လိုက်ဇစ်မန်နေဂျာ နေဂဲလ်စမန်းကတော့ တီမိုဝါနာက ထွက်သွားချင်တယ်လို့ ဆုံးဖြတ်ခဲ့ရင် သူ့မှာ တားဆီးပိုင်ခွင့် မရှိပါကြောင်း လီဗာပူး အခြေစိုက် သတင်းဌာနကို ဖြေဆိုပေးခဲ့ပါတယ်။

ဂျာမနီမှာ တောက်ပနေတဲ့ တိုက်စစ်သမားကို ခေါ်ယူဖို့ လီဗာပူးက ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့အပြိုင် စိတ်ဝင်စားနေတာပါ။ ကစားသမားကလည်း လီဗာပူးကို ပြောင်းလိုကြောင်း အရိပ်အယောင်တွေ ပြသထားတာကြောင့် ဝါနာမှာ ခြေချုပ်မိစရာ ကိစ္စတွေများ ရှိနေမလားဆိုတာကို လီဗာပူးအခြေစိုက် Echo သတင်းဌာနက စုံစမ်းမေးမြန်းမှု လုပ်ပေးခဲ့တာ ဖြစ်တယ်။

နေဂလ်စမန်းက “ ကျနေ်ာတို့ ဝင်လုပ်နိုင်တာ တစ်ခုမှ မရှိပါဘူး။ လိုက်ဇစ်က သူနဲ့ ပက်သက်ပြီး ဘာလုပ်လိုတယ်ဆိုတာနဲ့ ကျနော်ဆီက ဘာရမလဲ၊ သူ့ဆီက ကျနော် ဘာကို လိုချင်လည်း ဒါကို သူသိပါတယ်။ အူပါမီကာနိုနဲ့ ပက်သက်ပြီး ကျနော် လုပ်ဆောင်မှုအတိုင်း ဝါနာအပေါ်မှာလည်း လုပ်ဆောင်ထားတယ်။ စကတည်းက ပွဲတိုင်းနီးးပါး သူ့ကို ကစားခွင့် ပေးထားပါတယ်။

ကိစ္စတိုင်းက ပုံမှန်အတိုင်းဆိုရင် သူက ပွဲတွေ အများကြီး ဆက်ကစားခွင့် ရဦးမှာပါ။ ဝါနာက သူ့ဘာသာ တိုးတက်လာဖို့ အခွင့်အရေးတွေ အများကြီး ရထားပါတယ်။ ဒါက သူ့အလုပ်ပါ။ သူလုပ်ဖို့ လိုပါတယ်။ အဲ့တာက သူ့အတွက် အခွင့်အရေးဖြစ်မလား ကျနော် မသိပါဘူး။

ကစားသမားက သူပိုကောင်းလာနိုင်တယ်လို့ ခံစားနေရတယ်။ သူအဲ့လို မခံစားရရင် ဆက်နေပါလို့ ပြောနေလည်း ကောင်းလာဖို့ မရှိပါဘူး။ ဒါက သူ့ ကစားသမားဘဝ၊ သူ့ရဲ့ ဘဝပါ၊ သူကိုယ်တိုင် ရွေးချယ် ဆုံးဖြတ်နိုင်ပါတယ်။

ကျနော်ကတော့ သူ့ကို ဆက်ပြီး ထိန်းထားလိုပါတယ်။ သူ့မှာ ထွက်ခွာခွင့်ရှိတဲ့ ရက်စွဲ ရှိပေမယ့် ဘယ်နေ့လည်း ကျနော် မသိပါဘူး။ ကလပ်တွေက သူ့ကို ကမ်းလှမ်းလာပြီး သူက ထွက်ခွာသွားဖို့ ဆုံးဖြတ်ရင်လည်း သူ့သဘောပါပဲ ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

နေဂဲလ်စမန်းရဲ့ ဖြေဆိုမှုက လီဗာပူးအတွက် ကောင်းမွန်တဲ့ စကားတွေ ဖြစ်နေတာ များပါတယ်။ ဒီတော့ နွေဈေးကွက်မှာ ဘာတွေဖြစ်လာမလဲ ဆက်ပြီး စောင့်ကြည့်ကြရအောင်ပါ။

ZAWGYI

လိုက္ဇစ္မန္ေနဂ်ာ ေနဂဲလ္စမန္းကေတာ့ တီမိုဝါနာက ထြက္သြားခ်င္တယ္လို႔ ဆံုးျဖတ္ခဲ့ရင္ သူ႔မွာ တားဆီးပိုင္ခြင့္ မရွိပါေၾကာင္း လီဗာပူး အေျခစိုက္ သတင္းဌာနကို ေျဖဆိုေပးခဲ့ပါတယ္။

ဂ်ာမနီမွာ ေတာက္ပေနတဲ့ တိုက္စစ္သမားကို ေခၚယူဖို႔ လီဗာပူးက ခ်ယ္ဆီး၊ ယူႏုိက္တက္တို႔နဲ႔အျပိဳင္ စိတ္ဝင္စားေနတာပါ။ ကစားသမားကလည္း လီဗာပူးကို ေျပာင္းလိုေၾကာင္း အရိပ္အေယာင္ေတြ ျပသထားတာေၾကာင့္ ဝါနာမွာ ေျခခ်ဳပ္မိစရာ ကိစၥေတြမ်ား ရွိေနမလားဆိုတာကို လီဗာပူးအေျခစိုက္ Echo သတင္းဌာနက စံုစမ္းေမးျမန္းမႈ လုပ္ေပးခဲ့တာ ျဖစ္တယ္။

ေနဂလ္စမန္းက “ က်ေန္ာတို႔ ဝင္လုပ္ႏုိင္တာ တစ္ခုမွ မရွိပါဘူး။ လိုက္ဇစ္က သူနဲ႔ ပက္သက္ျပီး ဘာလုပ္လိုတယ္ဆိုတာနဲ႔ က်ေနာ္ဆီက ဘာရမလဲ၊ သူ႔ဆီက က်ေနာ္ ဘာကို လိုခ်င္လည္း ဒါကို သူသိပါတယ္။ အူပါမီကာႏိုနဲ႔ ပက္သက္ျပီး က်ေနာ္ လုပ္ေဆာင္မႈအတိုင္း ဝါနာအေပၚမွာလည္း လုပ္ေဆာင္ထားတယ္။ စကတည္းက ပြဲတိုင္းနီးးပါး သူ႔ကို ကစားခြင့္ ေပးထားပါတယ္။

ကိစၥတိုင္းက ပံုမွန္အတိုင္းဆိုရင္ သူက ပြဲေတြ အမ်ားၾကီး ဆက္ကစားခြင့္ ရဦးမွာပါ။ ဝါနာက သူ႔ဘာသာ တိုးတက္လာဖို႔ အခြင့္အေရးေတြ အမ်ားၾကီး ရထားပါတယ္။ ဒါက သူ႔အလုပ္ပါ။ သူလုပ္ဖို႔ လိုပါတယ္။ အဲ့တာက သူ႔အတြက္ အခြင့္အေရးျဖစ္မလား က်ေနာ္ မသိပါဘူး။

ကစားသမားက သူပိုေကာင္းလာႏုိင္တယ္လို႔ ခံစားေနရတယ္။ သူအဲ့လို မခံစားရရင္ ဆက္ေနပါလို႔ ေျပာေနလည္း ေကာင္းလာဖို႔ မရွိပါဘူး။ ဒါက သူ႔ ကစားသမားဘဝ၊ သူ႔ရဲ႕ ဘဝပါ၊ သူကိုယ္တိုင္ ေရြးခ်ယ္ ဆံုးျဖတ္ႏုိင္ပါတယ္။

က်ေနာ္ကေတာ့ သူ႔ကုိ ဆက္ျပီး ထိန္းထားလိုပါတယ္။ သူ႔မွာ ထြက္ခြာခြင့္ရွိတဲ့ ရက္စြဲ ရွိေပမယ့္ ဘယ္ေန႔လည္း က်ေနာ္ မသိပါဘူး။ ကလပ္ေတြက သူ႔ကို ကမ္းလွမ္းလာျပီး သူက ထြက္ခြာသြားဖို႔ ဆံုးျဖတ္ရင္လည္း သူ႔သေဘာပါပဲ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

ေနဂဲလ္စမန္းရဲ႕ ေျဖဆိုမႈက လီဗာပူးအတြက္ ေကာင္းမြန္တဲ့ စကားေတြ ျဖစ္ေနတာ မ်ားပါတယ္။ ဒီေတာ့ ေႏြေစ်းကြက္မွာ ဘာေတြျဖစ္လာမလဲ ဆက္ျပီး ေစာင့္ၾကည့္ၾကရေအာင္ပါ။