ဇွန်လ ၁၇ ရက်မှာတော့ ပရီးမီးယားလိဂ်ကို ပြန်လည် စတင်တော့မှာဖြစ်ပြီး လီဗာပူးကတော့ ဇွန်လ ၂၀ ရက်မှာ အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဒီသတင်းကို ဒီအပတ် ဗုဒ္ဓဟူးနေ့တည်းက ကြေညာထားတာဖြစ်လို့ ကလပ်တွေဟာ လေ့ကျင့်ချိန်ကို သုံးပတ် နီးပါးလောက် ကောင်းကောင်းရကြမှာဖြစ်တယ်။ ဒီကာလတွေအတွင်း လိဂ်တာဝန်ရှိသူတွေနဲ့ ကလပ်တွေဘက်က တွေ့ဆုံမှုတွေ ဆက်လက် လုပ်ဆောင်ကာ ဖြစ်လာမယ့် ကိစ္စတွေအတွက် ညိနှိုင်းမှုတွေ ဆက်ရှိနေပါမယ်။

ပရီးမီးယားလိဂ် အသင်း ၂၀ နဲ့ လိဂ်တာဝန်ရှိသူတွေ ညိနှိုင်းနေတဲ့ ကိစ္စ တစ်ခုကတော့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်မစခင် ကလပ်အသင်းတွေကြား ချစ်ကြည်ရေးပွဲ တစ်ပွဲ ကစားဖို့ပဲဖြစ်တယ်။ ဒါဟာ ပွဲတွေပြန်စတင်လို့ ပြင်းထန်တဲ့ ပွဲတွေ မကစားခင် ကြံ့ခိုင်မှု စစ်ဆေးတဲ့ပွဲ ဖြစ်မယ်လို့ ဘရိုက်တန်ဘက်က တင်ပြထားတယ်။ ဒီကိစ္စကို ကလပ် ၂၀ လုံးက သဘောတူထားခြင်းတော့ မရှိသေးပါဘူး။

နောက်ထပ် ကိစ္စတွေမှာတော့ ရုပ်သံဌာနနဲ့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ ဆွေးနွေးကြတဲ့ ကိစ္စတွေဖြစ်တယ်။ အဆိုပါထဲမှာတော့ အဝတ်လဲခန်းထဲကို တီဗီကင်မရာတွေထားခွင့်၊ ပွဲချိန် ဒုတိယပိုင်းမှာတင် မန်နေဂျာတွေကို အင်တာဗျူးခွင့်လို ကိစ္စတွေလည်း ပါဝင်ပါတယ်။

ဒုတိယပိုင်း နားချိန် ၁၅ မိနစ်အတွင်းမှာ မန်နေဂျာတွေက အသင်းကို ညွှန်ကြားမှုတွေ လုပ်ရတာဖြစ်ပြီး ကစားသမားတွေကလည်း အဝတ်လဲခန်းတွင်းမှာ နောက်ထပ် ၄၅ မိနစ်အတွက် ပြင်ဆင်ကြရမှာဖြစ်တယ်။ ဒီအခြေအနေမှာ ရုပ်သံတွေကိစ္စတွေ ပါဝင်လာရင် ပွဲအပေါ် အနှောက်အယှက်ဖြစ်မယ်လို့ မန်နေဂျာတွေဘက်က ယူဆမှုတွေ ရှိထားဆဲ ဖြစ်ပါတယ်။

ZAWGYI

ဇြန္လ ၁၇ ရက္မွာေတာ့ ပရီးမီးယားလိဂ္ကို ျပန္လည္ စတင္ေတာ့မွာျဖစ္ျပီး လီဗာပူးကေတာ့ ဇြန္လ ၂၀ ရက္မွာ အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

ဒီသတင္းကို ဒီအပတ္ ဗုဒၶဟူးေန႔တည္းက ေၾကညာထားတာျဖစ္လို႔ ကလပ္ေတြဟာ ေလ့က်င့္ခ်ိန္ကို သံုးပတ္ နီးပါးေလာက္ ေကာင္းေကာင္းရၾကမွာျဖစ္တယ္။ ဒီကာလေတြအတြင္း လိဂ္တာဝန္ရွိသူေတြနဲ႔ ကလပ္ေတြဘက္က ေတြ႔ဆံုမႈေတြ ဆက္လက္ လုပ္ေဆာင္ကာ ျဖစ္လာမယ့္ ကိစၥေတြအတြက္ ညိႏိႈင္းမႈေတြ ဆက္ရွိေနပါမယ္။

ပရီးမီးယားလိဂ္ အသင္း ၂၀ နဲ႔ လိဂ္တာဝန္ရွိသူေတြ ညိႏိႈင္းေနတဲ့ ကိစၥ တစ္ခုကေတာ့ ပရီးမီးယားလိဂ္ပြဲေတြ ျပန္မစခင္ ကလပ္အသင္းေတြၾကား ခ်စ္ၾကည္ေရးပြဲ တစ္ပြဲ ကစားဖို႔ပဲျဖစ္တယ္။ ဒါဟာ ပြဲေတြျပန္စတင္လို႔ ျပင္းထန္တဲ့ ပြဲေတြ မကစားခင္ ၾကံ႕ခိုင္မႈ စစ္ေဆးတဲ့ပြဲ ျဖစ္မယ္လို႔ ဘရိုက္တန္ဘက္က တင္ျပထားတယ္။ ဒီကိစၥကို ကလပ္ ၂၀ လံုးက သေဘာတူထားျခင္းေတာ့ မရွိေသးပါဘူး။

ေနာက္ထပ္ ကိစၥေတြမွာေတာ့ ရုပ္သံဌာနနဲ႔ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြ ေဆြးေႏြးၾကတဲ့ ကိစၥေတြျဖစ္တယ္။ အဆိုပါထဲမွာေတာ့ အဝတ္လဲခန္းထဲကို တီဗီကင္မရာေတြထားခြင့္၊ ပြဲခ်ိန္ ဒုတိယပိုင္းမွာတင္ မန္ေနဂ်ာေတြကို အင္တာဗ်ဴးခြင့္လို ကိစၥေတြလည္း ပါဝင္ပါတယ္။

ဒုတိယပိုင္း နားခ်ိန္ ၁၅ မိနစ္အတြင္းမွာ မန္ေနဂ်ာေတြက အသင္းကို ညႊန္ၾကားမႈေတြ လုပ္ရတာျဖစ္ျပီး ကစားသမားေတြကလည္း အဝတ္လဲခန္းတြင္းမွာ ေနာက္ထပ္ ၄၅ မိနစ္အတြက္ ျပင္ဆင္ၾကရမွာျဖစ္တယ္။ ဒီအေျခအေနမွာ ရုပ္သံေတြကိစၥေတြ ပါဝင္လာရင္ ပြဲအေပၚ အေႏွာက္အယွက္ျဖစ္မယ္လို႔ မန္ေနဂ်ာေတြဘက္က ယူဆမႈေတြ ရွိထားဆဲ ျဖစ္ပါတယ္။