ဖီအိုရင်တီးနား တောင်ပံသမား ခရစ်စတန် ကိုဖီက ၂၀၁၈ ခုနှစ် နွေတုန်းက လီဗာပူးအသင်းထံက ကမ်းလှမ်းမှု ရခဲ့ပေမယ့် ငြင်းဆန်ခဲ့ရတဲ့ အကြောင်းရင်းကို ထုတ်ပြောလိုက်ပါတယ်။

ပြင်သစ်ကလပ် မိုနာကိုကနေ ပြင်သစ်-အိုင်ဗရီယန် သားကို ခေါ်ယူဖို့ လီဗာပူးအသင်းက ညိနှိုင်းခဲ့တာပါ။ ဒါပေမယ့်လို့ ကိုဖီက မန်နေဂျာယာဂင်ကလော့ပ် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး စီးရီးအေကလပ်ကိုပဲ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

ကိုဖီကတော့ သူဟာ ဆယ်ကျော်သက် ကစားသမားဘဝကနေ ပရီးမီးယားလိဂ်လို လိဂ်ကြီးနဲ့ လီဗာပူးအသင်းတို့ထံ ခြေချဖို့ရာ အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆခြင်းကြောင့် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာလို့ ဆိုတယ်။ အခြားကိစ္စထက် ကစားသမားတစ်ဦး အနေနဲ့ အချိန်မကျသေးဘူးလို့ သူ ထင်ခဲ့တယ်လို့ ပြောပြပါတယ်။

ကိုဖီက ‘ အဲ့သည် ချိန်တုန်းက အရာအားလုံးအတွက် ဆုံးဖြတ်ခဲ့ရတယ်။ လီဗာပူးရဲ့ စိတ်ဝင်စားခြင်းကို ခံရတာအတွက် ရင်ခုန်ခဲ့ရပေမယ့် ကျနော်ရဲ့ ကစားသမား တိုးတက်မှုအတွက် ဖီအိုရင်တီးနားကိုပဲ ရွေးချယ်ခဲ့ပါတယ်။

လီဗာပူးက ကလပ် အသင်းကြီးဆိုတာထက် ပိုတဲ့ အသင်းတစ်သင်းပါ။ ကျနော်က အဲ့တုန်းက လီဗာပူးကို ပြောင်းဖို့ အဆင်သင့် မဖြစ်ခဲ့ဘူး။ ၂၀၁၈ မှာပေါ့။ လီဗာပူးက အရမ်းကောင်းပါတယ်။ ဒါပေမယ့် အမှန်တရားက သူတို့ရဲ့ ကမ်းလှမ်းမှုက ကျနော်အတွက် ချိန်သားကိုက် အချိန်ကောင်းတစ်ခု ဖြစ်မနေပါဘူး ‘ လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ကိုဖီဟာ လီဗာပူးကို ငြင်းဆန်ခဲ့ပြီး ဖီအိုရီတီးနားကို ပြောင်းခဲ့ပေမယ့် စီနီယာအဆင့်ကို ရောက်မလာသေးပါဘူး။ သူကတော့ ဒီရာသီ လူငယ်အသင်းမှာ တိုးတက်မှုအရ လာမယ့်ရာသီမှာ ပွဲထွက်ခွင့်တွေ ရမယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ZAWGYI

ဖီအိုရင္တီးနား ေတာင္ပံသမား ခရစ္စတန္ ကိုဖီက ၂၀၁၈ ခုႏွစ္ ေႏြတုန္းက လီဗာပူးအသင္းထံက ကမ္းလွမ္းမႈ ရခဲ့ေပမယ့္ ျငင္းဆန္ခဲ့ရတဲ့ အေၾကာင္းရင္းကို ထုတ္ေျပာလိုက္ပါတယ္။

ျပင္သစ္ကလပ္ မိုနာကိုကေန ျပင္သစ္-အိုင္ဗရီယန္ သားကို ေခၚယူဖို႔ လီဗာပူးအသင္းက ညိႏိႈင္းခဲ့တာပါ။ ဒါေပမယ့္လို႔ ကိုဖီက မန္ေနဂ်ာယာဂင္ကေလာ့ပ္ အသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ျပီး စီးရီးေအကလပ္ကိုပဲ ေရြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

ကိုဖီကေတာ့ သူဟာ ဆယ္ေက်ာ္သက္ ကစားသမားဘဝကေန ပရီးမီးယားလိဂ္လို လိဂ္ၾကီးနဲ႔ လီဗာပူးအသင္းတို႔ထံ ေျခခ်ဖို႔ရာ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ယူဆျခင္းေၾကာင့္ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တာလို႔ ဆိုတယ္။ အျခားကိစၥထက္ ကစားသမားတစ္ဦး အေနနဲ႔ အခ်ိန္မက်ေသးဘူးလို႔ သူ ထင္ခဲ့တယ္လို႔ ေျပာျပပါတယ္။

ကိုဖီက ‘ အဲ့သည္ ခ်ိန္တုန္းက အရာအားလံုးအတြက္ ဆံုးျဖတ္ခဲ့ရတယ္။ လီဗာပူးရဲ႕ စိတ္ဝင္စားျခင္းကို ခံရတာအတြက္ ရင္ခုန္ခဲ့ရေပမယ့္ က်ေနာ္ရဲ႕ ကစားသမား တိုးတက္မႈအတြက္ ဖီအိုရင္တီးနားကိုပဲ ေရြးခ်ယ္ခဲ့ပါတယ္။

လီဗာပူးက ကလပ္ အသင္းၾကီးဆိုတာထက္ ပိုတဲ့ အသင္းတစ္သင္းပါ။ က်ေနာ္က အဲ့တုန္းက လီဗာပူးကို ေျပာင္းဖို႔ အဆင္သင့္ မျဖစ္ခဲ့ဘူး။ ၂၀၁၈ မွာေပါ့။ လီဗာပူးက အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ အမွန္တရားက သူတို႔ရဲ႕ ကမ္းလွမ္းမႈက က်ေနာ္အတြက္ ခ်ိန္သားကိုက္ အခ်ိန္ေကာင္းတစ္ခု ျဖစ္မေနပါဘူး ‘ လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

ဥေရာပရဲ႕ အလားအလာ အရွိဆံုး လူငယ္ေတြထဲက တစ္ဦးျဖစ္တဲ့ ကိုဖီဟာ လီဗာပူးကို ျငင္းဆန္ခဲ့ျပီး ဖီအိုရီတီးနားကို ေျပာင္းခဲ့ေပမယ့္ စီနီယာအဆင့္ကို ေရာက္မလာေသးပါဘူး။ သူကေတာ့ ဒီရာသီ လူငယ္အသင္းမွာ တိုးတက္မႈအရ လာမယ့္ရာသီမွာ ပြဲထြက္ခြင့္ေတြ ရမယ္လို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။