မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဒီနွေမှာတော့ ခံစစ်မှူး လိုဗရန်အပြင် ကြယ်ပွင့် လူငယ်တွေကို လက်လွတ်သွားတော့မှာ မဟုတ်ဘူးလို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က The Athletic ကနေ အတည်ပြုလိုက်ပါတယ်။

ဒီနွေမှတော့ ခံစစ်မှူး လိုဗရန်ကို ထွက်ခွာခွင့်ပေးမှာ ဖြစ်ပြီး ရှာကွီရီကိုလည်း ရောင်းထုတ်ကာ ဂရုဂျစ်၊ ဝဲလ်ဆန်တို့ရဲ့ အနာဂတ်ကိုပါ ဆုံးဖြတ်ပေးလိမ့်မယ်လို့ သတင်းကြီးထားတာပါ။ ဂျိမ်းပီရက်စ်က ရှာကွီရီ အနာဂတ်ကို မပြောပေမယ့် ကျန် ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး သတင်းပေးလာပါတယ်။

ပီရက်စ်က ” အီတလီကနေ စိတ်ဝင်စားမှုတွေ ထပ်ရဦးမှာပါ။ မနှစ်တုန်းက ရိုးမား၊ အေစီတို့ဟာ လိုဗရန်ကို ခေါ်ယူလိုပေမယ့် ကလော့ပ်က သူ့ကို ဆက်ထိန်းထားလိုခဲ့တယ်။ ထွက်ခွာမယ်ဆိုပြီး တွန်းအားပေးမှုတွေ ရှိနေပေမယ့် လိုဗရန်က လီဗာပူးမှာ ပွဲထွက်ခွင့်အတွက် ကြိုးစားဖို့ ပျော်ရွှင်နေပါတယ်။ ကလော့ပ်က သူ့ကို လက်လွတ်ဖို့ တက်တက်ကြွကြွ မရှိသလို သူကလည်း စီနီယာအသင်းမှာ ပေါ်ပြူလာဖြစ်တဲ့ ကစားသမား ဖြစ်နေဆဲပါ ” လို့ ဆိုသွားပါတယ်။

လီဗာပူးအသင်းကို ၂၀၁၄ ခုနှစ်တည်းက ရောက်လာခဲ့တဲ့ လိုဗရန်ဟာ ဗန်ဒိုက် မတိုင်ခင် လီဗာပူးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၄ ပွဲပဲ ကစားထားရပေမယ့် ဂိုးမက်စ်၊ မာတစ်တို့ကို ဖိအားပေးမယ့် စီနီယာအသင်းသားလည်း ဖြစ်တယ်။

ဆက်လက်ပြီးလည်း ပီရက်စ်က ” ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ကလော့ပ်က လူငယ်တွေကို အတော်လေး ယုံနေပါတယ်။ နောက်ရာသီမှာ သူတို့ကို ပွဲထွက်ခွင့် ပေးမှာပါ။ ဝဲလ်ဆန်၊ ဂရုဂျစ်တို့ရဲ့ အနာဂတ်လည်း ပါဝင်ပြီး သူတို့အတွက် ကမ်းလှမ်းမှုကြီး မရဘူးဆိုရင် နောက်ထပ် ၁၂ လကို လီဗာပူးအသင်းမှာ သူတို့ကို ထိန်းထားဖို့ လီဗာပူးက ဆန္ဒရှိနေပါတယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ဒီေႏြမွာေတာ့ ခံစစ္မွဴး လိုဗရန္အျပင္ ၾကယ္ပြင့္ လူငယ္ေတြကို လက္လြတ္သြားေတာ့မွာ မဟုတ္ဘူးလို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က The Athletic ကေန အတည္ျပဳလိုက္ပါတယ္။

ဒီေႏြမွေတာ့ ခံစစ္မွဴး လိုဗရန္ကို ထြက္ခြာခြင့္ေပးမွာ ျဖစ္ျပီး ရွာကီြရီကိုလည္း ေရာင္းထုတ္ကာ ဂရုဂ်စ္၊ ဝဲလ္ဆန္တို႔ရဲ႕ အနာဂတ္ကိုပါ ဆံုးျဖတ္ေပးလိမ့္မယ္လို႔ သတင္းၾကီးထားတာပါ။ ဂ်ိမ္းပီရက္စ္က ရွာကီြရီ အနာဂတ္ကို မေျပာေပမယ့္ က်န္ ကစားသမားေတြရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး သတင္းေပးလာပါတယ္။

ပီရက္စ္က ” အီတလီကေန စိတ္ဝင္စားမႈေတြ ထပ္ရဦးမွာပါ။ မႏွစ္တုန္းက ရိုးမား၊ ေအစီတို႔ဟာ လိုဗရန္ကို ေခၚယူလိုေပမယ့္ ကေလာ့ပ္က သူ႔ကို ဆက္ထိန္းထားလိုခဲ့တယ္။ ထြက္ခြာမယ္ဆိုျပီး တြန္းအားေပးမႈေတြ ရွိေနေပမယ့္ လိုဗရန္က လီဗာပူးမွာ ပြဲထြက္ခြင့္အတြက္ ၾကိဳးစားဖို႔ ေပ်ာ္ရႊင္ေနပါတယ္။ ကေလာ့ပ္က သူ႔ကို လက္လြတ္ဖို႔ တက္တက္ၾကြၾကြ မရွိသလို သူကလည္း စီနီယာအသင္းမွာ ေပၚျပဴလာျဖစ္တဲ့ ကစားသမား ျဖစ္ေနဆဲပါ ” လို႔ ဆိုသြားပါတယ္။

လီဗာပူးအသင္းကို ၂၀၁၄ ခုႏွစ္တည္းက ေရာက္လာခဲ့တဲ့ လိုဗရန္ဟာ ဗန္ဒိုက္ မတိုင္ခင္ လီဗာပူးရဲ႕ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးရွင္ တစ္ဦးလည္း ျဖစ္ပါတယ္။ သူဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု ၁၄ ပြဲပဲ ကစားထားရေပမယ့္ ဂိုးမက္စ္၊ မာတစ္တို႔ကို ဖိအားေပးမယ့္ စီနီယာအသင္းသားလည္း ျဖစ္တယ္။

ဆက္လက္ျပီးလည္း ပီရက္စ္က ” ဘာေတြျဖစ္လာမလဲဆိုတာကို ဆက္လက္ ေစာင့္ၾကည့္ရမွာ ျဖစ္ေပမယ့္ ကေလာ့ပ္က လူငယ္ေတြကို အေတာ္ေလး ယံုေနပါတယ္။ ေနာက္ရာသီမွာ သူတို႔ကို ပြဲထြက္ခြင့္ ေပးမွာပါ။ ဝဲလ္ဆန္၊ ဂရုဂ်စ္တို႔ရဲ႕ အနာဂတ္လည္း ပါဝင္ျပီး သူတို႔အတြက္ ကမ္းလွမ္းမႈၾကီး မရဘူးဆိုရင္ ေနာက္ထပ္ ၁၂ လကို လီဗာပူးအသင္းမွာ သူတို႔ကို ထိန္းထားဖို႔ လီဗာပူးက ဆႏၵရွိေနပါတယ္။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။