လီဗာပူး ညာအစွန်လူ ထရန့် အလက်စန္ဒား-အာနိုးက ပရီးမီးယားလိဂ် ပြန်စစချင်းမှာပဲ မာဆေးဆိုဒ် ဒါဘီလို ပွဲကြီးပွဲကောင်း ကစားရမှာ ဖြစ်ပေမယ့် အဆင်သင့် ဖြစ်နေစေရမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

လီဗာပူးဟာ အဲဗာတန်ပွဲအပြီး ပဲလေစ့်၊ မန်စီးတီး တို့နဲ့ ဆက်တိုက် ကစားရမှာဖြစ်လို့ ပြင်းထန်တဲ့ ပွဲကောင်းတွေ ဆက်တိုက် ကစားရမှာပါ။ ဘောလုံးရာသီ ၁၀ ပတ်နီးပါးလောက် ရပ်နားပြီးမှ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ရချိန်မှာ ရောက်လာမယ့် ပွဲတွေအတွက် ကြံ့ခိုင်မှု အကောင်းဆုံးဖြစ်လာဖို့ ပြန် ကြိုးစားနေတာကို ထရန့်က ရှင်းပြခဲ့တယ်။

ထရန့်က ” အနားယူရတဲ့ အချိန်တွေမှာ ဘာလို လေ့ကျင့်ရေးပဲ လုပ်လုပ် ဘောလုံးဆိုင်ရာ ကြံ့ခိုင်မှုနဲ့ နှိုင်းလို့ မရပါဘူး။ ပြေးမှုဆိုင်ရာ ကြံ့ခိုင်ရေးကလည်း သိပ်ကွာခြားတယ်။ ခြေထောက်မှာ ဘောလုံးရရင်ကိုပဲ ခန္ဓာကိုယ်ထဲကနေ အင်အားတွေ အဝေးကို ထွက်သွားသလိုပါပဲ။

ခြားနားပေမယ့် လေ့ကျင့်ရေးကွင်းထဲ ပြန်ဝင်လာရတာက ကောင်းပါတယ်။ ပင်ပန်းတယ်လို့ ခံစားရပေမယ့် ဒီအခြေအနေကို ကျော်ဖြတ်ရမှာပါ။ ဒီအခိုက်အတန့်တွေကို ဖြတ်ကျော်ပြီး ပိုသန်မာလာအောင် ပိုကြံ့ခိုင်လာအောင် လုပ်ဖို့ လိုပါတယ်။ အသင်းအနေနဲ့ ဒါကို ကျနေ်ာတို့ သိတယ်။ ကောင်းတာက အားလုံးက ကြံ့ခိုင်ပြီး ကျန်းမာနေတာပါပဲ။ ပြောခဲ့သလိုပဲ ကျနေ်ာတို့ ဆက်ပြီး တွန်းအားပေးဖို့ လိုပါတယ်။

ပြန်စတဲ့ပွဲမှာ မာဆေးဆိုဒ်ဒါဘီပွဲ ကစားရမှာကတော့ သိပ်ကြီးမားတာပါပဲ။ ဒီပွဲက ကိုယ်အမြဲတမ်း ကစားလိုတဲ့ပွဲဖြစ်ပြီး အနားယူခဲ့ချိန်တွေ ပြီးမှ ဒီလိုပွဲကို ကစားရမယ်ဆိုတာကတော့ သိပ်ကြီးပါတယ်။ ဒီပွဲက ကြီးမားတဲ့ ပွဲကောင်းတစ်ပွဲပါ။ အများပြည်သူအတွက်က ဒီလိုပွဲကို ကြည့်ရမှာက ကောင်းတာပေါ့။

ကျနော်တို့အတွက်က အစောပိုင်းမှာတင် ဒီလို ကြီးကျယ်တဲ့ ပွဲကို ကစားရဖို့ ဖြစ်လာပါတယ်။ သူတို့လို အသင်းကောင်းနဲ့ ရင်ဆိုင်ရချိန်မှာ ကျနေ်ာတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ဂရုစိုက်ရပါမယ်။ ဘယ်လို ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရပါစေ ကျနေ်ာတို့တွေက ပြိုင်ဘက်တိုင်းအတွက် အဆင်သင့်ဖြစ်နေမှာ သေချာပါတယ်။ ဒီအတွက်လည်း လေ့ကျင့်ရေးမှာ ပြင်ဆင်မှုတွေ လုပ်နေတာက အကူအညီ ဖြစ်ပါလိမ့်မယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ညာအစြန္လူ ထရန္႔ အလက္စႏၵား-အာႏိုးက ပရီးမီးယားလိဂ္ ျပန္စစခ်င္းမွာပဲ မာေဆးဆိုဒ္ ဒါဘီလို ပြဲၾကီးပြဲေကာင္း ကစားရမွာ ျဖစ္ေပမယ့္ အဆင္သင့္ ျဖစ္ေနေစရမယ္လို႔ ေၾကြးေၾကာ္လုိက္ပါတယ္။

လီဗာပူးဟာ အဲဗာတန္ပြဲအျပီး ပဲေလစ့္၊ မန္စီးတီး တို႔နဲ႔ ဆက္တိုက္ ကစားရမွာျဖစ္လို႔ ျပင္းထန္တဲ့ ပြဲေကာင္းေတြ ဆက္တိုက္ ကစားရမွာပါ။ ေဘာလံုးရာသီ ၁၀ ပတ္နီးပါးေလာက္ ရပ္နားျပီးမွ ေလ့က်င့္ေရး ျပန္ဝင္ခဲ့ရခ်ိန္မွာ ေရာက္လာမယ့္ ပြဲေတြအတြက္ ၾကံ႕ခိုင္မႈ အေကာင္းဆံုးျဖစ္လာဖို႔ ျပန္ ၾကိဳးစားေနတာကို ထရန္႔က ရွင္းျပခဲ့တယ္။

ထရန္႔က ” အနားယူရတဲ့ အခ်ိန္ေတြမွာ ဘာလို ေလ့က်င့္ေရးပဲ လုပ္လုပ္ ေဘာလံုးဆုိင္ရာ ၾကံ႕ခိုင္မႈနဲ႔ ႏိႈင္းလို႔ မရပါဘူး။ ေျပးမႈဆိုင္ရာ ၾကံ႕ခိုင္ေရးကလည္း သိပ္ကြာျခားတယ္။ ေျခေထာက္မွာ ေဘာလံုးရရင္ကိုပဲ ခႏၶာကိုယ္ထဲကေန အင္အားေတြ အေဝးကို ထြက္သြားသလိုပါပဲ။

ျခားနားေပမယ့္ ေလ့က်င့္ေရးကြင္းထဲ ျပန္ဝင္လာရတာက ေကာင္းပါတယ္။ ပင္ပန္းတယ္လို႔ ခံစားရေပမယ့္ ဒီအေျခအေနကို ေက်ာ္ျဖတ္ရမွာပါ။ ဒီအခိုက္အတန္႔ေတြကို ျဖတ္ေက်ာ္ျပီး ပိုသန္မာလာေအာင္ ပိုၾကံ႕ခိုင္လာေအာင္ လုပ္ဖို႔ လိုပါတယ္။ အသင္းအေနနဲ႔ ဒါကို က်ေန္ာတို႔ သိတယ္။ ေကာင္းတာက အားလံုးက ၾကံ႕ခိုင္ျပီး က်န္းမာေနတာပါပဲ။ ေျပာခဲ့သလိုပဲ က်ေန္ာတို႔ ဆက္ျပီး တြန္းအားေပးဖို႔ လိုပါတယ္။

ျပန္စတဲ့ပြဲမွာ မာေဆးဆိုဒ္ဒါဘီပြဲ ကစားရမွာကေတာ့ သိပ္ၾကီးမားတာပါပဲ။ ဒီပြဲက ကိုယ္အျမဲတမ္း ကစားလိုတဲ့ပြဲျဖစ္ျပီး အနားယူခဲ့ခ်ိန္ေတြ ျပီးမွ ဒီလိုပြဲကို ကစားရမယ္ဆိုတာကေတာ့ သိပ္ၾကီးပါတယ္။ ဒီပြဲက ၾကီးမားတဲ့ ပြဲေကာင္းတစ္ပြဲပါ။ အမ်ားျပည္သူအတြက္က ဒီလိုပြဲကို ၾကည့္ရမွာက ေကာင္းတာေပါ့။

က်ေနာ္တုိ႔အတြက္က အေစာပိုင္းမွာတင္ ဒီလို ၾကီးက်ယ္တဲ့ ပြဲကို ကစားရဖို႔ ျဖစ္လာပါတယ္။ သူတို႔လို အသင္းေကာင္းနဲ႔ ရင္ဆုိင္ရခ်ိန္မွာ က်ေန္ာတို႔ရဲ႕ ရုပ္ပိုင္းဆုိင္ရာကို ဂရုစိုက္ရပါမယ္။ ဘယ္လို ျပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရပါေစ က်ေန္ာတို႔ေတြက ျပိဳင္ဘက္တုိင္းအတြက္ အဆင္သင့္ျဖစ္ေနမွာ ေသခ်ာပါတယ္။ ဒီအတြက္လည္း ေလ့က်င့္ေရးမွာ ျပင္ဆင္မႈေတြ လုပ္ေနတာက အကူအညီ ျဖစ္ပါလိမ့္မယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။