာ ကစားသမားထက် ကလပ်ဖြစ်ကြောင်း မမေ့ဖို့ အသင်းပရိသတ်တွေကို သတိပေးလိုက်ပါတယ်။

ဗြိတိန်အစိုးရဘက်က ဘောလုံးဆိုင်ရာ ရဲအဖွဲ့အား ဝင်မပါစေပဲ ဒေသဆိုင်ရာ ရဲအဖွဲ့အား သက်ဆိုင်ရာ ဒေသမှာ ထိန်းချုပ်ခွင့်တွေ ပေးမှာဖြစ်လို့ လီဗာပူးရဲ့ ပွဲကစားခွင့်တွေက အကောင်းမြင်စရာ ဖြစ်လာပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအျပိဳင္ပြဲ သံုးခုလံုးမွာ hat-trick သြင္းယူႏုိင္တဲ့ ပထမဆံုးေသာ ပရီးမီးယားလိဂ္ ကစားသမား ျဖစ္သူ ဘီနာေယာင္းက လီဗာပူးအတြက္ ကစားေပးရတာကို အရမ္း ဂုဏ္ယူပါတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ ဖူလ္ဟမ္တိုက္စစ္သမားေလး အီးလီးေယာ့ကို လီဗာပူးမတိုင္ခင္ ရီးရဲလ္မက္ဒရစ္က ရာမိုစ့္နဲ႔ပါ ေတြ႔ခြင့္ေပးမယ္လို႔ ကမ္းလွမ္းခ့ဲစဥ္ တိုက္စစ္သမားေလးက “ မလိုဘူး၊ ရတယ္။ ေက်းဇူးတင္တယ္။ မိုဆာလက္ကို သူလုပ္ခဲ့တာေၾကာင့္ သူ႔ကို မၾကိဳက္ေတာ့ဘူး ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

လီဗာပူးအေျခစိုက္ သတင္းဌာနေတြက ေႏြအေျပာင္းအေရႊ႔မွာ ေပၚလစီပိုင္းကို အနည္းငယ္ ေျပာင္းလဲျပီး ကလပ္အတြက္ အံဝင္ႏုိင္တဲ့ ဝါရင့္ကစားသမားမ်ိဳးကို ေခၚယူဖို႔ရာ မတြန္႔ဆုတ္ဖို႔ တိုက္တြန္းေနၾကပါတယ္။

လီဗာပူးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ တီမိုဝါနာကို ေခၚယူဖို႔ ဦးစားေပး သက္မွတ္ထားေပမယ့္ မေအာင္ျမင္ခဲ့ရင္ ဘာစီလိုနာအသင္းမွ လူငယ္တိုက္စစ္သမား ဒမ္ဘီလီကို ေခၚယူလိမ့္မယ္လို႔ စပိန္အေျခစိုက္ သတင္းဌာနေတြကို ကိုးကားျပီး ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

ဒီရာသီ ေအာက္တိုဘာလတုန္းက လီဗာပူးနဲ႔ အာဆင္နယ္တို႔ ယွဥ္ျပိဳင္ကစားတဲ့ ကာရာေဘာင္းပြဲမွာ စီနီယာပြဲထြက္ခြင့္ ရရွိခဲ့တဲ့ လူငယ္ၾကယ္ပြင့္ နီကိုး ဝီလီယမ္က ပြဲမတိုင္ခင္ ေၾကာက္ရြံ႔ေနတာေၾကာင့္ သူ႔ကို မန္ေနဂ်ာကေလာ့ပ္က အားေပးစကား ေျပာဆိုခဲ့တယ္လို႔ ဝန္ခံလုိက္ပါတယ္။

ကိုရိုနာကပ္ေဘး မတိုင္ခင္ ေနာက္ဆံုးကစားခဲ့တဲ့ ပြဲအျဖစ္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ လီဗာပူးက အက္သလက္တီကို မက္ဒရစ္ကိုအေရးနိမ့္ျပီး ထြက္ခြာခဲ့ရေပမယ့္ ဥေရာပေဘာလံုးလိဂ္ ေရွ႔ဆက္ေရး ခက္ခဲမႈေၾကာင့္ ေနာက္ထပ္ ၁၂ လထိ လီဗာပူးကို ခ်န္ပီယ့အျဖစ္ နာမည္စာရင္း သြင္းထားဖြယ္ ရွိေနပါတယ္။

ဂိုးသမား အယ္လီဆန္က အန္ဖီးကြင္းက ပရိသတ္ေတြေရွ႔မွာ ေဘာလံုးျပန္ကစားဖို႔ လြမ္းေနမိေၾကာင္းနဲ႔ ျပန္ကစားရမယ့္အခ်ိန္ ေရာက္လာေတာ့မယ္လုိ႔ ယံုၾကည္ပါေၾကာင္း ေျပာဆိုလာပါတယ္။

လီဗာပူးဂႏၱဝင္ၾကီး ဂၽြန္ဘမ္းက ေမာ္ဒန္ ေဘာလံုးေလာကမွာ ေျပာင္းလဲလာတဲ့ အေနအထားေတြ အရ ကစားသမားဆိုတာ အသင္းေတြကို စြန္႔ခြာသြားဖို႔ လြယ္ကူလြန္းတာေၾကာင့္ ကိုယ္အဓိက အားေပးရမွာ ကစားသမားထက္ ကလပ္ျဖစ္ေၾကာင္း မေမ့ဖို႔ အသင္းပရိသတ္ေတြကို သတိေပးလိုက္ပါတယ္။

ျဗိတိန္အစိုးရဘက္က ေဘာလံုးဆိုင္ရာ ရဲအဖြဲ႔အား ဝင္မပါေစပဲ ေဒသဆိုင္ရာ ရဲအဖြဲ႔အား သက္ဆုိင္ရာ ေဒသမွာ ထိန္းခ်ဳပ္ခြင့္ေတြ ေပးမွာျဖစ္လို႔ လီဗာပူးရဲ႕ ပြဲကစားခြင့္ေတြက အေကာင္းျမင္စရာ ျဖစ္လာပါတယ္။